A última palavra vem do Senhor
A última palavra pertence ao Senhor. Os planos do homem estão sujeitos à soberania de Deus. Ele rege toda a história e nenhum de seus propósitos pode ser frustrado.
စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဖို့ ဖန်ဆင်းတော်မူ၏။
ဘုရားသခင်သည် မုသားစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ၊ ကတိတော်မတည်ဘဲ နေတော်မူမည်လော။
ထာဝရဘုရားက၊ ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည်၊ မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။
ငါထာဝရဘုရားသည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လော။
ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။-
ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။-
တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။- ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။-