1 מִזְמ֗וֹר לְדָ֫וִ֥ד הָב֣וּ לַֽ֭יהוָה בְּנֵ֣י אֵלִ֑ים הָב֥וּ לַ֝יהוָ֗ה כָּב֥וֹד וָעֹֽז׃ 2 הָב֣וּ לַֽ֭יהוָה כְּב֣וֹד שְׁמ֑וֹ הִשְׁתַּחֲו֥וּ לַ֝יהוָ֗ה בְּהַדְרַת־קֹֽדֶשׁ׃ 3 ק֥וֹל יְהוָ֗ה עַל־הַ֫מָּ֥יִם אֵֽל־הַכָּב֥וֹד הִרְעִ֑ים יְ֝הוָ֗ה עַל־מַ֥יִם רַבִּֽים׃ 4 קוֹל־יְהוָ֥ה בַּכֹּ֑חַ ק֥וֹל יְ֝הוָ֗ה בֶּהָדָֽר׃ 5 ק֣וֹל יְ֭הוָה שֹׁבֵ֣ר אֲרָזִ֑ים וַיְשַׁבֵּ֥ר יְ֝הוָ֗ה אֶת־אַרְזֵ֥י הַלְּבָנֽוֹן׃ 6 וַיַּרְקִידֵ֥ם כְּמוֹ־עֵ֑גֶל לְבָנ֥וֹן וְ֝שִׂרְיֹ֗ן כְּמ֣וֹ בֶן־רְאֵמִֽים׃ 7 קוֹל־יְהוָ֥ה חֹצֵ֗ב לַהֲב֥וֹת אֵֽשׁ׃ 8 ק֣וֹל יְ֭הוָה יָחִ֣יל מִדְבָּ֑ר יָחִ֥יל יְ֝הוָ֗ה מִדְבַּ֥ר קָדֵֽשׁ׃ 9 ק֤וֹל יְהוָ֨ה ׀ יְחוֹלֵ֣ל אַיָּלוֹת֮ וַֽיֶּחֱשֹׂ֪ף יְעָ֫ר֥וֹת וּבְהֵיכָל֑וֹ כֻּ֝לּ֗וֹ אֹמֵ֥ר כָּבֽוֹד׃ 10 יְ֭הוָה לַמַּבּ֣וּל יָשָׁ֑ב וַיֵּ֥שֶׁב יְ֝הוָ֗ה מֶ֣לֶךְ לְעוֹלָֽם׃ 11 יְֽהוָ֗ה עֹ֭ז לְעַמּ֣וֹ יִתֵּ֑ן יְהוָ֓ה ׀ יְבָרֵ֖ךְ אֶת־עַמּ֣וֹ בַשָּׁלֽוֹם׃
မုန်တိုင်းထဲကအသံတော်
1 အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ 2 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ဆာ၊ ၉၆:၇-၉။3 ထာဝရဘုရား၏အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။ 4 ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။ 5 ထာဝရဘုရား၏အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တောကို ချိုးတော်မူ၏။ 6 တောကို နွားသငယ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့လည်းကောင်း ခုန်စေတော်မူ၏။ 7 ထာဝရဘုရား၏အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။ 8 ထာဝရဘုရား၏အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ချားတော်မူ၏။ 9 ထာဝရဘုရား၏အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဖွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့သည် ဘုန်းတော်ကို ဖော်ပြကြစေ။ 10 ထာဝရဘုရားသည် မိုးသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။ 11 ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော်မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းချီးမင်္ဂလာကို ပေးတော်မူမည်။