1 מִזְמ֗וֹר לְאָ֫סָ֥ף אַ֤ךְ ט֭וֹב לְיִשְׂרָאֵ֥ל אֱלֹהִ֗ים לְבָרֵ֥י לֵבָֽב׃ 2 וַאֲנִ֗י כִּ֭מְעַט נטוי רַגְלָ֑י כְּ֝אַ֗יִן שפכה אֲשֻׁרָֽי׃ 3 כִּֽי־קִ֭נֵּאתִי בַּֽהוֹלְלִ֑ים שְׁל֖וֹם רְשָׁעִ֣ים אֶרְאֶֽה׃ 4 כִּ֤י אֵ֖ין חַרְצֻבּ֥וֹת לְמוֹתָ֗ם וּבָרִ֥יא אוּלָֽם׃ 5 בַּעֲמַ֣ל אֱנ֣וֹשׁ אֵינֵ֑מוֹ וְעִם־אָ֝דָ֗ם לֹ֣א יְנֻגָּֽעוּ׃ 6 לָ֭כֵן עֲנָקַ֣תְמוֹ גַאֲוָ֑ה יַעֲטָף־שִׁ֝֗ית חָמָ֥ס לָֽמוֹ׃ 7 יָ֭צָא מֵחֵ֣לֶב עֵינֵ֑מוֹ עָ֝בְר֗וּ מַשְׂכִּיּ֥וֹת לֵבָֽב׃ 8 יָמִ֤יקוּ ׀ וִידַבְּר֣וּ בְרָ֣ע עֹ֑שֶׁק מִמָּר֥וֹם יְדַבֵּֽרוּ׃ 9 שַׁתּ֣וּ בַשָּׁמַ֣יִם פִּיהֶ֑ם וּ֝לְשׁוֹנָ֗ם תִּֽהֲלַ֥ךְ בָּאָֽרֶץ׃ 10 לָכֵ֤ן ׀ ישיב עַמּ֣וֹ הֲלֹ֑ם וּמֵ֥י מָ֝לֵ֗א יִמָּ֥צוּ לָֽמוֹ׃ 11 וְֽאָמְר֗וּ אֵיכָ֥ה יָדַֽע־אֵ֑ל וְיֵ֖שׁ דֵּעָ֣ה בְעֶלְיֽוֹן׃ 12 הִנֵּה־אֵ֥לֶּה רְשָׁעִ֑ים וְשַׁלְוֵ֥י ע֝וֹלָ֗ם הִשְׂגּוּ־חָֽיִל׃ 13 אַךְ־רִ֭יק זִכִּ֣יתִי לְבָבִ֑י וָאֶרְחַ֖ץ בְּנִקָּי֣וֹן כַּפָּֽי׃ 14 וָאֱהִ֣י נָ֭גוּעַ כָּל־הַיּ֑וֹם וְ֝תוֹכַחְתִּ֗י לַבְּקָרִֽים׃ 15 אִם־אָ֭מַרְתִּי אֲסַפְּרָ֥ה כְמ֑וֹ הִנֵּ֤ה ד֭וֹר בָּנֶ֣יךָ בָגָֽדְתִּי׃ 16 וָֽ֭אֲחַשְּׁבָה לָדַ֣עַת זֹ֑את עָמָ֖ל היא בְעֵינָֽי׃ 17 עַד־אָ֭בוֹא אֶל־מִקְדְּשֵׁי־אֵ֑ל אָ֝בִ֗ינָה לְאַחֲרִיתָֽם׃ 18 אַ֣ךְ בַּ֭חֲלָקוֹת תָּשִׁ֣ית לָ֑מוֹ הִ֝פַּלְתָּ֗ם לְמַשּׁוּאֽוֹת׃ 19 אֵ֤יךְ הָי֣וּ לְשַׁמָּ֣ה כְרָ֑גַע סָ֥פוּ תַ֝֗מּוּ מִן־בַּלָּהֽוֹת׃ 20 כַּחֲל֥וֹם מֵהָקִ֑יץ אֲ֝דֹנָי בָּעִ֤יר ׀ צַלְמָ֬ם תִּבְזֶֽה׃ 21 כִּ֭י יִתְחַמֵּ֣ץ לְבָבִ֑י וְ֝כִלְיוֹתַ֗י אֶשְׁתּוֹנָֽן׃ 22 וַאֲנִי־בַ֭עַר וְלֹ֣א אֵדָ֑ע בְּ֝הֵמ֗וֹת הָיִ֥יתִי עִמָּֽךְ׃ 23 וַאֲנִ֣י תָמִ֣יד עִמָּ֑ךְ אָ֝חַ֗זְתָּ בְּיַד־יְמִינִֽי׃ 24 בַּעֲצָתְךָ֥ תַנְחֵ֑נִי וְ֝אַחַ֗ר כָּב֥וֹד תִּקָּחֵֽנִי׃ 25 מִי־לִ֥י בַשָּׁמָ֑יִם וְ֝עִמְּךָ֗ לֹא־חָפַ֥צְתִּי בָאָֽרֶץ׃ 26 כָּלָ֥ה שְׁאֵרִ֗י וּלְבָ֫בִ֥י צוּר־לְבָבִ֥י וְחֶלְקִ֗י אֱלֹהִ֥ים לְעוֹלָֽם׃ 27 כִּֽי־הִנֵּ֣ה רְחֵקֶ֣יךָ יֹאבֵ֑דוּ הִ֝צְמַ֗תָּה כָּל־זוֹנֶ֥ה מִמֶּֽךָּ׃ 28 וַאֲנִ֤י ׀ קִֽרֲבַ֥ת אֱלֹהִ֗ים לִ֫י־ט֥וֹב שַׁתִּ֤י ׀ בַּאדֹנָ֣י יְהֹוִ֣ה מַחְסִ֑י לְ֝סַפֵּ֗ר כָּל־מַלְאֲכוֹתֶֽיךָ׃
(ဆာလံ၊ -)
ဖိနှိပ်မှုအတွက်တောင်းလျှောက်ခြင်း
