A fé vem pelo ouvir
A fé vem pelo ouvir, e o ouvir pela Palavra de Cristo. Quando a Palavra é proclamada, a fé nasce nos corações. Ouvir a Deus é o primeiro passo para crer e seguir.
A fé vem pelo ouvir
A fé vem pelo ouvir, e o ouvir pela Palavra de Cristo. Quem ouve a Palavra crê e obtém a salvação eterna.
ယုဒလူမျိုး၊ တခြားလူမျိုးဟူ၍ ခွဲခြားမှုမဟိ၊ ဘုရားသခင်သည် လူအားလုံး၏အသျှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်၌ ဆုတောင်းသမျှ သောသူတိအား ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ချပီးတော်မူ၏။ ကျမ်းစာလာသည်ကား၊ "ထာဝရဘုရားသည် ဆုတောင်းပတ္ထနာ ပြုသောသူ မှန်သမျှကို ကယ်တင်တော်မူလိမ့်မည်" ဟူ၍ ဖြစ်၏။
သို့ရာတွင် ကိုယ်တော့်ကို ယုံကြည်မှုမဟိလျှင် ဇာပိုင် ဆုတောင်းပတ္ထနာ ပြုနိုင်မည်နည်း။ သတင်းကောင်းတရားကို မကြားလျှင် ဇာပိုင် ယုံကြည်နိုင် ဖို့လဲ။ သတင်းကောင်းတရားကို မဟောပြောလျှင် ဇာပိုင်ကြားနိုင်ဖို့လဲ။ ဟောပြောဖို့လူတိကို မပို့ပီးလျှင် သတင်းကောင်းတရားကို ဇာသူ ဟောပြောနိုင်ဖို့လဲ။ ကျမ်းစာက ဆိုထားသည်မှာ "သတင်းကောင်းတရားကို ယူဆောင်လာသောသူရို့သည် အလွန် ချီးမွမ်းအံ့ဩဖွယ် ကောင်းလီစွ" ဟူ၍ ဖြစ်၏။ သို့ရာတွင် သတင်းကောင်းတရားကို လူတိုင်း လက်မခံကြ။ ပရောဖက်ဟေသျှာယက သူကိုယ်တိုင် ပြောခသည်မှာ "ထာဝရဘုရားသျှင်၊ အကျွန်ရို့၏သတင်းစကားကို ဇာသူ ယုံကြည်ပါသနည်း" ဟူ၍ ဖြစ်၏။ သို့ဖြစ်၍ ယုံကြည်ခြင်းသည် သတင်းကောင်းတရားကို ကြားနာရခြင်းကြောင့် ဖြစ်၏။ ကြားနာခြင်းသည်ကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့် ဖြစ်၏။
ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ရို့ လက်ခံရခြင်းသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော၊ သို့မဟုတ် သတင်းကောင်းကို ကြားနာရ၍ ယုံကြည်ခြင်းအားဖြင့်လော။ ဤအချက်ကို ငါအား ပြောကြလော့။
သင်ရို့သည်လည်း ကယ်တင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းတည်းဟူသော သမ္မာတရားကို ကြားရသောအခါ ဘုရားသခင်၏ လူများဖြစ်လာကြ၏။ သင်ရို့သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်သည် မိမိကတိပီးထားတော်မူသော သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် သင်ရို့အား မိမိပိုင်တော်မူကြောင်းကို တံဆိပ်ခတ်တော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏လူရို့အား ကတိပီးထားတော်မူသည် နှင့်အညီ ငါရို့ခံစားရမည်ဖြစ်ကြောင်း အာမခံဖြစ် တော်မူ၏။ ထိုအာမခံချက်ဟူကား ဘုရားသခင်သည် မိမိပိုင်တော်မူသော သူရို့အား လွတ်မြောက်ခြင်းကို ရစီတော်မူမည်အကြောင်း ဖြစ်၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြကုန်အံ့။
"ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။
ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။
ခမည်းတော်သည် လူတိကို ငါ့ထံသို့ မပို့ဆောင်လျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်။ ငါသည်လည်း ထိုသူရို့အား နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီမည်။ ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။ ဤသို့ဆိုရာတွင် ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မြင်ဖူးသောသူ တစ်စုံတစ်ယောက်ဟိသည်ဟု ငါမဆို။ ဘုရားသခင်ထံမှ ကြွလာသောသူသာလျှင် ခမည်းတော်ကို မြင်ဖူးသောသူ ဖြစ်၏။ သင်ရို့အား ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။
Ouvir e obedecer
Felizes os que ouvem a Palavra de Deus e a praticam. Quem tem ouvidos ouça o que o Espírito diz.
သို့ရာတွင် ယေသျှုက "ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားရ၍ လိုက်နာသောသူသည် သာ၍ မင်္ဂလာဟိ၏" ဟု မိန့်တော်မူလေ၏။
ကြားစရာနားဟိသောသူသည်ကား ကြားကြစီ" ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်က၊ "သင်ရို့သည် လောကီနိုင်ငံအရပ်ရပ်သို့ လားပြီးလျှင် လူသတ္တဝါအပေါင်းရို့အား ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောကြလော့။
ထို့ကြောင့် ပရာဖက်ဟေသျှာယက သူရို့ကို ဤသို့ ဟောထားခ၏၊
" ‘ဤသူရို့သည် နားထောင်ပြီးယင်း နားထောင်သော်လည်း နားမလည်ကတ်၊
သူရို့သည် ကြည့်ပြီးယင်း ကြည့်သော်လည်း မမြင်ကတ်၊
ဇာကြောင့်လဲဆိုကေ၊ သူရို့၏စိတ်နှလုံးသည် အမှောင်ဖုံးနိန်သောကြောင့်ဖြစ်၏။
သူရို့၏နားသည် ပင်းနိန်ကတ်၏။
သူရို့၏မျက်စိသည်လည်း ကန်းနိန်ကတ်၏။
ထိုသို့ မဟုတ်လျှင် သူရို့မျက်စိသည် မြင်ကတ်လိမ့်မည်။
နားသည်လည်း ကြားကတ်လိမ့်မည်။
သူရို့၏အသိစိတ်ထဲမှာ နားလည်သဘောပေါက်ကြလျှင် သူရို့သည် ငါ့ပါးသို့ ပြန်လှည့်လာကြလိမ့်မည်ဟု ဘုရားသခင်က မိန့်တော်မူ၏၊
ငါသည်လည်း သူရို့ကို ကျန်းမာစီမည်။’
"သို့သော် သင်ရို့၏မျက်စိတိသည် မြင်သောကြောင့်၊ သင်ရို့၏နားတိသည် ကြားသောကြောင့် မင်္ဂလာဟိကြ၏။
လူကို ညစ်ညမ်းစီသောအရာများ
ထို့နောက် ယေသျှုသည် လူအပေါင်းရို့ကို မိမိထံပါးသို့ ခေါ်ပြီးလျှင်၊ "နားထောင်၍ သဘောပေါက်ကြလော့။
ခရစ်တော်၏ နက်နဲသည့်အရာနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ဟောပြောနိုင်ရန် အခွင့်အလမ်းကောင်းကို ဘုရားသခင်သည် ငါရို့အား ပီးတော်မူခြင်းငှာ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ ထိုတရားတော်ကြောင့် ငါသည် အဂု ထောင်ကျနိန်၏။