Pular para o conteúdo
Publicidade

A fé vem pelo ouvir

Por Bíblia Online

Deus fala com você todos os dias por meio da Bíblia. Quando você separa um momento para ler e prestar atenção no que Ele diz, a sua confiança no Senhor cresce e o seu coração encontra direção para a vida diária. Ouvir a voz de Deus muda a maneira como você enxerga os problemas e as pessoas ao seu redor.

As passagens bíblicas abaixo mostram como a mensagem do Evangelho alcança o coração de quem busca a verdade. Tire alguns minutos para ler com calma cada uma delas e permita que o próprio Deus guie os seus passos hoje.

A fé vem pelo ouvir, e o ouvir pela Palavra de Cristo. Quando a Palavra é proclamada, a fé nasce nos corações. Ouvir a Deus é o primeiro passo para crer e seguir.

A fé vem pelo ouvir

A fé vem pelo ouvir, e o ouvir pela Palavra de Cristo. Quem ouve a Palavra crê e obtém a salvação eterna.

ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။

သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။- လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-သို့​သော်​လည်း၊ လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို နား​ထောင်​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စ​ကား​ဟူ​မူ​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း​ဟု ဆို၏။-သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-

ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ​သ​လော။ သို့​မ​ဟုတ် ယုံ​ကြည်​ခြင်း​တ​ရား​ကို ကြား​နာ​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​သ​လော​ဟူ​သော အ​ရာ​တစ်​ခု​ကို​သာ သင်​တို့၌​ငါ​သိ​လို၏။-

သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။- ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။-

ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။-ထို​သို့​ငါ​ဆို​သော်၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကြွ​လာ​သော​သူ​မှ​တစ်​ပါး တစ်​စုံ​တစ်​ယောက်​သော သူ​သည် ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု မ​ဆို​လို။ ကြွ​လာ​သော​သူ​မူ​ကား၊ ခ​မည်း​တော်​ကို မြင်​ခဲ့​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။-

Ouvir e obedecer

Felizes os que ouvem a Palavra de Deus e a praticam. Quem tem ouvidos ouça o que o Espírito diz.

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။

သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။-

ဟေ​ရှာ​ယ ဟော​ဖူး​သော အ​နာ​ဂတ်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်။-အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။- သင်​တို့​မျက်​စိ​သည် မြင်​သော​ကြောင့် မင်္ဂ​လာ​ရှိ၏။ သင်​တို့​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ၏။-

လူ​ကို​ညစ်​ညူး​စေ​သော​အ​ရာ

ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့ နား​ထောင် နား​လည်​ကြ​လော့။-

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား​ပြီး​လျှင်၊ သင်​တို့​သည် ကြား​လျက်​ပင်၊ အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ပြော​လော့။သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​လော့။ သူ​တို့ နား​ကို​လည်း ထိုင်း​စေ​လော့။ သူ​တို့​မျက်​စိ​ကို​လည်း ပိတ်​လော့​ဟု မိန့်​တော်​မူ၏။

ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.