1 לִבְנֵי־קֹ֭רַח מִזְמ֣וֹר שִׁ֑יר יְ֝סוּדָת֗וֹ בְּהַרְרֵי־קֹֽדֶשׁ׃ 2 אֹהֵ֣ב יְ֭הוָה שַׁעֲרֵ֣י צִיּ֑וֹן מִ֝כֹּ֗ל מִשְׁכְּנ֥וֹת יַעֲקֹֽב׃ 3 נִ֭כְבָּדוֹת מְדֻבָּ֣ר בָּ֑ךְ עִ֖יר הָאֱלֹהִ֣ים סֶֽלָה׃ 4 אַזְכִּ֤יר ׀ רַ֥הַב וּבָבֶ֗ל לְֽיֹ֫דְעָ֥י הִנֵּ֤ה פְלֶ֣שֶׁת וְצ֣וֹר עִם־כּ֑וּשׁ זֶ֝֗ה יֻלַּד־שָֽׁם׃ 5 וּֽלֲצִיּ֨וֹן ׀ יֵאָמַ֗ר אִ֣ישׁ וְ֭אִישׁ יֻלַּד־בָּ֑הּ וְה֖וּא יְכוֹנְנֶ֣הָ עֶלְיֽוֹן׃ 6 יְֽהוָ֗ה יִ֭סְפֹּר בִּכְת֣וֹב עַמִּ֑ים זֶ֖ה יֻלַּד־שָׁ֣ם סֶֽלָה׃ 7 וְשָׁרִ֥ים כְּחֹלְלִ֑ים כָּֽל־מַעְיָנַ֥י בָּֽךְ׃
ဇိအုန်မြို့တွင်နေထိုင်ရန်
1 ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသောတောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။ 2 ထာဝရဘုရားသည် ယာကုပ်၏နေရာအပေါင်းတို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။ 3 အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်းအသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက်ရှိ၏။ 4 ငါ့ကိုသိကျွမ်းသောသူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သောပြည်သားသည် မြို့တော်၌ ဖွားမြင်သောသူဖြစ်၏။ 5 ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဖွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။ 6 ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော်မူသောအခါ၊ ဤမည်သောအမျိုးသည် မြို့တော်၌ ဖွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။ 7 သီချင်းသည်နှင့် ပွဲသဘင်ခံသောသူအစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်းရှိသမျှတို့သည် သင်၌ရှိကြသတည်း။