Adoração
A adoração é a resposta do coração humano à majestade de Deus. Deus é Espírito e importa que os que o adoram o adorem em espírito e em verdade — com todo o ser.
Adorar em espírito
Deus é Espírito e importa que os adoradores o adorem em espírito e em verdade. A adoração verdadeira brota do coração.
ဘုရားသခင်ဟ နာမ်ဝိညာဉ် ဖြစ်ယွေ့ ဘုရားသခင်အား ကိုးကွယ်သူလို့ဟ နာမ်ဝိညာဉ်နဲ့ သမ္မာတရားအားဖြင့် ကိုးကွယ်ရမယ်" ဟု မိန့်အယ်။
ဝတ်ပြုကိုးကွယ်သူလို့ဟ ခမည်းတော်အား အမန်စင်စစ်ဖြစ်လဲ့အတိုင်း ဝိညာဉ်တော် တန်ခိုးအားဖြင့် မန်ကန်စွာ ဝတ်ပြုကိုးကွယ်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လျက်ဆိအယ်၊ အကျောန်းမှာ ခမည်းတော်ဟ အေးလိုမျိုးသော ဝတ်ပြုကိုးကွယ်သူလို့ဟို အလိုဆိအယ်။ ဘုရားသခင်ဟ နာမ်ဝိညာဉ် ဖြစ်ယွေ့ ဘုရားသခင်အား ကိုးကွယ်သူလို့ဟ နာမ်ဝိညာဉ်နဲ့ သမ္မာတရားအားဖြင့် ကိုးကွယ်ရမယ်" ဟု မိန့်အယ်။
ယေရှုဟ "အချင်းမိန်းမ၊ ငါ့စကားဟို ယုံလော့၊ ဟေတောင်ပေါ်နှိုက် အဲဟာမဟုတ်ရင် ယေရုရှလင်မြို့နှိုက် လည်းကောင်း ခမည်းတော်ဟို ဝတ်ပြုကိုးကွယ်ခြင်း မပြုတော့မဲ့အချိန် ရောက်ဆိလာလိမ့်မယ်။ ရှမာရိအမျိုးဖြစ်လဲ့ နင်လို့ဟ မိမိလို့တကယ်မသိလဲ့ ဘုရားဟို ဝတ်ပြုကိုးကွယ်ကြအယ်၊ အဲလိုလဲ ငါလို့ဟတော့ ငါလို့သိလဲ့ ဘုရားဟို ဝတ်ပြုကိုးကွယ်ကြအယ်၊ ပစာကို့ ကယ်တင်ခြင်းဟ ယုဒအမျိုးသားဆေမှ တဆင့် သက်ရောက်လာသောကျောန့် ဖြစ်အယ်။ ဝတ်ပြုကိုးကွယ်သူလို့ဟ ခမည်းတော်အား အမန်စင်စစ်ဖြစ်လဲ့အတိုင်း ဝိညာဉ်တော် တန်ခိုးအားဖြင့် မန်ကန်စွာ ဝတ်ပြုကိုးကွယ်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လျက်ဆိအယ်၊ အကျောန်းမှာ ခမည်းတော်ဟ အေးလိုမျိုးသော ဝတ်ပြုကိုးကွယ်သူလို့ဟို အလိုဆိအယ်။
အေးသူဟ "သခင်ဘုရား၊ ငါ ယုံကြည်အယ်" ဟု ဆှောက်ယွေ့ ကိုယ်တော်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။
ယေရှုဟ သူ့အား "အချင်း စာတန်၊ ငါ့နားဟနေပင်း သွားလော့၊ ‘နင့်ရဲ့ အဆှင် ဘုရားသခင်ဟိုသာလျှင် ဝတ်ပြုရှိခိုးရမယ်၊ အဲအဆှင်ရဲ့ အစေဟိုသာလျှင် ခံရမယ်’ ဟု ကျမ်းစာနှိုက် ရေးထားအယ်" ဟု မိန့်အယ်။
ယေရှုဟလည်း "ကျမ်းစာပြောတာဟ ‘နင်ရဲ့ အဆှင် ဘုရားသခင်ဟိုသာ ကိုးကွယ်ရမယ်’ " ဟု ပြန်ပြောအယ်။
ဘုရားသခင်ရဲ့ အစေဟို ခံရန် စလို အသက်ဆှင်ရမဲ့အကျောန်း
ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။
ဘုရားသခင်ရဲ့ အစေဟို ခံရန် စလို အသက်ဆှင်ရမဲ့အကျောန်း
ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။ နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆိလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် အမြဲတမ်း ထင်ဆှားပါစေ၊ အာမင်။
ကျမ်းစာနှိုက် ရေးသားချက်အရ၊
"အဆှင် ဟောတာဟ ‘ငါဟ အသက်ဆှင်သောဘုရား ဖြစ်လဲ့အတိုင်း၊
ငါ့ဆေ့နှိုက် လူတိုင်း ဒူးထောက်ရမယ်၊
ငါဟ ဘုရားသခင်ဖြစ်ကျောန်း လူတိုင်း မိမိစလောင်နဲ့ ဝန်ခံရလိမ့်မယ်’ ဟု မိန့်အယ်။"
Louvor e reverência
Vinde, adoremos e prostremo-nos. Louvai ao Senhor! Todo ser que respira louve o nome glorioso do Senhor.
