Pular para o conteúdo
Publicidade

O adultério

Por Bíblia Online

O casamento é uma aliança diante de Deus que exige cuidado diário, lealdade e proteção. Quando a promessa de fidelidade é quebrada, o impacto atinge o casamento, os filhos e o próprio coração de quem comete o ato. A Escritura trata a quebra dessa aliança com muita seriedade, mostrando que a pureza e o compromisso sustentam a vida em família segundo os mandamentos do Senhor.

Deus conhece as intenções mais profundas e chama você a guardar os próprios pensamentos e atitudes. As palavras de Jesus vão além da ação física e alcançam o interior, lembrando que a integridade começa na mente e no desejo. Encontrar orientação na Palavra ajuda a reconhecer os perigos da infidelidade e a buscar forças para viver com retidão e honrar a aliança conjugal.

O adultério é pecado grave que destrói alianças, famílias e vidas. A Bíblia condena firmemente a infidelidade conjugal e chama à pureza, fidelidade e santidade no casamento.

A lei de Deus

Não adulterarás. Quem comete adultério destrói a própria alma. A Palavra de Deus é clara e direta sobre este pecado.

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။

သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

ကိုယ်​ကို​ညစ်​ညူး​စေ​လျက်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ။

သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဉာဏ်​မ​ရှိ။ ထို​သို့ ပြု​သော​သူ​သည် မိ​မိ​အ​သက်​ကို ဖျက်​ဆီး​တတ်၏။

သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဉာဏ်​မ​ရှိ။ ထို​သို့ ပြု​သော​သူ​သည် မိ​မိ​အ​သက်​ကို ဖျက်​ဆီး​တတ်၏။ နာ​ကျင်​စွာ​ထိ​ခိုက်​ခြင်း​နှင့် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၏​အ​ရှက်​ကွဲ​ခြင်း​သည် မ​ပြေ​နိုင်။ အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​စိတ်​ရှိ​လျှင်၊ ပြင်း​ထန်​စွာ အ​မျက်​ထွက်​တတ်၏။ အ​ပြစ်​ပေး​ချိန် ရောက်​သော​အ​ခါ သ​နား​ခြင်း​မ​ရှိ​တတ်။ လျော်​ပြစ်​ငွေ​မည်​မျှ​ကို ပ​မာ​ဏ​မ​ပြု​တတ်။ များ​စွာ​သော​လက်​ဆောင်​တို့​ကို ပေး​သော်​လည်း စိတ်​မ​ပြေ​တတ်။

လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။ ခြေ​မ​လောင်​ဘဲ မီး​ခဲ​ပေါ်​မှာ နင်း​နိုင်​သ​လော။ သူ့​မ​ယား​ထံ​သို့ ဝင်​သော​သူ​သည် ထို​နည်း​တူ​ဖြစ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့် မ​ကင်း​မ​လွတ်​နိုင်​ရာ၊

Jesus ensina

Quem olhar para uma mulher com intenção impura já adulterou no coração. Jesus elevou o padrão da pureza.

သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း

သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။-

ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့် ကွာ​သော​သူ​သည် မိ​မိ​မ​ယား​ကို မှား​ယွင်း​စေ၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို ပြစ်​မှား၏။-

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

ကိုယ်​တော်​က​လည်း၊ အ​ကြင်​သူ​သည် မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြ၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။-မိန်း​မ​သည်​လည်း မိ​မိ​လင်​နှင့်​ကွာ၍ အ​ခြား​သော​ယောက်ျား​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျှင် မှား​ယွင်း​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။

အ​ကြင်​သူ​သည် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။ လင်​ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ​သည် မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​စဉ်​တွင်​ပင် တွေ့​မိ​ပါ​သည်။- ထို​သို့​သော​မိန်း​မ​ကို ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​ဟု မော​ရှေ​သည်​အ​ကျွန်ုပ်​တို့​အား ပ​ညတ်​တ​ရား၌ စီ​ရင်​ထုံး​ဖွဲ့​ပါ​ပြီ။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​မည်​နည်း​ဟု လျှောက်​ကြ၏။-ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။- ထို​သူ​တို့​သည် အ​ထပ်​ထပ်​မေး​လျှောက်​ကြ​သော​အ​ခါ ကိုယ်​ကို​လှန်​တော်​မူ၍၊ သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် ရှေ့​ဦး​စွာ ကျောက်​ခဲ​နှင့်​ပစ်​စေ​ဟု မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​အောက်​သို့​ငုံ့၍ မြေ၌ ရေး​သား​တော်​မူ​ပြန်၏၊ ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။- ထို​အ​ခါ​ယေ​ရှု​သည် ကိုယ်​ကို​လှန်​တော်​မူ​ပြန်၍၊ ထို​မိန်း​မ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​လျှင်၊ အ​ချင်း မိန်း​မ၊ သင့်​ကို အ​ပြစ်​တင်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင်၏​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​စီ​ရင်​လော ဟု​မေး​တော်​မူ၏။- ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။

Armadilhas e consequências

Os lábios da mulher estranha destilam mel, mas o seu fim é amargo. Fuja da imoralidade — o adultério escraviza.

အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊ အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။ သူ၏​ခြေ​တို့​သည် သေ​ခြင်း​သို့​ဆင်း၍၊ သူ​သွား​ရာ​လမ်း​သည် မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​တတ်၏။ သင်​သည် အ​သက်​လမ်း​ကို​မ​ဆင်​ခြင်​ရ​အောင်၊ သူ့​ထုံး​စံ​ဓ​လေ့​တို့​သည် တ​ရွေ့​ရွေ့​ပြောင်း​လဲ​သ​ဖြင့်၊ သင်​သည် နား​မ​လည်​နိုင်​ရ။

အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊ အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။ သူ၏​ခြေ​တို့​သည် သေ​ခြင်း​သို့​ဆင်း၍၊ သူ​သွား​ရာ​လမ်း​သည် မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​တတ်၏။ သင်​သည် အ​သက်​လမ်း​ကို​မ​ဆင်​ခြင်​ရ​အောင်၊ သူ့​ထုံး​စံ​ဓ​လေ့​တို့​သည် တ​ရွေ့​ရွေ့​ပြောင်း​လဲ​သ​ဖြင့်၊ သင်​သည် နား​မ​လည်​နိုင်​ရ။ သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို မ​ပယ်​ကြ​နှင့်။ ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။ သို့​မ​ဟုတ် သင်​သည် ကိုယ်​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး၌​လည်း​ကောင်း၊ ကိုယ်​အ​သက်​ကို ကြမ်း​တမ်း​သော သူ​တို့၌​လည်း​ကောင်း​အပ်​လိမ့်​မည်။

ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။ သို့​မ​ဟုတ် သင်​သည် ကိုယ်​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး၌​လည်း​ကောင်း၊ ကိုယ်​အ​သက်​ကို ကြမ်း​တမ်း​သော သူ​တို့၌​လည်း​ကောင်း​အပ်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​စည်း​စိမ်​နှင့် ပြည့်​ဝ​ကြ​လိမ့်​မည်။ သင်​လုပ်၍ ရ​သော​ဥ​စ္စာ​သည် တစ်​ပါး​အ​မျိုး​သား​အိမ်​သို့ ရောက်​လိမ့်​မည်။ နောက်​ဆုံး၌ သင့်​အ​သား၊ သင့်​ကိုယ်​ကာ​ယ​ဆွေး​မြေ့​သော​အ​ခါ၊ ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။ ငါ့​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​အား သွန်​သင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ခံ​ဘဲ​နေ​လေ​ပြီ​တ​ကား။ စည်း​ဝေး​သော​ပ​ရိသတ်​များ​အ​လယ်၌ ဒု​စ​ရိုက်​မျိုး​ကို ကုန်​စင်​လု​သည်​တိုင်​အောင် ငါ​ပြု​လေ​ပြီ​တ​ကား​ဟု မြည်​တမ်း​ရ​လိမ့်​မည်။

သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။ ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။

ထို​မိန်း​မ၏​အိမ်​သည် သေ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ​လိုက်​သော​လမ်း​တို့​သည် သင်္ချိုင်း​သား​နေ​ရာ​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သ​ဖြင့်၊ သူ၏​အိမ်​သို့​ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပြန်​ရ။ အ​သက်​လမ်း​ကို​မ​မီ​ရ။

အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။

မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။-

ဝိ​ညာဉ်​ပ​က​တိ​နှ​င့်​ဇာ​တိ​ပ​က​တိ

ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။-

ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊- သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။-

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊- သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

နောင်​တ​ရ​သင့်​သော​ကာ​လ​ကို ငါ​ပေး​သော်​လည်း၊ သူ​သည် မိ​မိ​မ​တ​ရား​သော​မေ​ထုန်​ကို နောင်​တ​ရ​ချင်​သော စိတ်​မ​ရှိ။- ထို​ကြောင့်၊ သူ့​ကို အိပ်​ရာ၌​ငါ​ချ​ထား​မည်။ သူ​နှင့်​အ​တူ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍၊ ထို​သို့​သော အ​ကျင့်​ကို နောင်​တ​မ​ရ​သော​သူ​တို့​ကို​လည်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​စေ​မည်။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.