10 Milagres de Jesus na Bíblia: Lista com versículos e explicação
Os milagres de Jesus são muito mais do que demonstrações de poder sobrenatural; eles são sinais que confirmam sua divindade e missão. Ao longo dos Evangelhos, vemos Cristo curando enfermos, dominando a natureza e vencendo a morte.
Neste guia, selecionamos 10 milagres de Jesus na Bíblia, organizados com referências e uma breve explicação sobre o impacto espiritual de cada um deles.
Os principais milagres de Jesus nos Evangelhos
1. Transformação da Água em Vinho
Referência: João 2:1-11
Explicação: Ocorreu nas Bodas de Caná. Sendo o seu primeiro milagre público, Jesus demonstrou autoridade sobre a matéria e a natureza, revelando sua glória aos discípulos e abençoando a instituição da família.
ကာနမြို့မှ မင်္ဂလာဆောင်
နောက်နှစ်ရက်ကြာသောအခါ ဂါလိလဲပြည်၊ ကာနမြို့၌ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပရာ ယေသျှု၏မယ်တော်သည် ထိုနီရာ၌ ဟိတော်မူ၏။ ယေသျှုနှင့် တပည့်တော်ရို့ကိုလည်း ဖိတ်ကြ၏။ စပျစ်ရည်ကုန်လားသောအခါ ယေသျှု၏မယ်တော်က "သူရို့မှာ စပျစ်ရည် ကုန်လားယာ" ဟု ကိုယ်တော့်ကို ပြောလေ၏။
ယေသျှုကလည်း "မယ်တော်၊ ဇာအမှုကို ပြုရမည်ကို ငါ့အား မပြောပါကေ့။ ငါ့အချိန်မရောက်သိမ့်" ဟု မိန့်တော်မူ၏။
ထိုအခါ မယ်တော်ကလည်း "သူစီခိုင်းသမျှကို လုပ်ဆောင်ကြလော့" ဟု အခိုင်းအစီတိအား မှာထားလေ၏။
ထိုနီရာ၌ ယုဒအမျိုးသားရို့၏ ဘာသာဓလေ့အရ စင်ကြယ်ခြင်းအဖို့အလို့ငှာ ရီနှစ်ထမ်း သုံးထမ်းခန့် ဝင်သောကျောက်ရီအိုး ခြောက်အိုးဟိ၏။ ယေသျှုက "ဤရီအိုးများတွင် ရီအပြည့်ဖြည့်လော့" ဟု အခိုင်းအစီရို့အား မိန့်တော်မူလျှင်၊ သူရို့သည် ရီအိုး နှုတ်ခမ်းအထိ ရီအပြည့်ဖြည့်ကြ၏။ ထို့နောက် ကိုယ်တော်သည် ထိုသူရို့အား "အဂု၊ ရီအချို့ကို ခပ်ပြီးလျှင် ပွဲအုပ်ပါးသို့ ယူလားကြလော့" ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည်လည်း ပြုကြ၏။ ပွဲအုပ်သည် ရီမှ စပျစ်ရည်အဖြစ်သို့ ပြောင်းလဲလားသော ရီကို မြည်းကြည့်လေ၏။ ရီခပ်ယူလာသော အခိုင်းအစီရို့သည် ထိုစပျစ်ရည်ကို ဇာပိုင်ရကြသည်ကို သိသော်လည်း ပွဲအုပ်မူကား မသိပေ။ ထို့ကြောင့် သတို့သားအား ခေါ်ပြီးလျှင်၊ "လူတိုင်းက အကောင်းဆုံးသော စပျစ်ရည်နှင့် ဦးစွာ ဧည့်ခံကြ၏။ လူတိ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ဧည့်ခံလေ့ဟိကြ၏။ သို့သော်လည်း သင်မူကား အကောင်းဆုံးသော စပျစ်ရည်ကို အဂုထက်ထိ ထုတ်ပီးပါသည်တကား" ဟု ဆို၏။
ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော့်ကို ယုံကြည်ကြ၏။
2. Cura do cego de nascença
Referência: João 9:1-12
Explicação: Jesus usa lodo para curar um homem que nunca havia enxergado. Este milagre prova que Ele é a Luz do Mundo e tem poder para restaurar o que nasceu com defeito.
မွီးရာပါ မျက်ကန်းတစ်ယောက်ကို ယေသျှုက မျက်စိမြင်စီခြင်း
ယေသျှုသည် လမ်း၌ကြွတော်မူစဉ် မွီးရာပါ မျက်ကန်းတစ်ယောက်ကို တွိ့မြင်တော်မူ၏။ တပည့်တော်ရို့က "ဆရာ၊ ဤသူသည် ဇာသူ့အပြစ်ကြောင့် မွီးရာပါ မျက်စိကန်းရသနည်း။ မိမိအပြစ်ကြောင့် ဖြစ်သလော၊ မိဘတိအပြစ်ကြောင့် ဖြစ်သလော" ဟု မိန်းလျှောက်ကြ၏။
ယေသျှုက "သူ၏ အပြစ်ကြောင့် မဟုတ်၊ မိဘ အပြစ်ကြောင့်လည်း မဟုတ်။ ဤသူ၌ ဖြစ်သောအရာကား ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားစီရန် ဖြစ်၏။ ငါ့ကို စီရွှတ်တော်မူသော အသျှင်၏ အမှုတော်မြတ်ကို နိ့အချိန်ဟိစဉ် ငါရို့ လုပ်ဆောင်ရမည်။ တစ်ယောက်လည်း မလုပ်နိုင်သော ညဉ့်အချိန် ရောက်လာလိမ့်မည်။ ငါသည် ဤလောကတွင် ဟိနိန်စဉ် လောက၏ အလင်းဖြစ်၏" ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် မြီကြီးကို တန်းထွီးဖြင့် ထွီးပြီးလျှင် ကျုတ်လုပ်၍၊ သူ၏မျက်စိကို လူးပီးတော်မူပြီး၊ "သျှိလောင်ရီကန်၌ မျက်နှာသစ်ရန် လားလော" ဟု မိန့်တော်မူ၏။ သျှိလောင်၏ အဓိပ္ပာယ်ကား "ရွှတ်လိုက်သည်" ဟု ဆိုလိုသတည်း။ ထိုသူသည် လား၍ မျက်နှာသစ်ပြီးနောက် မျက်စိမြင်လျက် ပြန်လာလေ၏။
သူသည် သူတောင်းစားဖြစ်သဖြင့် အယင်က သူ့ကို မြင်ဖူးသောသူများနှင့် အိမ်နီးချင်းများက "ဤသူသည် ထိုင်၍ တောင်းစားနိန်သူ မဟုတ်ပါလား" ဟု ဆိုကြ၏။
လူတချို့က၊ "ဤသူ ဟုတ်ပါ၏" ဟူ၍ လည်းကောင်း၊ တချို့က "ဤသူ မဟုတ်၊ သူနှင့် တူ၏" ဟူ၍ လည်းကောင်း ဆိုကြ၏။ သူကိုယ်တိုင်ကလည်း "ငါက ထိုသူပင် ဖြစ်ပါ၏" ဟု ဆို၏။
ထိုသူရို့က "သင်က ဇာပိုင် မျက်စိမြင်လာသနည်း" ဟု မိန်းကြ၏။
သူကလည်း "ယေသျှုဟု ခေါ်သော လူတစ်ယောက်က ကျုတ်တစိတ်ကေလုပ်၍ အကျွန့်မျက်စိကို လူးပြီးလျှင် သျှိလောင်ရီကန်သို့လား၍ အကျွန့်ကို မျက်နှာသစ်ခိုင်းပါ၏။ ထို့ကြောင့် အကျွန်သည် လား၍ မျက်နှာသစ်လိုက်သည့်အခါ မျက်စိမြင်လာပါ၏" ဟု ပြန်ပြော၏။
ထိုသူရို့ကလည်း၊ "ထိုသူကား ဇာမှာလဲ" ဟု မိန်းကြလျှင်၊
"အကျွန် မသိပါ" ဟု ပြန်ပြောလေ၏။
3. Multiplicação dos pães e peixes
Referência: Mateus 14:13-21
Explicação: Com apenas cinco pães e dois peixes, Jesus alimentou mais de 5 mil homens. Este sinal revela Cristo como o Pão da Vida, aquele que supre todas as nossas necessidades.
