Pular para o conteúdo
Publicidade

A palavra

Por Bíblia Online

A Bíblia não é apenas um livro antigo, mas a voz de Deus falando diretamente ao seu coração hoje. Quando você lê e guarda essas palavras, encontra direção clara para os dias difíceis, consolo nos momentos de dor e a verdade que molda a sua caminhada com Cristo.

Deixar que essa mensagem guie seus passos exige tempo e atenção diária. Permita que o próprio Deus fale com você através das Escrituras, renovando suas forças e enchendo sua vida da presença dEle.

A Palavra de Deus é viva, eficaz e mais cortante que espada de dois gumes. Ela é lâmpada, alimento e purificação — tudo o que o cristão precisa para viver e crescer em fé.

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။-

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။

အ​သက်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော်

အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။-

သင်​တို့​သည် ငါ​ဟော​ပြော​သော​စ​ကား​အား​ဖြင့် ယ​ခု​ပင် ရှင်း​လင်း​လျက်​ရှိ​ကြ၏။-

ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-

ထို​ကြောင့်၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို မြည်း​စမ်း​ကြ​သည်​ဖြစ်၍၊ အ​မျိုး​မျိုး​သော မ​နာ​လို​ခြင်း၊ လှည့်​ဖြား​ခြင်း၊ လျှို့​ဝှက်​ခြင်း၊ ငြူ​စူ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ရှိ​သ​မျှ​ကို ပယ်​ရှား၍၊ ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွား​စ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.