Declarações de adoração
Tu és digno, Senhor, de receber glória e honra! Ao Senhor pertence a grandeza, o poder, a glória e a majestade.
"ငါလို့ရဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းသဖြင့်
အဲအရာလို့ဟ ကိုယ်တော်ရဲ့ အလိုတော်အားဖြင့် တည်ယွေ့
ဖန်ဆင်းခြင်း ခံရပီ ဖြစ်သောကျောန့်
ကိုယ်တော်ဟ ဘုန်းတော်၊ ဂုဏ်တော်နဲ့ တန်ခိုးတော်လို့ဟို ခံယူထိုက်အယ်" ဟု ဆိုကြအယ်။
အဲခေါန်းခင်တမန်ဟ "ဘုရားသခင် တရားစီရင်မူရာ အချိန်ကျရောက်လာပီ ဖြစ်ယွေ့ ကိုယ်တော်ဟို ကြောက်ရွံ့လျက် ဘုန်းတော်ဟို ချီးမွန်းကြလော့။ ခေါန်းခင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းယေတွင်းလို့ဟို ဖန်ဆင်းသောသူဟို ကိုးကွယ်ကြလော့" ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။
အို ထာဝရဘုရား၊ စသူဟ ကိုယ်တော်ဟို မကြောက်ရွံ့၊
နာမတော်ဟိုလည်း မချီးမွန်းဘဲ နေလိမ့်မလုန်း။
အကျောန်းမှာ ကိုယ်တော် တပါးတည်းသာရင် သန့်ဆှင်းမြင့်မြတ်အယ်။
ကိုယ်တော်ရဲ့ ဖြောင့်မတ်သော စီရင်ချက်လို့ဟ ထင်ဆှားတာ ဖြစ်ယွေ့
လူမျိုးတကာလို့ဟ ကိုယ်တော်ရဲ့ ဆေ့ဟို လာယွေ့
ရှိခိုးကြပါလိမ့်မယ်" ဟု ဆိုကြအယ်။
ငါ ယောဟန်ဟ ဟေအကျောန်းအရာများဟို မျော်ရ ကြားရသောသူ ဖြစ်အယ်။ ငါဟ မျော်ရကြားရသောအခါ ၎င်းလို့ဟို ငါ့အား ပြသသော ခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လိုက်အယ်။ သူဟ "အဲလိုမပြုနဲ့၊ ငါဟ နင်မှစယွေ့ နင့်ညီအကိုလို့ ဖြစ်ကြလဲ့ ပရောဖက်များနဲ့ ဟေစာစောင်နှိုက် ပါသော စကားလို့ဟို လိုက်နာစောင့်ထိန်းသော သူများရဲ့ အစေခံသာ ဖြစ်အယ်။ ဘုရားသခင်ဟိုသာ ကိုးကွယ်လော့" ဟု ဆိုအယ်။
ဟေအကျောန်းကျောန့် ဘုရားသခင်ဟ ကိုယ်တော်အား အထက်အမြင့်ဆုံး အရပ်တိုင်အောန် ချီးမြောက်ယွေ့
ဘွဲ့နာမတကာလို့ထက် ကြီးမြတ်သော ဘွဲ့နာမဟို ပေးသနားခဲ့အယ်။
အဲကျောန့်၊ ယေရှုရဲ့ နာမတော်ဟို ဂုဏ်ပြုသောအားဖြင့်
အထက်ခေါန်းခင်အရပ်နှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း၊ မြေကြီးအောက်နှိုက် လည်းကောင်း၊ ဆိဆိသမျှလို့ဟ
ဒူးထောက်ကြလိမ့်မယ်။
နှုတ်ဆိသမျှလို့ဟလည်း ယေရှု ခရစ်တော်ဟ သခင်ဖြစ်ကျောန်း ဝန်ခံသဖြင့်
ခမည်းတော် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ထင်ဆှားစေမဲ့အကျောန်း ဖြစ်အယ်။
Sacrifício de louvor
Por meio de Jesus ofereçamos sempre sacrifício de louvor. Cantai ao Senhor, celebrai em salmos — enchei-vos do Espírito.