ယေသျှုက လူငါးထောင်ကို ကျွေးမွေးတော်မူခြင်း
ယေသျှုသည် ယောဟန်၏သတင်းကို ကြားသောခါ၊ ထိုအရပ်မှ လောင်းတစ်စီးဖြင့် လူသူကင်းမဲ့ရာအရပ်သို့ တစ်ယောက်တည်း ကြွတော်မူ၏။ ဤသတင်းကို လူတိကြားသောအခါ မိမိရို့မြို့ရွာအသီးသီးမှ ထွက်၍ ကုန်းကြောင်းခရီးဖြင့် ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။ ယေသျှုသည် လောင်းထက်မှ ဆင်းပြီးနောက် လူအုပ်ကြီးကို မြင်သောအခါ စိတ်နှလုံးထဲ၌ အလွန် သနားတော်မူသည်ဖြစ်၍ မကျန်းမာသောသူများကို ကျန်းမာစီတော်မူ၏။
ထိုနိ့ညစာဖက်၌ တပည့်တော်တိသည် ကိုယ်တော်အပါးသို့ ရောက်လာကြပြီးလျှင် "မိုးချုပ်ပြီဖြစ်၍ လူသူကင်းမဲ့သည့် အရပ်ဖြစ်၏။ ဤသူရို့အဖို့ စားစရာဝယ်ခြင်းငှာ လူအချို့ကို ကျေးရွာများသို့ စီရွှတ်တော်မူပါ" ဟု လျှောက်ကြ၏။
ယေသျှုကလည်း "သူရို့လားစရာမလို၊ သင်ရို့ကိုယ်တိုင် သူရို့ကို စားစရာ တစ်စုံတစ်ခု ပီးကတ်ရဖို့" ဟု မိန့်တော်မူ၏။
ထိုအခါ တပည့်တော်တိက "အကျွန်ရို့အားလုံးမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရာ ဟိပါ၏" ဟု ပြန်လျှောက်ကြ၏။
ကိုယ်တော်ကလည်း "ထိုသို့ဆိုသော်၊ သင်ရို့မှာ ဟိသောအရာများကို ငါ့ပါးသို့ ယူလာကတ်" ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် လူပရိသတ်တိကို မြက်ခင်းပြင်ထက်မှာ ထိုင်ခိုင်းလိုက်၏။ ထို့နောက် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်တိကို ပီး၏၊ တပည့်တော်တိသည် ထိုမုန့်ကို လူတိအား ဝီငှပီးကြ၏။ လူအားလုံး ဝစွာစားကြပြီးမှ၊ စားကြွင်းစားကျန်တိကို လိုက်၍ ကောက်သိမ်းသောအခါ တောင်းနှင့် တစ်ဆယ့်နှစ်တောင်း အပြည့် ရ၏။ စားသုံးကြသောလူဦးရေမှာ မိန်းမနှင့် အသျှေတိမပါဘဲ၊ ယောက်ျားတိချည်း သီးသန့် ��,������ ခန့် ဟိလေ၏။
4. Jesus acalma a tempestade
Referência: Marcos 4:35-41
Explicação: Com uma ordem, o vento e o mar se aquietam. O milagre ensina sobre a paz que excede o entendimento e a autoridade do Messias sobre a criação.
လီမုန်တိုင်းကို ငြိမ်းစီခြင်း
ထိုနိ့ ညနီချမ်းအချိန်တွင် ကိုယ်တော်က တပည့်တော်ရို့အား "အိုင်ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့" ဟု မိန့်တော်မူလျှင်၊ တပည့်တော်ရို့သည် လူစုလူဝေးမှ ထွက်ကာ ကိုယ်တော်ဟိနှင့်ပြီးသော လောင်းထက်သို့ တက်၍ ကိုယ်တော်နှင့်အတူ ရွက်ရွှင့်ကြ၏။ အခြားသော လောင်းများလည်း လိုက်ပါကြ၏။ ထိုအခါ ရုတ်တရက် ပြင်းထန်သော လီမုန်တိုင်းတိုက်ခတ်လာ၍ လှိုင်းများထသောကြောင့် လောင်းထဲ၌ ရီပြည့်လုပြည့်ချင် ဖြစ်လေ၏။ ကိုယ်တော်မူကား လောင်း၏ပဲ့ပိုင်း၌ ခေါင်းအုံးထက်တွင် ကျိန်းစက်လျက် နီတော်မူ၏။ တပည့်တော်ရို့သည် ကိုယ်တော့်ကို နှိုးပြီးလျှင် "ဆရာ၊ အကျွန်ရို့ သီဘေးနှင့် ကြုံနိန်ရသည်ကို ဥပေက္ခာပြုတော်မူပါသည်လော" ဟု မိန်းလျှောက်ကြ၏။
ကိုယ်တော်သည် ထ၍ လီနှင့်လှိုင်းများအား "တိတ်ဆိတ်ငြိမ်ဝပ်စွာ နီလော့" ဟု အမိန့်ပီးတော်မူလျှင် လီသည်ငြိမ်၍ လှိုင်းသည် မထလီယာ။ ထို့နောက် ကိုယ်တော်သည် တပည့်တော်ရို့အား "ဇာတွက်နှင့် ဤမျှလောက် ကြောက်ကြသနည်း။ ဇာကြောင့် ယုံကြည်ခြင်း မဟိသနည်း" ဟု မိန့်တော်မူ၏။
ထိုအခါ သူရို့သည် အလွန်ကြောက်လန့်၍ "ဤလူကား ဇာပိုင်လူလဲ၊ လီနှင့်လှိုင်းတောင်မှ ဤလူ၏ အမိန့်ကို လိုက်နာကြ၏" ဟု အချင်းချင်း ပြောဆိုနိန်ကြ၏။
5. Cura da mulher com fluxo de sangue
Referência: Marcos 5:25-34
Explicação: Uma cura que aconteceu pelo toque da fé. Jesus mostra que está atento ao sofrimento individual e que a fé é o canal para receber o milagre.
