A palavra
A Palavra de Deus é viva, eficaz e mais cortante que espada de dois gumes. Ela é lâmpada, alimento e purificação — tudo o que o cristão precisa para viver e crescer em fé.
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ အသက်ဆှင်ယွေ့ ထက်မြက်ကာ အသွားနေဖက်ပါလဲ့ သံလျက်ဆိသမျှလို့ထက် သာယွေ့ ထက်သဖြင့် အသက်နဲ့ ဝိညာဉ်လို့အထိ လည်းကောင်း၊ အရိုးအဆစ်နဲ့ ခြင်ဆီလို့အထိ လည်းကောင်း၊ ထိုးဖောက်ပိုင်းခြား တတ်အယ်။ စိတ်နေလုံးရဲ့ အကြံအစည်နဲ့ သဘောထားလို့ဟိုလည်း ထိုးထွင်း သိမျော်အယ်။
အစဦးနှိုက် နှုတ်ကပတ်တော် ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ အသက်ဟို ဆှင်စေနိန်အယ်၊ လူလို့ရဲ့ တန်ခိုးဟ စလိုမျှ မတတ်နိန်။ နင်လို့အား ငါပြောသောစကားဟ အသက်ဆှင်စေလဲ့ ဝိညာဉ်တော်နဲ့ ဆိုင်အယ်။
နင်လို့ဟ ငါဟောပြောသော စကားအားဖြင့် နင်လို့ဟ ဆှင်းလင်းလျက် ဆိခဲ့ကြပင်းပီ။
ယေရှုဟလည်း " ‘လူဟ မုန့်တခုတည်းအားဖြင့်သာ အသက်ဆှင်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် စကားဆိသမျှအားဖြင့် အသက်ဆှင်ရမယ်လို့ ကျမ်းစာလာအယ်’ " ဟူယွေ့ မိန့်အယ်။
ခေါန်းခင်နဲ့ မြေကြီး ပျောက်ကွယ်သွားပေမဲ့ ငါ့ရဲ့ စကားဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
နင်ဟ ဘုရားသခင်ဆေ့နှိုက် ယုံကြည်စိတ်ချရသူ တည်းဟူသော သမ္မာတရားရဲ့ နှုတ်ကပတ်တော်ဟို မန်ကန်စွာ ပိုင်းခြားတတ်လဲ့ ဆှက်ကြောက်စရာ မဆိသောသူအဖြစ် မိမိတတ်တိုင်း ဆက်သနိန်ရန် ကြိုးစားလော့။
ဝိညာဉ်ရေးဆိုင်ရာ သန့်ဆှင်းသော နို့ရည်ဟို အမြဲတောင့်တသော မွေးကင်းစ လူပဲ့များလိုမျိုး ဖြစ်ကြလော့၊ အေးလို့မှသာ အဲနို့ဟို သောက်ခြင်းဖြင့် နင်လို့ဟ ကြီးပြင်းလာပင်း ကယ်တင်ခြင်းဟို ခံရမယ် ဖြစ်အယ်။