A palavra
A Palavra de Deus é viva, eficaz e mais cortante que espada de dois gumes. Ela é lâmpada, alimento e purificação — tudo o que o cristão precisa para viver e crescer em fé.
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။
အသက်တည်းဟူသော နှုတ်ကပတ်တော်
အစအဦး၌ နှုတ်ကပတ်တော် ဟိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် အသက်ကို ပီးနိုင်၏။ လူသားရို့၏ အစွမ်းတန်ခိုးမူကား အသက်ကို မပီးနိုင်။ သင်ရို့အား ငါပြောသောစကားသည် အသက်ရှင်စီသော ထိုဝိညာဉ်တော်နှင့်သာ သက်ဆိုင်၏။
ငါသည် သင်ရို့ကို ငါ၏ နှုတ်ကပတ်တော်ဖြင့် သန့်ယှင်းထားပြီးဖြစ်၏။
ယေသျှုက "ကျမ်းစာလာသည်ကား၊ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်သာ အသက်ရှင်ရမည်’" ဟု ပြန်၍ မိန့်တော်မူ၏။
ကောင်းကင်နှင့် မြီကြီး ပျောက်ကွယ်လားသော်လည်း၊ ငါ့စကားသည် တစ်ခါလည်း ကွယ်ပျောက်လားလိမ့်မည် မဟုတ်ချေ။
သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။
မွီးစသျှေ ကဲ့သို့ ဝိညာဉ်ရေးရာနှင့်ဆိုင်သော သန့်ယှင်းသော နို့ရည်ကို အမြဲ လိုလားတောင့်တကြလော့။ အကြောင်းမူကား ထိုအရာကို သုံးဆောင်မှသာလျှင် သင်ရို့သည် ကြီးထွား၍ ကယ်တင်ခြင်းကို ခံရလိမ့်မည်။