ထိုအခါ မိန်းမတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာခံစားရ၍၊ ဆီးသမားပေါင်းစုံ၌ ကုသမှုကို ခံယူသောကြောင့် မိမိ၌ ဟိသမျှသောဥစ္စာများပင် ကုန်ဆုံးသော်လည်း သက်သာခြင်းမဟိသည့်အပြင် အခြေအနေပို၍ ဆိုးဝါးလာ၏။ သူမသည် ယေသျှု၏ သတင်းတော်ကို ကြားသည်ဟိသော်၊ "ထိုသူ၏အဝတ်တော်ကို အကျွန်သည် တို့ထိခွင့်ရလျှင် ဤရောဂါမှ ပကတိကျန်းမာလားမည်" ဟု ဆိုလျက်၊ လူအပေါင်းရို့ကြားမှ တိုးဝင်းကာ ကိုယ်တော်၏ နောက်တော်သို့ ရောက်လာ၍ အဝတ်တော်ကို တို့လေ၏။
ထိုသို့ တို့ပြီးသည်နှင့် ချက်ချင်း သွီးသွန်ခြင်း တန့်လားသည်ဖြစ်၍ မိမိကိုယ်ခန္ဓာ၌ ထိုရောဂါ ပျောက်ကင်းသည်ကို သိလေ၏။ ယေသျှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင်၊ နောက်တော်သို့ လှည့်၍ "ငါ့ အဝတ်ကို ဇာသူ တို့သနည်း" ဟု မိန်းတော်မူ၏။
တပည့်တော်တိကလည်း "ကိုယ်တော်၊ ဤမျှလောက် လူတိကြိတ်ကြိတ်တိုးကာ လိုက်နိန်ကြသည်ကို မြင်လျက်နှင့်ပင် ‘ငါ့ကို ဇာသူ တို့သနည်း’ ဟု မိန်းတော်မူသိမ့်လော" ဟု မိန်းလျှောက်ကြ၏။
သို့ရာတွင် ကိုယ်တော်သည် မိမိအား မည်သူ တို့သည်ကို သိတော်မူခြင်းငှာ လှည့်ပတ်ကြည့်တော်မူ၏။ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက်၊ ရှိ့တော်သို့ လာရောက်ပျပ်ဝပ်၍ ဖြစ်သမျှသော အကြောင်းအရာတိကို အဟုတ်အမှန် ကြားလျှောက်လေ၏။ ယေသျှုကလည်း "ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ၊ စိတ်ချလက်ချရာ ပြန်လားလီ၊ သင်၏အနာရောဂါပျောက်ကင်းစီ" ဟု မိန့်တော်မူ၏။
6. Libertação do endemoninhado Gadareno
Referência: Marcos 5:1-20
Explicação: Jesus liberta um homem dominado por uma legião de espíritos. É a prova clara de sua autoridade absoluta sobre o reino das trevas.
လူတစ်ယောက်ပါးမှ ဝိညာဉ်ဆိုးကို ယေသျှု မောင်းထုတ်ခြင်း
ယေသျှုနှင့် တပည့်တော်ရို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းဟိ ဂါရစဒေသသို့ ရောက်ကြ၏။ ယေသျှုသည် လောင်းမှ ဆင်းတော်မူသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ဆိုးပူးသော သူတစ်ယောက်သည် ကိုယ်တော့်ကို တွိ့ခြင်းငှာ သင်္ချိုင်းမှ ထွက်လာလေ၏။ ထိုသူသည် သင်္ချိုင်းအုတ်ဂူများကြား၌ နိန်တတ်ပြီး၊ သူ့ကို ဇာသူတစ်ယောက်မျှ သံကြိုးနှင့်တုပ်၍ မထားနိုင်။ ထိုသူအား လက်ထိတ်၊ ခြီကျဉ်းရို့ကို သံကြိုးများဖြင့် အကြိမ်ကြိမ်တုပ်ထားခဖူး၏။ သို့သော် ထိုကြိုးများသာ ပြတ်လား၏။ ဇာသူမျှ သူ့ကို ထိန်းချုပ်၍ မရ။ ထိုသူသည် ခွန်အားကြီးသောသူဖြစ်၏။ ထိုသူသည် သင်္ချိုင်းအုတ်ဂူများကြား၌ သော်လည်းကောင်း၊ တောင်ကုန်းများအထက်၌ သော်လည်းကောင်း နိ့၊ ညမပြတ် ဟစ်အော်၍ လှည့်ပတ်လားလာကာ ကျောက်စောင်းနှင့် ကိုယ်ကို ပြတ်စီ၏။
ထိုသူသည် အဝီးမှ ယေသျှုကို မြင်လျှင် ဗြီးလာကာ ရှိ့တော်၌ ပျပ်ဝပ်လျက်၊ "အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေသျှု၊ ကိုယ်တော်သည် အကျွန်နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန့်အား မညှဉ်းဆဲပါကေ့။ ဘုရားသခင်ကို တိုင်တည်၍ တောင်းဆိုပါ၏" ဟု ကျယ်သောအသံဖြင့် အော်ဟစ်တောင်းပန်လေ၏။ ထိုသို့ လျှောက်ထားသည့်အကြောင်းကား ယေသျှုသည် ထိုသူအား "ဆိုးညစ်သောဝိညာဉ်၊ ဤလူထဲက ထွက်လော့" ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