အဲလိုမို့ ငါလို့ဟ ကိုယ်တော်ဟို ငါလို့ရဲ့ သခင်အဖြစ် ဝန်ခံသောနှုတ်များဖြင့် ဂုဏ်တော်ချီးမွန်းခြင်း ယဇ်ဟို ယေရှုအားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြလော့။
အဲကျောန့် ငါလို့ဟ မတုန်လှုပ်နိန်သော နိုင်ငံတော်နဲ့ ကျေးဇူးတော်ဟို ရဆိတာ ဖြစ်ယွေ့ ကျေးဇူးတော်ဟို ချီးမွန်းကြစို့။ အဲလို ကျေးဇူးတော်ဟို ကြည်ညိုခြင်းနဲ့ ရိုသေခန့်ညားခြင်းလို့ဖြင့် ဘုရားသခင် နှစ်သက်လဲ့အတိုင်း ဝတ်ပြုကိုးကွယ်ကြစို့၊ အကျောန်းမှာ ငါလို့ရဲ့ ဘုရားသခင်ဟ လောင်ကျွမ်းသော မီးဖြစ်အယ်။
ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်းများဟို အချင်းချင်းသီဆိုလျက် သခင်ဘုရားဆေဟို နင်လို့ရဲ့ စိတ်နေလုံးထဲမှ သီဆိုကျူးဧကြလော့။
ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
ညဉ့်သန်းခေါင်အချိန်နှိုက် ပေါလုနဲ့ သိလလို့ဟ ဆုတောင်းကာ ဘုရားသခင်ဟို ချီးမွန်း သီချင်းများဟို သီဆိုလျက် နေကြအယ်။ တခြားထောင်သားများလည်း သူလို့ဟို နားထောင်နေကြအယ်။
ပေါလုဟ ဘုရားသခင်ဟို ကျေးဇူးတင်ခြင်း
ငါလို့ သခင် ယေရှုခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်၊ သနားခြင်းနဲ့ ပြေ့စုံသော အဖတည်းဟူသော နှစ်သိမ့်ခြင်း အလုံးစုံလို့ဟို ပေးသော ဘုရားသခင်ဟ မင်္ဂလာဆိမန့်စေ။ ကိုယ်တော်ဟ ငါလို့ခံရသော ဆင်းရဲဒုက္ခ အမျိုးမျိုးလို့နှိုက် ငါလို့ဟို နှစ်သိမ့်ခြင်း ပေးအယ်။ အဲဒါဟ ဘုရားသခင်ဆေမှ ငါလို့တတ်တိုင်း ရဆိသော နှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခ အမျိုးမျိုးဟို ခံရနေသော သူလို့အား ငါလို့ နှစ်သိမ့်ပေးနိန်ရန်အတွက် ဖြစ်အယ်။
ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။
Adoração como vida
Exaltai ao Senhor, prostrai-vos ante o escabelo dos seus pés. A adoração genuína transforma o adorador e agrada o Criador.
