Aceitar Jesus
Aceitar Jesus é a decisão mais importante da vida. Quem o recebe como Senhor e Salvador recebe vida eterna, perdão completo e a presença permanente do Espírito Santo.
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
သင်ရို့သည်ကား "ယေသျှုသည် အသျှင်သခင် ဖြစ်တော်မူ၏" ဟု မိမိ၏နှုတ်ဖြင့် မြွက်ဆို၍ ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူသည်ဟု မိမိ၏စိတ်နှလုံးထဲ၌ ယုံကြည်ကြလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
ထိုအခါ သခင်ဘုရားထံ ကူညီမစခြင်းကို တောင်းခံကြသောသူမှန်သမျှသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်’ ဟူ၍ ဟောပြောခ၏။
ပေတရုက၊ "သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား" ဟု သူရို့အား ဖြေကြားတော်မူ၏။
ထိုအခါ သူရို့က "အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု ပြော၏။
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။