ကိုယ်တော်က "သင်၏နာမည်ကား မည်သို့နည်း" ဟု မိန်းတော်မူလျှင်၊
ထိုဝိညာဉ်ဆိုးက၊ "အကျွန်၏အမည်ကား၊ ‘လေဂေါင်’ ဖြစ်ပါ၏ — အကျွန်ရို့က အများဖြစ်ပါ၏" ဟု လျှောက်ထားပြီးမှ၊ မိမိရို့အား ထိုအရပ်မှ နှင်ထုတ်တော် မမူစီခြင်းငှာ အကြိမ်ကြိမ်တောင်းပန်လေ၏။
ထိုအချိန်၌ တောင်ခါးစောင်း၌ ကျက်စားနိန်သော ဝက်အုပ်တစ်အုပ်ဟိ၏။ ထိုဝိညာဉ်ဆိုးတိက "အကျွန်ရို့အား ထိုဝက်တိပါးသို့ ဝင်ပူးရသော အခွင့်ကို ပီးတော်မူပါ" ဟု တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် ချက်ချင်း အခွင့်ပီးတော်မူ၏။ ထိုဝိညာဉ်ဆိုးရို့သည် ထိုသူပါးမှ ထွက်၍ ဝက်တိ၌ ဝင်ကြ၏။ အကောင်ရွီအားဖြင့် ��,������ ခန့် ဟိသော ဝက်အုပ်သည် — အိုင်ကမ်းထောင်းစောက်သို့ တစ်ဟုန်ထိုးဗြီးဆင်း၍ အိုင်၌ နစ်မွမ်းသီဆုံးကြ၏။
ဝက်ကျောင်းသော သူရို့သည် မြို့၊ ရွာများသို့ ဗြီး၍ သတင်းတော်ကို ပြောကြသဖြင့်၊ လူရို့သည် ထိုအမှုအရာများအား ကြည့်ရှုအံ့သောငှာ လာရောက်ကြ၏။ ထိုသူရို့သည် ယေသျှုထံပါးသို့ ရောက်လာသောအခါ နတ်ဆိုးရို့ဝင်ပူးသောသူသည် အဝတ်ကို ဝတ်လျက် လူကောင်းပကတိအတိုင်း ထိုင်နိန်သည်ကို မြင်လျှင် အလွန်ကြောက်ရွံ့ကြ၏။ ထိုအဖြစ်ပျက်ကို မျက်မြင်တွိ့ရသောသူရို့က နတ်ဆိုးပူးသောသူနှင့် ဝက်အုပ်၌ ဖြစ်ပျက်ခသောအရာများကို နောက်ရောက်ဟိလာကြသော လူတိအား ပြောပြကြ၏။
ထို့ကြောင့် ထိုသူရို့သည် ကိုယ်တော့်ကို မိမိရို့ဒေသမှ ထွက်လားရန် တောင်းပန်ကြ၏။
ကိုယ်တော်သည် လောင်းထက်သို့ တက်တော်မူစဉ် နတ်ဆိုးပူးခဖူးသောသူသည် ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုစီခြင်းငှာ တောင်းပန်လေ၏။
သို့သော်လည်း ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ၊ "သင့်အိမ်သို့ လားပြီးလျှင် သခင်ဘုရားသည် သင်၌ သနားခြင်းကရုဏာနှင့် ဇာလောက်ကျေးဇူးပြုသည်ကို ဆွီမျိုးသားချင်းရို့အား ပြောပြလော့" ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထိုသူသည် ထွက်လား၍၊ ယေသျှုသည် မိမိ၌ ဇာမျှလောက် ကျေးဇူးပြုတော်မူကြောင်းကို၊ မြို့ဆယ်မြို့ဟိသော ဒေကာပေါလိပြည် တလျှောက်လုံးတွင် အနှံ့အပြား ပြောကြားရာ ကြားရသောသူရို့သည် အံ့ဩကြ၏။
7. Ressurreição da filha de Jairo
Referência: Marcos 5:21-43
Explicação: Jesus demonstra que a morte para Ele é como o sono. Ele restaura a vida de uma criança, trazendo esperança para uma família desesperada.
ယာဣရု၏သမီးနှင့် ယေသျှု၏အဝတ်တော်ကို တို့ထိသော မိန်းမ
ထို့နောက် ယေသျှုသည် ကမ်းတစ်ဖက်သို့ ပြန်ကူး၍ အိုင်နား၌ ဟိတော်မူစဉ် များစွာသောလူရို့သည် အထံတော်သို့ စုရုံးလာကြ၏။ ထိုအခါ ယာဣရုဟု အမည်ဟိသူ တရားဇရပ်မှူးတစ်ယောက်သည် လာ၍ ယေသျှုကို မြင်လျှင် ခြီတော်ရင်း၌ ပျပ်ဝပ်လျက်၊ "အကျွန်၏သမီးသျှေ သီဖို့ ဖြစ်နိန်ယာ။ ထိုအသျှေကို အသက်ရှင်ကျန်းမာစီခြင်းငှာ ကိုယ်တော်ကြွပြီးလျှင် အသျှေထက်မှာ လက်တော်ကို တင်ပီးတော်မူပါ" ဟု ကိုယ်တော့်ကို အနူးအညွှတ်တောင်းပန်လေ၏။
ထို့ကြောင့် ယေသျှုသည် ထိုသူနှင့်လိုက်လား၏။ များစွာသောလူရို့သည် ဝိုင်းအုံလျက် လိုက်သဖြင့် ကိုယ်တော့်ကို တို့မိ၊ ထိမိကြ၏။
