1 הַ֥לְלוּ יָ֨הּ ׀ שִׁ֣ירוּ לַֽ֭יהוָה שִׁ֣יר חָדָ֑שׁ תְּ֝הִלָּת֗וֹ בִּקְהַ֥ל חֲסִידִֽים׃ 2 יִשְׂמַ֣ח יִשְׂרָאֵ֣ל בְּעֹשָׂ֑יו בְּנֵֽי־צִ֝יּ֗וֹן יָגִ֥ילוּ בְמַלְכָּֽם׃ 3 יְהַֽלְל֣וּ שְׁמ֣וֹ בְמָח֑וֹל בְּתֹ֥ף וְ֝כִנּ֗וֹר יְזַמְּרוּ־לֽוֹ׃ 4 כִּֽי־רוֹצֶ֣ה יְהוָ֣ה בְּעַמּ֑וֹ יְפָאֵ֥ר עֲ֝נָוִ֗ים בִּישׁוּעָֽה׃ 5 יַעְלְז֣וּ חֲסִידִ֣ים בְּכָב֑וֹד יְ֝רַנְּנ֗וּ עַל־מִשְׁכְּבוֹתָֽם׃ 6 רוֹמְמ֣וֹת אֵ֭ל בִּגְרוֹנָ֑ם וְחֶ֖רֶב פִּֽיפִיּ֣וֹת בְּיָדָֽם׃ 7 לַעֲשׂ֣וֹת נְ֭קָמָה בַּגּוֹיִ֑ם תּֽ֝וֹכֵחֹ֗ת בַּל־אֻמִּֽים׃ 8 לֶאְסֹ֣ר מַלְכֵיהֶ֣ם בְּזִקִּ֑ים וְ֝נִכְבְּדֵיהֶ֗ם בְּכַבְלֵ֥י בַרְזֶֽל׃ 9 לַעֲשׂ֤וֹת בָּהֶ֨ם ׀ מִשְׁפָּ֬ט כָּת֗וּב הָדָ֣ר ה֭וּא לְכָל־חֲסִידָ֗יו הַֽלְלוּ־יָֽהּ׃
ထောမနာသီချင်း
1 ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 2 ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်းတော်မူသောဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန်သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ။ 3 သူတို့သည်ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာသီချင်း ဆိုကြစေ။ 4 အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏။ 5 သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ။ 6-9 တစ်ပါးအမျိုးသားတို့အား တရားအတိုင်းအပြစ်ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှာလည်းကောင်း၊ သူတို့၏ရှင်ဘုရင်များကို သံကြိုးနှင့်ချည်နှောင်၍၊ မှူးမတ်များကို သံခြေချင်းခတ်ခြင်းငှာလည်းကောင်း၊ ကျမ်းစာ၌မှတ်သားသောအပြစ်စီရင်ခြင်းကို သူတို့အား ပြုခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း၍၊ သန်လျက်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့် ဆိုင်ကြ၏။ ဟာလေလုယ။