1 שִׁגָּי֗וֹן לְדָ֫וִ֥ד אֲשֶׁר־שָׁ֥ר לַיהוָ֑ה עַל־דִּבְרֵי־כ֝֗וּשׁ בֶּן־יְמִינִֽי׃ 2 יְהוָ֣ה אֱ֭לֹהַי בְּךָ֣ חָסִ֑יתִי הוֹשִׁיעֵ֥נִי מִכָּל־רֹ֝דְפַ֗י וְהַצִּילֵֽנִי׃ 3 פֶּן־יִטְרֹ֣ף כְּאַרְיֵ֣ה נַפְשִׁ֑י פֹּ֝רֵ֗ק וְאֵ֣ין מַצִּֽיל׃ 4 יְהוָ֣ה אֱ֭לֹהַי אִם־עָשִׂ֣יתִי זֹ֑את אִֽם־יֶשׁ־עָ֥וֶל בְּכַפָּֽי׃ 5 אִם־גָּ֭מַלְתִּי שֽׁוֹלְמִ֥י רָ֑ע וָאֲחַלְּצָ֖ה צוֹרְרִ֣י רֵיקָֽם׃ 6 יִֽרַדֹּ֥ף אוֹיֵ֨ב ׀ נַפְשִׁ֡י וְיַשֵּׂ֗ג וְיִרְמֹ֣ס לָאָ֣רֶץ חַיָּ֑י וּכְבוֹדִ֓י ׀ לֶעָפָ֖ר יַשְׁכֵּ֣ן סֶֽלָה׃ 7 ק֘וּמָ֤ה יְהוָ֨ה ׀ בְּאַפֶּ֗ךָ הִ֭נָּשֵׂא בְּעַבְר֣וֹת צוֹרְרָ֑י וְע֥וּרָה אֵ֝לַ֗י מִשְׁפָּ֥ט צִוִּֽיתָ׃ 8 וַעֲדַ֣ת לְ֭אֻמִּים תְּסוֹבְבֶ֑ךָּ וְ֝עָלֶ֗יהָ לַמָּר֥וֹם שֽׁוּבָה׃ 9 יְהוָה֮ יָדִ֪ין עַ֫מִּ֥ים שָׁפְטֵ֥נִי יְהוָ֑ה כְּצִדְקִ֖י וּכְתֻמִּ֣י עָלָֽי׃ 10 יִגְמָר־נָ֬א רַ֨ע ׀ רְשָׁעִים֮ וּתְכוֹנֵ֪ן צַ֫דִּ֥יק וּבֹחֵ֣ן לִ֭בּ֗וֹת וּכְלָי֗וֹת אֱלֹהִ֥ים צַדִּֽיק׃ 11 מָֽגִנִּ֥י עַל־אֱלֹהִ֑ים מ֝וֹשִׁ֗יעַ יִשְׁרֵי־לֵֽב׃ 12 אֱ֭לֹהִים שׁוֹפֵ֣ט צַדִּ֑יק וְ֝אֵ֗ל זֹעֵ֥ם בְּכָל־יֽוֹם׃ 13 אִם־לֹ֣א יָ֭שׁוּב חַרְבּ֣וֹ יִלְט֑וֹשׁ קַשְׁתּ֥וֹ דָ֝רַ֗ךְ וַֽיְכוֹנְנֶֽהָ׃ 14 וְ֭לוֹ הֵכִ֣ין כְּלֵי־מָ֑וֶת חִ֝צָּ֗יו לְֽדֹלְקִ֥ים יִפְעָֽל׃ 15 הִנֵּ֥ה יְחַבֶּל־אָ֑וֶן וְהָרָ֥ה עָ֝מָ֗ל וְיָ֣לַד שָֽׁקֶר׃ 16 בּ֣וֹר כָּ֭רָֽה וַֽיַּחְפְּרֵ֑הוּ וַ֝יִּפֹּ֗ל בְּשַׁ֣חַת יִפְעָֽל׃ 17 יָשׁ֣וּב עֲמָל֣וֹ בְרֹאשׁ֑וֹ וְעַ֥ל קָ֝דְקֳד֗וֹ חֲמָס֥וֹ יֵרֵֽד׃ 18 אוֹדֶ֣ה יְהוָ֣ה כְּצִדְק֑וֹ וַ֝אֲזַמְּרָ֗ה שֵֽׁם־יְהוָ֥ה עֶלְיֽוֹן׃
တရားမျှတမှုအတွက်ဆုတောင်း
ဒါဝိဒ်သည် ဗင်္ယာမိန်အမျိုးသား ကုရှ၏စကားကြောင့် ထာဝရဘုရားရှေ့တော်၌ အသံညှိ၍ဆိုသောဆာလံ
1 အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို နုတ်ယူ၍ကယ်တင်တော်မူပါ။ 2 သို့မဟုတ် နုတ်ယူသောသူမရှိစဉ်၊ ရန်သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်။ 3 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်လည်းကောင်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်လည်းကောင်း၊ 4 အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲသော်လည်းကောင်း၊ ထိုသို့သောအပြစ်တစ်စုံတစ်ခုရှိလျှင်၊ 5 ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍၊ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။
6 အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဖို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တော်မူပါ။ 7 လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံကြလျက်၊ သူတို့အဖို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။ 8 ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ် ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ စုံလင်ခြင်းကိုလည်းကောင်းထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ 9 မတရားသောသူတို့၏ အဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။ဗျာ၊၂:၂၃။
10 သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ 11 ဘုရားသခင်သည် တရားသဖြင့်စီရင်သောဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက်ထွက်တော်မူ၏။ 12 ထိုသူသည် မပြောင်းလဲလျှင် ဓားတော်ကိုသွေးတော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။ 13 သေစေသော လက်နက်ကိုလည်း သူ့အဖို့ပြင်ဆင်၍ မြားတော်တို့ကို လောင်စေတော်မူ၏။ 14 ထိုသူသည် ဒုစရိုက်ဖွားသော ဝေဒနာကိုခံရ၏။ မကောင်းသောအကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဖွားမြင်တတ်၏။ 15 တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသောတွင်းထဲသို့ မိမိကျတတ်၏။ 16 မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှုသည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။ 17 ငါမူကား၊ ထာဝရဘုရား၏တရားသောအမှုတော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။