ထိုအခါ မိန်းမတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာခံစားရ၍၊ ဆီးသမားပေါင်းစုံ၌ ကုသမှုကို ခံယူသောကြောင့် မိမိ၌ ဟိသမျှသောဥစ္စာများပင် ကုန်ဆုံးသော်လည်း သက်သာခြင်းမဟိသည့်အပြင် အခြေအနေပို၍ ဆိုးဝါးလာ၏။ သူမသည် ယေသျှု၏ သတင်းတော်ကို ကြားသည်ဟိသော်၊ "ထိုသူ၏အဝတ်တော်ကို အကျွန်သည် တို့ထိခွင့်ရလျှင် ဤရောဂါမှ ပကတိကျန်းမာလားမည်" ဟု ဆိုလျက်၊ လူအပေါင်းရို့ကြားမှ တိုးဝင်းကာ ကိုယ်တော်၏ နောက်တော်သို့ ရောက်လာ၍ အဝတ်တော်ကို တို့လေ၏။
ထိုသို့ တို့ပြီးသည်နှင့် ချက်ချင်း သွီးသွန်ခြင်း တန့်လားသည်ဖြစ်၍ မိမိကိုယ်ခန္ဓာ၌ ထိုရောဂါ ပျောက်ကင်းသည်ကို သိလေ၏။ ယေသျှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင်၊ နောက်တော်သို့ လှည့်၍ "ငါ့ အဝတ်ကို ဇာသူ တို့သနည်း" ဟု မိန်းတော်မူ၏။
တပည့်တော်တိကလည်း "ကိုယ်တော်၊ ဤမျှလောက် လူတိကြိတ်ကြိတ်တိုးကာ လိုက်နိန်ကြသည်ကို မြင်လျက်နှင့်ပင် ‘ငါ့ကို ဇာသူ တို့သနည်း’ ဟု မိန်းတော်မူသိမ့်လော" ဟု မိန်းလျှောက်ကြ၏။
သို့ရာတွင် ကိုယ်တော်သည် မိမိအား မည်သူ တို့သည်ကို သိတော်မူခြင်းငှာ လှည့်ပတ်ကြည့်တော်မူ၏။ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက်၊ ရှိ့တော်သို့ လာရောက်ပျပ်ဝပ်၍ ဖြစ်သမျှသော အကြောင်းအရာတိကို အဟုတ်အမှန် ကြားလျှောက်လေ၏။ ယေသျှုကလည်း "ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ၊ စိတ်ချလက်ချရာ ပြန်လားလီ၊ သင်၏အနာရောဂါပျောက်ကင်းစီ" ဟု မိန့်တော်မူ၏။
ထိုသို့ မိန့်တော်မူစဉ် ယာဣရု၏အိမ်မှ လူသည် ရောက်လာ၍ "သင်၏ သမီးကား သီယာ။ ဤဆရာကို ဇာတွက် ဒုက္ခပီးနိန်သိမ့်သနည်း" ဟု ဆိုကြ၏။
ယေသျှုသည် ထိုသူရို့၏စကားကို ကြားသော်လည်း၊ စိတ်နှလုံးထဲ၌ မထားဘဲ ထိုသူအား "မကြောက်ကေ့။ ယုံကြည်ခြင်းသာ ဟိလော့" ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်ညီ ယောဟန်ရို့ မှတစ်ပါး မည်သူကိုမျှ မလိုက်စီဘဲ၊ ယာဣရု၏အိမ်သို့ကြွ၍ ရောက်လျှင် လူရို့သည် အုတ်အုတ်သဲသဲ ပြုနိန်ကြသည်ကိုလည်းကောင်း၊ လွန်စွာ မြည်တမ်းငိုကြွီးနိန်ကြသည်ကိုလည်းကောင်း မြင်တော်မူလျှင်၊ ကိုယ်တော်သည် အိမ်ထဲသို့ ဝင်၍ "ဇာကြောင့် ဝိုင်းအုံ၍ ငိုနိန်ကြသနည်း။ ဤသူငယ်မသျှေ သီကျလားသည် မဟုတ် — အိပ်ပျော်နိန်ခြင်းသာ ဖြစ်၏" ဟု မိန့်တော်မူ၏။
ထိုအခါ လူရို့သည် ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။ ကိုယ်တော်သည် ထိုသူရို့ကို အပြင်သို့ ထွက်ခိုင်းစီပြီးမှ သူငယ်မ၏ မိဘတိနှင့် တပည့်တော်သုံးယောက်ကို ခေါ်၍ သူငယ်မသျှေဟိရာ အခန်းသို့ ဝင်တော်မူ၏။ ကိုယ်တော်သည် သူငယ်မသျှေ၏ လက်ကိုဆုပ်ကိုင်ကာ "တလိသကုမိ" ဟု မိန့်တော်မူ၏။ အနက်ကား "မိန်းမငယ် ထလော၊ ငါ ဆို၏" ဟု ဆိုလိုသတည်း။
ထိုသို့ မိန့်တော်မူပြီးနောက် သူငယ်မသျှေသည် ချက်ချင်းထ၍ လမ်းလျှောက်လေ၏။ ထိုသူငယ်မသျှေကား တစ်ဆယ့်နှစ်နှစ် သမီးအရွယ် ဖြစ်၏။ ထိုအခါ လူရို့သည် အလွန်အံ့သြကြ၏။ ကိုယ်တော်ကလည်း ထိုအမှုအရာကို မည်သူ့ကိုမျှ မပြောစီခြင်းငှာ ထိုသူရို့အား တင်းကြပ်စွာမိန့်တော်မှုပြီးလျှင် "ဤသူငယ်မသျှေကို စားစာရာ တစ်စုံတစ်ခု ကျွေးလော့" ဟု မိန့်တော်မူ၏။
8. Jesus anda sobre as águas
Referência: Mateus 14:22-33
Explicação: Ao caminhar sobre o Mar da Galileia, Jesus mostra que não está sujeito às leis da física. O episódio também serve para tratar a fé e a dúvida no coração de Pedro.