Falsa adoração
Não terás outros deuses diante de mim. Não adorarás ídolos. A adoração exclusiva ao Senhor é mandamento inegociável.
အေးလိုမို့ ဘုရားသခင်ဟ သူလို့ဆေမှ မျက်နှာလွှဲယွေ့ ခေါန်းခင်ရဲ့ ကြယ်များဟို ကိုးကွယ်ကြစေရန် သူလို့ဟို လောထားအယ်။ ပရောဖက် ပအုပ်များတွင် ဖော်ပြတာဟ
"အို ဣသရေလ လူမျိုးလို့၊
နင်လို့ဟ တောကန္တာရတွင်၊ အနှစ်လေးဆယ်ပတ်လုံးလုံး၊
ယဇ်ပူဇော်ရန် တိရစ္ဆာန်များနဲ့ ယဇ်များဟို ငါ့ဆေဟို ယူဆောင်လာခဲ့ဖူးသလော။
နင်လို့ သယ်ဆောင်လာလဲ့ အရာများမှာ မောလုတ်ရဲ့ တဲနဲ့၊
နင်လို့ ဘုရား ရင်ဖန်ရဲ့ ကြယ် ဖြစ်အယ်။
အဲအရာလို့ဟ နင်လို့ ဝတ်ပြု ကိုးကွယ်ရန် သွန်းလုပ်လဲ့ ရုပ်တုများ ဖြစ်ကြအယ်။
အေးလို့မို့ နင်လို့အား ဗာဗုလုန်မြို့ဟို ကျော်လွန်အောန် ငါ ခေါ်ဆောင်သွားလိမ့်မယ်"
မမန်ကန်သော နှိမ့်ချခြင်း၊ ခေါန်းခင်တမန်လို့အား ကိုးကွယ်ခြင်းလို့ဟို အလေးနက် ပြောဆိုယွေ့ မိမိလို့ မျော်လဲ့ရူပါရုံများဟို အကျောန်းပြုကာ မိမိလို့ဟ အခြားသူလို့ထက် သာတာဟု ပြောဆိုတတ်သူများဟ နင်လို့အား ရှုတ်ချခွင့်ဟို မပေးနဲ့။ သူလို့ဟ လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကျောန်းမဲ့ အလကားကား ထောင်လွှားလျက် ဆိကြအယ်၊ သူလို့ဟ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းတည်းဟူသော ခရစ်တော်ဟို မှီခိုအားကိုးမှု မဆိကြပေ။ ခရစ်တော်ရဲ့ ထိန်းချုပ်မှုအောက်တွင် အဆစ်များနဲ့ အရိုးချင်းဆက်ပေးလဲ့ အရွတ်များဖြင့် ကိုယ်ခန္ဓာ တခုလုံးဟို အားဖြည့်ကာ ဘုရားသခင်ရဲ့ အလိုတော်ဆိလဲ့အတိုင်း ကြီးပွားတတ်အယ်။
စသူကမှ နင်လို့ဟို ပစာနည်းနဲ့မှ မလှည့်စားစေနဲ့။ အကျောန်းမှာ ဖောက်ပြန်သင်းခွဲခြင်း ဦးရင်ဖြစ်ယွေ့၊ မတရားသောသူ တည်းဟူသော ပျက်စီးခြင်းရဲ့ သား မပေါ်လာခင် အေးနေ့ရက် ရောက်လာလိမ့်မယ် မဟုတ်။ သူဟ ဘုရားဟု ခေါ်သောအရာနဲ့ ကိုးကွယ်လဲ့အရာတိုင်းကို ဆန့်ကျင်ပင်း အရာအားလုံးလို့ထက် သူ့ကိုယ်သူ ချီးမြှောက်မယ် ဖြစ်အယ်။ သူဟ ဘုရားရဲ့ ဗိမာန်တော်နှိုက်ပင် ဝင်ထိန်ပင်း သူ့ကိုယ်သူ ဘုရားသခင် ဖြစ်အယ်ဟု ကြွေးကြော်လိမ့်မယ်။
Exemplos de adoração
Jó adorou em meio ao sofrimento. Esdras adorou na restauração. Paulo e Silas adoraram na prisão — e Deus respondeu.
ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။