A fé vem pelo ouvir
A fé vem pelo ouvir, e o ouvir pela Palavra de Cristo. Quando a Palavra é proclamada, a fé nasce nos corações. Ouvir a Deus é o primeiro passo para crer e seguir.
A fé vem pelo ouvir
A fé vem pelo ouvir, e o ouvir pela Palavra de Cristo. Quem ouve a Palavra crê e obtém a salvação eterna.
ယုဒလူမျိုး၊ လူမျိုးခြားဟူယွေ့ ခွဲခြားထားခြင်း မဆိသဖြင့် လူတိုင်းအားလုံး ပါဝင်အယ်။ ဘုရားသခင်ဟ လူအားလုံးလို့ရဲ့ အဆှင်တပါးတည်း ဖြစ်ယွေ့ ကိုယ်တော်အား ခေါ်သောသူလို့အား ကြွယ်ဝစွာ ကောင်းချီးပေးအယ်။ ကျမ်းစာဟ "အဆှင်ဟို ခေါ်ပင်း အကူအညီတောင်းသူ လူတိုင်း ကယ်တင်ခြင်း ခံရလိမ့်မယ်" ဟု ပြောအယ်။
အဲလိုလဲ သူလို့ဟ မယုံကြည်ခဲ့ရင် သူလို့ဟို ဖယ်လို ဆုတောင်းနိန်မလုန်း။ သတင်းစကားဟို သူလို့ မကြားခဲ့ရင် သူလို့ ဖယ်လို ယုံကြည်နိန်မလဲ။ သတင်းစကား ဟောမဲ့သူ မဆိရင် သူလို့ ဖယ်လို ကြားနိန်မလုန်း။ သတင်းကောင်းဟို ဟောမဲ့သူဟို မစေလွတ်ရင် ဖယ်လိုသတင်းဟို ကြေညာနိန်မလဲ။ ကျမ်းစာဟ "သတင်းကောင်းဟို ယူဆောင်လာသော ခြေလို့ဟ ရမ်းဆာ့ တင့်တယ်လှအယ်" ဟု ပြောအယ်။ အဲလိုလဲ ဣသရေလအမျိုးလို့ဟ အေးသတင်းကောင်းဟို သူလို့အားလုံးဟ လက်မခံကြ။ အကျောန်းမှာ ဟေရှာယဟ "အဆှင်၊ ငါလို့ သတင်းစကားဟို စသူယုံသလဲ" ဟု ဆိုအယ်။ အဲလိုမို့ ယုံကြည်ခြင်းဟ နှုတ်ကပတ်တော်ဟို ကြားနာခြင်းအားဖြင့် လာအယ်။ ယုံကြည်ခြင်းဟ ခရစ်တော်အကျောန်း ဟောပြောခြင်းမှ လာအယ်။
အေးအချက်အား ငါ့ဟို ပြောပြကြပါ။ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် ခံယူရဆိသလော။ အဲဟာမဟုတ်ရင် သတင်းကောင်းဟို ကြားနာပင်း ယုံကြည်ခြင်းဖြင့် နင်ဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို ရဆိခဲ့ပါသလော။
မန်သောစကားဟို ကြားသောအခါ နင်လို့ဟ ဘုရားသခင်ရဲ့ လူများဖြစ်လာကြပင်း အဲသတင်းကောင်းဟ ကယ်တင်ခြင်းဟို ပို့ဆောင်ပေးအယ်။ နင်ဟ ခရစ်တော်ကို ယုံကြည်ယွေ့ ဘုရားသခင်ဟ ကတိပြုထားသော သန့်ဆှင်းသော ဝိညာဉ်တော်ဟို နင့်အား ပေးဆောင်ခြင်းဖြင့် သူရဲ့ ပိုင်ဆိုင်ခွင့် တံဆိပ်ခတ်ခြင်းဟို နင့်အပေါ် ထားခဲ့အယ်။ ဝိညာဉ်တော်ဟ မိမိလူလို့ဟို ဘုရားသခင် ကတိပြုထားလဲ့အတိုင်း ငါလို့ ခံစားရမယ် ဖြစ်ပင်း ဘုရားသခင်ဟ မိမိပိုင်သောသူလို့အား လုံးလုံးလျားလျား လွတ်မြောက်ခြင်း ခွင့်ပေးမယ် ဖြစ်ကျောန်း ငါလို့အား အာမခံအယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ငါလို့ ချီးမွန်းကြပါစို့။
"နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။
"ငါ့ဟို စေလွှတ်သော ခမည်းတော် မပို့ဆောင်ရင် စသူမှ ငါ့ဆေဟို မလာနိန်၊ ငါ့ဆေ လာသောသူဟို ငါဟ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်။ ပရောဖက်ကျမ်းများတွင် ‘အေးသူအပေါင်းလို့ဟ ဘုရားသခင် သွန်သင်ခြင်းဟို ခံရသောသူများ ဖြစ်ကြလိမ့်မယ်’ ဟု ရေးထားအယ်။ ခမည်းတော်ဆေနှိုက် ကြားယွေ့ နည်းခံယူသောသူတိုင်းဟ ငါ့ဆေဟို လာကြအယ်။ ဟေလိုပြောရာနှိုက် ခမည်းတော်ဟို မျော်ဖူးသူ တစုံတယောက်ဆိတာဟု မဆိုလို၊ ဘုရားသခင်ဆေမှ ကြွလာသူတဦးတည်းသာ ခမည်းတော်ဟို မျော်ခဲ့အယ်။ နင်လို့အား ငါ အမန်ဆိုတာဟ ငါ့ဟို ယုံကြည်သောသူဟ ထာဝရ အသက်ဟို ရအယ်။
Ouvir e obedecer
Felizes os que ouvem a Palavra de Deus e a praticam. Quem tem ouvidos ouça o que o Espírito diz.
အဲလိုလဲ ယေရှုဟ "ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားယွေ့ လိုက်နာသောသူလို့ဟ သာယွေ့ မင်္ဂလာဆိကြအယ်" ဟု ပြန်ပြောအယ်။
ကြားရန် နားဆိသောသူ စသူမဆို၊ ကြားပါစေ။"
ကိုယ်တော်ဟ "ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။
အဲကျောန့် ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟ ပြေ့စုံခြင်းဟို ရောက်လေအယ်။ ဟောပြောချက်မှာ၊
" ‘ဟေသူလို့ဟ ကြားလျက်နဲ့ နားလည်လိမ့်မယ် မဟုတ်၊
ကျေ့လျက်နဲ့ မျော်လိမ့်မယ် မဟုတ်၊
ပစာကို့ ဟေလူစုရဲ့ စိတ်နေလုံးဟ ထိုင်းမှိုင်းလျက်၊
သူလို့ရဲ့ နားများဟ လေးလျက်
မျက်စေ့များဟ ပိတ်လျက် ဆိအယ်။
အကယ်ယွေ့သာ သူလို့ရဲ့ မျက်စေ့များဟ မျော်နိန်ယွေ့
နားများဟ ကြားနိန်လျက်
စိတ်နေလုံးဟလည်း သိနားလည်နိန်မယ်ဆိုမန့်မူ၊
သူလို့ဟ ငါ့ဟို ခိုလှုံကိုးစားလာကြမယ် ဖြစ်ယွေ့၊
ငါဟလည်း သူလို့ဟို ကျန်းမာစေမယ်’ ဟု ဖြစ်အယ်။
"အဲလိုလဲ နင်လို့ရဲ့ မျက်စေ့များဟ မျော်ယွေ့ နားများဟလည်း ကြားသောကျောန့် နင်လို့ဟ မင်္ဂလာဆိကြအယ်။
လူဟို ညစ်ညမ်းစေသည့် အရာများ
အေးနောက် ယေရှုဟ လူအုပ်လို့အား အထံတော်ဟို ခေါ်ပင်း သူလို့အား "နားထောင်ပင်း နားလည်ကြလော့၊
ဘုရားသခင်ဟ နှုတ်ကပတ်တရားအတွက် ထင်ခါးဟို ဖွင့်ပေးသဖြင့် ခရစ်တော်ရဲ့ နက်နဲသောအရာဟို ငါလို့ဟောပြောနိန်ရန် ငါလို့အတွက်လည်း ဆုတောင်းပေးကြလော့၊ အဲတရားကျောန့် ငါဟ အခု ထောင်ကျလျက် ဆိအယ်။