ယေသျှုသည် ရီထက်၌ လမ်းလျှောက်ခြင်း
ယေသျှုသည် လူတိကို ပြန်ရွတ်တော်မူစဉ်၊ တပည့်တော်ရို့ကိုလည်း လောင်းထဲသို့ ဝင်ခိုင်းကာ အိုင်တစ်ဘက်ကမ်းသို့ သူ၏ရှိ့က ကူးခိုင်းလိုက်၏။ လူတိကို ပြန်ရွှတ်လိုက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ကုန်းထက်သို့ တက်လား၏။ ညအချိန်ရောက်သောအခါ ကိုယ်တော်သည် ထိုအရပ်၌ တစ်ယောက်တည်း ဟိလေ၏။ ထိုအချိန်၌ လောင်းသည် ကမ်းနှင့် ဝီးကွာလာသောခါ၊ လီဆန်ဖြစ်သောကြောင့် လှိုင်းထသဖြင့် လောင်းသည် လူးလွန့်လျက် ဟိ၏။
မိုးသောက်ဘက် သုံးချက်တီးချိန်နှင့် ခြောက်ချက်တီးအချိန်ကြားတွင် ယေသျှုသည် ရီထက်၌ လမ်းလျှောက်၍ တပည့်တော်တိပါးသို့ လာ၏။ ထိုသို့ ကိုယ်တော်သည် ရီထက်က လမ်းလျှောက်လာသည်ကို တပည့်တော်ရို့သည် မြင်ကြသောအခါ ထိန့်လန့်တုန်လှုပ်လျက်၊ "ဆစ်စီ" ဟု ကြောက်ရွံ့စွာ အော်ဟစ်ကြ၏။
ယေသျှုလည်း ချက်ချင်းပင် "မကြောက်ကတ်ကေ့။ တည်ကြည်ကြလော့။ ငါရာဖြစ်၏" ဟု ပြန်ပြောလေ၏။
ထိုအခါ ပေတရုက "သခင်ဘုရား၊ ကိုယ်တော်သာမှန်လျှင် အကျွန်လည်း ရီထက်က လမ်းလျှောက်၍ ကိုယ်တော်ပါးသို့ လာစီခြင်းငှာ မိန့်တော်မူပါ" ဟု လှမ်း၍ ပြော၏။
ယေသျှုကလည်း "လာလော့" ဟု အမိန့် ပီးလိုက်သည်နှင့် ပေတရုသည် လောင်းထဲက ဆင်းကာ ရီထက်မှာ လမ်းလျှောက်၍ ယေသျှုပါးသို့ လား၏။ သို့သော် သူသည် လီကြမ်းတိုက်သည်ကို သတိထားမိသဖြင့် ကြောက်စိတ်ဝင်လာ၍ ရီထဲသို့ မြုပ်လုသည်ဟိသော် "အသျှင်၊ အကျွန့်ကို ကယ်တော်မူပါ" ဟု အော်ဟစ်လေ၏။
ယေသျှုသည် ချက်ချင်း လက်ကို ဆန့်၍ ပေတရုကို ဆွဲကိုင်ပြီးလျှင် "ယုံကြည်ခြင်းအားနည်းသောသူ ဇာကြောင့် မယုံသင်္ကာဖြစ်နိန်လဲ" ဟု မိန့်တော်မူ၏။
သူရို့နှစ်ယောက်သည် လောင်းထက်သို့ ရောက်သောအခါ လီသည်လည်း ငြိမ်လေ၏။ ထိုအခါ လောင်းထဲ၌ ဟိသောတပည့်တော်တိက ယေသျှုကို ကိုးကွယ်လျက် "ကိုယ်တော်သည် ဘုရားသား အမှန်ပင် ဖြစ်၏" ဟု လျှောက်ကြလေ၏။
9. Cura do paralítico
Referência: Marcos 2:1-12
Explicação: Jesus cura o corpo, mas primeiro perdoa os pecados. Este milagre estabelece que sua missão principal é a reconciliação espiritual do homem com Deus.
လီဖြတ်သောသူကို ယေသျှု ကျန်းမာစီခြင်း
ရက်အနည်းချေ လွန်ပြီးနောက် ယေသျှုသည် ကပေရနောင်မြို့သို့ ရောက်လာ၏။ ကိုယ်တော်သည် အိမ်၌ ဟိတော်မူသည့်အကြောင်း သတင်းတော်သည် ပြန့်နှံ့လေ၏။ ထို့ကြောင့် လူအပေါင်းရို့သည် စုရုံးရောက်လာကြသဖြင့် အိမ်ခန်းမှစ၍ အိမ်ရှိ့၌ပင် ခြီချစရာ နီရာမဟိပေ။ ယေသျှုသည်လည်း ထိုလူအပေါင်းရို့ကို တရားဟောတော်မူ၏။ ထိုစဉ် လူလေးယောက်ရို့သည် လီဖြတ်သော လူတစ်ယောက်ကို ကိုယ်တော့်အထံတော်ပါးသို့ သယ်ယူလာကြ၏။ သို့သော် လူအပေါင်းရို့သည် ပြည့်ကျပ်နိန်သဖြင့် ကိုယ်တော့်ထံသို့ တိုး၍ မပေါက်နိုင်ကြ။ ထို့ကြောင့် ကိုယ်တော်ဟိသည့် နီရာအထက်မှ အိမ်ခေါင်မိုးကိုဖွင့်ပြီး၊ လူမမာအား လှဲနိန်သောဖျာနှင့်တကွ လျောချကြ၏။ ယေသျှုကလည်း ထိုသူရို့၏ ယုံကြည်ခြင်းကို မြင်လျှင် လီဖြတ်သောလူအား "ငါ့သား၊ သင်၏အပြစ်ကို ခွင့်ရွှတ်ယာ" ဟု မိန့်တော်မူ၏။
ထိုအရပ်၌ ထိုင်နိန်ကြသော ကျမ်းတတ်ဆရာအချို့က၊ "ဤသူသည် ဇာကြောင့် ဤပိုင် ပြောရသနည်း။ ဤသည်ကား ဘုရားကို ပြစ်မှားခြင်းဖြစ်၏။ ဘုရားသခင် တစ်ပါးတည်းရာ အပြစ်ကို ရွှတ်နိုင်သောသူဖြစ်၏" ဟူ၍ တွေးတောနိန်ကြ၏။
ထိုသူရို့သည် မိမိရို့၏စိတ်နှလုံးထဲ၌ ထိုသို့ တွေးတောနိန်သည်ကို ယေသျှုသည် မိမိဉာဏ်တော်အားဖြင့် ချက်ချင်း သိတော်မူသဖြင့် "သင်ရို့ ဇာတွက် ယင်းပိုင် တွေးတောကြသနည်း။ လီဖြတ်နိန်သော သူအား ‘သင်၏ အပြစ်ကို ခွင့်ရွှတ်ယာ’ ဟု ပြောသည်က ပို၍ လွယ်သလော၊ ထိုသို့ မဟုတ် ‘ထပြီးလျှင် သင့်ဖျာကို လိပ်ကာ ပြန်လားလော့’ ဟု ပြောသည်က ပို၍ လွယ်သလော။ လူသားသည် ဤလောက၌ အပြစ်ရွှတ်ပိုင်ခွင့် တန်ခိုးအာဏာဟိသည်ကို သင်ရို့သည် တွိ့မြင်ရလိမ့်မည်" ဟု ပြောဆိုပြီးလျှင် လီဖြတ်သောသူအား "သင့်အား ငါ ဆိုသည်ကား၊ ထပြီးလျှင် သင်၏ဖျာကို ကောက်၍ အိမ်သို့ ပြန်လော့" ဟု မိန့်တော်မူ၏။
ထိုသူသည်လည်း မိမိ၏ဖျာကို ကောက်ပြီးလျှင် လူအပေါင်းရို့ရှိ့မှ ထွက်လားလေ၏။ ထိုအမှုအရာကို တွိ့မြင်သောလူရို့သည် အလွန်တရာအံ့ဩကြပြီး "ဤပိုင် ငါရို့တစ်သက်မှာ တခါမှ မမြင်ဖူးပါ" ဟု ဆိုလျက် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
10. Ressurreição de Lázaro
Referência: João 11:1-44
Explicação: O milagre mais impactante antes da crucificação. Ao ressuscitar alguém morto há quatro dias, Jesus declara: "Eu sou a ressurreição e a vida".