1 အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်းသောသူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီးတော်မူ၏။ 2 ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။ 3 အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကိုမြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ 4 ထိုသူတို့သည် မသေမီတိုင်အောင် နာကြင်ခြင်းဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိ ရှိကြ၏။ 5 သူတို့သည် လောကဓံဒုက္ခ မရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကိုမခံရကြ။ 6 ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်းအဝတ်ကိုလည်း ဝတ်တတ်ကြ၏။ 7 ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။ 8 ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏။ 9 သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။ 10 ထိုကြောင့် ဘုရားသခင်၏လူတို့သည် သူတို့ထံသို့ ပြန်သွား၍ များစွာသောရေကို မျိုရကြ၏။ 11 ဘုရားသခင်သည် အဘယ်သို့သိတော်မူမည်နည်း။ အမြင့်ဆုံးသောဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လောဟု ဆိုတတ်ကြ၏။ 12 ထိုမတရားသောသူတို့သည် အစဉ်ကောင်းစား၍ ဥစ္စာပွားများကြ၏။ 13 အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။ 14 နေ့တိုင်း နှောင့်ယှက်ခြင်းနှင့် နံနက်တိုင်းဆုံးမခြင်းကိုငါခံရ၏။
15 ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါလိမ့်မည်။ 16 ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။ 17 နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာဌာနထဲသို့ဝင်၍၊ သူတို့၏အဆုံးကို နားလည်ရပါ၏။ 18 အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကို ချောသောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။ 19 တစ်ခဏချင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါပြီတကား။ 20 အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ်မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။ 21 ထိုသို့ အကျွန်ုပ်သည်နှလုံးနာလျက်၊ ကျောက်ကပ်မွှေနှောက်လျက်ရှိ၍၊ 22 မိုက်သောသူ၊ ပညာမဲ့သောသူ ဖြစ်ပါ၏။ ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ ဖြစ်ပါ၏။ 23 သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာအစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ယာလက်ကို ဆွဲကိုင်တော်မူ၏။ 24 အကျွန်ုပ်ကို ဉာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။ နောက်တစ်ဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။ 25 ကိုယ်တော်မှတစ်ပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူရှိပါသနည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။ 26 အကျွန်ုပ်၏အသားနှင့် နှလုံးသည်ပျက်ကြပါ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဖို့ ဖြစ်တော်မူ၏။ 27 အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော်နှင့်ကွာ၍ မှားယွင်းသောသူအပေါင်းတို့ကို ပယ်ရှင်းတော်မူ၏။ 28 အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။