လာဇရု သီဆုံးခြင်း
မာရိနှင့် သူမ၏ ညီမဖြစ်သူ မာသရို့ နီထိုင်ကြသော ဗေသနိရွာတွင် လာဇရုဆိုသူ လူတစ်ယောက်သည် ဖျားနာလျက်ဟိ၏။ ထိုမာရိကား သခင်ဘုရား၏ ခြီတော်ထက်မာ ဆီမွှီးလောင်း၍ မိမိ၏ဆံပင်နှင့် သုတ်ပီးသူဖြစ်၏။ ဖျားနာနိန်သော လာဇရုသည် သူမ၏မောင် ဖြစ်၏။ ညီအစ်မနှစ်ယောက်ရို့က "အသျှင်၊ အသျှင်ချစ်တော်မူသောသူသည် ဖျားနာနိန်ပါ၏" ဟု ယေသျှုထံတော်သို့ သတင်းပို့လိုက်ကြ၏။
ထိုသတင်းကို ယေသျှုကြားတော်မူလျှင် "လာဇရု၏ ဖျားနာခြင်းသည် သီနာ မဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားရန် ဖြစ်၏။ ထိုဖျားနာခြင်းကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းတော်ထင်ရှား လိမ့်မည်" ဟု မိန့်တော်မူ၏။
ယေသျှုသည် မာသ၊ သူမ၏အစ်မနှင့် လာဇရုရို့ကို ချစ်တော်မူ၏။ လာဇရု ဖျားနာနိန်ကြောင်းကို ကိုယ်တော်သည် ကြားတော်မူလျှင်၊ ကိုယ်တော်သည် မိမိရောက်ရာ အရပ်တွင် နှစ်ရက် ဆက်၍ နီတော်မူ၏။ ထို့နောက် တပည့်တော်ရို့အား "ယုဒပြည်သို့ ပြန်လားကြမည်" ဟု မိန့်တော်မူ၏။
တပည့်တော်ရို့ကလည်း "ဆရာ၊ ယုဒလူတိက ဆရာကို မကြာသိမ့်သောအချိန်က ကျောက်ခဲနှင့် ပစ်ခြင်းငှာ အကြံဟိကြသည်ဖြစ်၍ ထိုအရပ်သို့ ပြန်ကြွဦးမည်လော" ဟု မိန်းလျှောက်ကြလျှင်၊
ယေသျှုက "တစ်နိ့တွင် တစ်ဆယ့်နှစ်နာရီ ဟိသည် မဟုတ်လော၊ ဇာသူမဆို လောက၌ နိ့အချိန်တွင် အလင်းရောင်ကို မြင်ရသောကြောင့် ခလုတ်မတိုက်ဘဲ ကောင်းမွန်စွာ လားလာနိုင်ကြ၏။ သို့သော်လည်း ညအချိန်၌ကား အလင်းရောင် မဟိသောကြောင့် လားလာကြသော လူတိသည် ခလုတ်တိုက်ပြီး လဲတတ်ကြ၏" ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ထိုသို့ မိန့်တော်မူပြီးနောက် "ငါရို့အဆွီ လာဇရုသည် အိပ်နိန်ခြင်းသာဖြစ်၍ သူ့ကို နှိုးခြင်းငှာ လားကြမည်" ဟု ထပ်၍ မိန့်တော်မူ၏။
တပည့်တော်ရို့က "အသျှင်၊ သူသည် အိပ်ပျော်နိန်သည်ဆိုလျှင် ကျန်းမာလာပါလိမ့်မည်" ဟု လျှောက်ကြ၏။
ယေသျှုကလည်း၊ လာဇရုသီဆုံးကြောင်းကို ရည်ရွယ်၍ မိန့်တော်မူသော်လည်း သာမန် အိပ်ပျော်ကြောင်းကို ဆိုလိုသည်ဟု တပည့်တော်ရို့က ထင်မှတ်ကြ၏။ ထို့ကြောင့် ယေသျှုသည်၊ "လာဇရုက သီလားခယာ။ ထိုအရပ်၌ ငါမဟိသည်ကို ထောက်၍ သင်ရို့အတွက် ငါ ဝမ်းမြောက်ခြင်း ဟိ၏။ ထို့ကြောင့် သူရို့ ယုံကြည်လာလိမ့်မည်။ သူ့ပါးသို့ လားကြကုန်အံ့" ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
(အမြွှာပူးဟု ခေါ်သော) သောမက "အကျွန်ရို့လည်း ဆရာနှင့်အတူ အသီခံဖို့ လိုက်လားကြမည်" ဟု မိမိ၏ အပေါင်းအဖော်ဖြစ်သော တပည့်တော်ရို့အား ပြောဆို၏။
ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း
ယေသျှုသည် ရောက်တော်မူသောအခါ လာဇရုအား သဂြိုဟ်ခသည်မှာ လေးရက် ကြာပြီဖြစ်၏။ ဗေသနိရွာသည် ယေရုဆလင်မြို့နှင့် နှစ်မိုင်ခန့်သာ ဝီးသည်ဖြစ်၍၊ ယုဒလူရို့သည် မာရိနှင့် မာသရို့၏မောင် သီဆုံး၍ သူရို့ကို နှစ်သိမ့်ပီးရန် လာကြ၏။
ယေသျှုလာသည်ကို မာသသည် ကြားလျှင် ကိုယ်တော့်ကို ခရီးဦးကြိုပြုရန် ထွက်လားသော်လည်း မာရိကား အိမ်တွင် ကျန်ခ၏။ မာသက ယေသျှုအား၊ "အသျှင်၊ အသျှင်သာ ဤနီရာ၌ ဟိမည်ဆိုလျှင် အကျွန့်မောင် သီဆုံးလိမ့်မည် မဟုတ်ပါ။ ယေဒါလည်း အဂုပင်လျှင် အသျှင် တောင်းသမျှအရာတိအား ဘုရားသခင်က ပီးမည်ဆိုသည်ကို အကျွန်သိပါ၏" ဟု လျှောက်လေ၏။
ယေသျှုကလည်း "သင်၏မောင်သည် အသက်ပြန်ရှင်လိမ့်မည်" ဟု သူမအား မိန့်တော်မူ၏။
မာသက "နောက်ဆုံးနိ့ဖြစ်သော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ဆိုသည်ကို အကျွန်သိပါ၏" ဟု ပြန်လျှောက်လေ၏။
ယေသျှုကလည်း "ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်ပြီး အသက်ရှင်နိန်သည့် လူတိလည်း သီခြင်းတရားနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါစကားကို ယုံသလော" ဟု မိန်းတော်မူ၏။
မာသက၊ "ယုံပါ၏ အသျှင်။ အသျှင်သည် ဤလောကသို့ ကြွလာသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူကြောင်းကို အကျွန် ယုံပါ၏" ဟု လျှောက်၏။
ယေသျှု မျက်ရည်ကျတော်မူခြင်း
ထိုသို့ လျှောက်ထားပြီးနောက် မာသသည် အိမ်သို့ပြန်၍ သူမ၏အစ်မ မာရိအား တိုးတိတ်စွာခေါ်၍ "ဆရာ ရောက်လာတော်မူယာ။ သင့်ကို မိန်းနိန်၏" ဟု ပြောလေ၏။ မာရိသည် ထိုစကားကြားလျှင် အယင် ထပြီးလျှင် ကိုယ်တော်ပါးသို့ လားလေ၏။ ယေသျှုသည် ရွာထဲကို မဝင်ရသိမ့်။ မာသ ခရီးဦးကြိုပြုသော အရပ်တွင်သာ ဟိသိမ့်၏။ မာရိအား နှစ်သိမ့်ခြင်းငှာ အိမ်သို့ ရောက်နိန်ကြသော ယုဒလူရို့သည် မာရိ အလျင်အမြန် ထလားသည်ကို မြင်လျှင် ငိုကြွီးရန် သင်္ချိုင်းသို့ လားသည်ဟု ထင်မှတ်ကြ၏။ သူရို့သည်လည်း မာရိနောက်သို့ လိုက်လာကြ၏။
မာရိသည် ယေသျှုဟိရာအရပ်သို့ ရောက်သောအခါ ကိုယ်တော့်ကို မြင်သဖြင့် ရှိ့တော်၌ ပျပ်ဝပ်လျက် "အသျှင်၊ အသျှင်သာ ဤအရပ်၌ ဟိတော်မူခလျှင် အကျွန့်မောင် သီရမည် မဟုတ်ပါ" ဟု လျှောက်လေ၏။
မာရိမှစ၍ သူမနှင့်အတူ လိုက်လာကြသော ယုဒလူအားလုံး ငိုကြွီးနိန်သည်ကို ယေသျှုသည် မြင်တော်မူလျှင် စိတ်တော်အလွန်ညှိုးငယ်၍ စိတ်မချမ်းမသာ ဖြစ်တော်မူ၏။ ကိုယ်တော်က "သူ့အလောင်းကို ဇာမှာ သင်္ဂြိုဟ်ကြသနည်း" ဟု မိန်းတော်မူလျှင်၊
ထိုသူရို့က၊ "အသျှင်၊ လာ၍ ကြည့်တော်မူပါ" ဟု လျှောက်ထားကြ၏။
ယေသျှုသည် မျက်ရည်ကျတော်မူ၏။ ယုဒလူအပေါင်းရို့က "ဤသူသည် လာဇရုကို ဇာလောက် ချစ်သည်ကို ကြည့်ကတ်ပါ" ဟု ဆိုကြ၏။
တချို့သော သူရို့က "မျက်ကန်းတိကို မျက်စိပြန်မြင်စီသောသူသည် လာဇရုကို မသီစီခြင်းငှာ မတတ်နိုင်လား" ဟု ဆိုကြ၏။
လာဇရုကို အသက်ပြန်ရှင်စီခြင်း
ယေသျှုသည် စိတ်နှလုံး အလွန်ညှိုးငယ်၍ သင်္ချိုင်းဂူသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူ အပေါက်ဝကိုလည်း ကျောက်တုံးဖြင့် ပိတ်ထား၏။ ယေသျှုကလည်း "ကျောက်တုံးကို ဖယ်လိုက်ကြ" ဟု အမိန့်ပီးတော်မူ၏။ သီဆုံးသူ၏ အစ်မဖြစ်သော မာသက "အသျှင်၊ သင်္ဂြိုဟ်ထားသည်မှာ လေးရက်ဟိနီပြီဖြစ်၍ အနံ့ထွက်နိန်ဖို့ယာ" ဟု လျှောက်၏။
ယေသျှုကလည်း "သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်ရလိမ့်မည်၊ ငါပြောထားသည် မဟုတ်လော" ဟု သူမအား မိန့်တော်မူ၏။ သူရို့သည် ကျောက်တုံးကို ဖယ်လိုက်ကြ၏။ ယေသျှုသည် အထက်သို့ မျှော်ကြည့်တော်မူပြီးလျှင် "အဘ၊ ကိုယ်တော်သည် အကျွန့်စကားကို နားညောင်းတော်သောကြောင့် ကျေးဇူးတော်ကြီးမားလှပါ၏၊ ကိုယ်တော်သည် အကျွန့်စကားကို အစဉ်အမြဲ နားညောင်းတော်မူကြောင်းကို အကျွန်သိပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန့်ကို စီရွှတ်တော်မူကြောင်း၊ ဤလူအပေါင်းရို့ ယုံကြည်ကြရန် သူရို့အကျိုးကို ထောက်၍ လျှောက်ပါ၏" ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က "လာဇရု ထွက်လာလော့" ဟု ကျယ်သောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သီလွန်သောသူသည် အသုဘအဝတ်ဖြင့် ခြီနှင့် လက်တိကို ရစ်ပတ်ထားပြီး၊ မျက်နှာ၌ အဝတ်ဖြင့် ပတ်ထားလျက် ထွက်လာလေ၏။ ယေသျှုကလည်း "သူ့ကို ဖြီပီး၍ လားခွင့်ပြုကြလော့" ဟု မိန့်တော်မူ၏။
Conclusão
Os milagres de Jesus revelam sua autoridade sobre a natureza, as enfermidades, o mundo espiritual e até a morte. Eles não são apenas demonstrações de poder, mas sinais que apontam para sua identidade e missão.
Ao estudar esses milagres, é possível compreender melhor o papel de Jesus e a mensagem central do Evangelho.
Se este conteúdo ajudou você a entender os milagres de Jesus na Bíblia, compartilhe este artigo para que mais pessoas também conheçam esses ensinamentos.