Agradecimento a Deus
Agradecer a Deus é louvor, adoração e reconhecimento da sua soberania. Dai graças ao Senhor porque Ele é bom — a sua misericórdia dura para sempre!
ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။
ကျေးဇူးတော်ချီးမွန်းခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်း
သင်ရို့အကြောင်းကို သတိရသည့်အခါတိုင်း ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
သက်သာလောနိတ် အသင်းတော်၏ အသက်တာနှင့် ယုံကြည်ခြင်း
ငါရို့သည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက် သင်ရို့အားလုံးအတွက် ဘုရားသခင်အား အစဉ်မလပ် ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။ ယုံကြည်ခြင်းအားဖြင့် သင်ရို့၏လက်တွိ့ လုပ်ဆောင်မှု၊ ချစ်ခြင်းမေတ္တာအားဖြင့် သင်ရို့၏ ကြိုးစားအားထုတ်မှုနှင့် ငါရို့၏ အသျှင် ယေသျှုခရစ်တော်၌ မျှော်လင့်ခြင်းအားဖြင့် သင်ရို့၏ သည်းခံမှုတိကို ငါရို့၏အဖ ဘုရားသခင်ရှိ့တော်၌ ငါရို့သည် အမြဲမပြတ် အောက်မိ့လျက်ဟိကြ၏။
ခရစ်တော်၌ ကောင်းကြီးမင်္ဂလာ
ငါသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့ကို ဘုရားသခင် ပီးတော်မူသော ကျေးဇူးတော်ကို ထောက်၍ သင်ရို့အဖို့အလို့ငှာ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းပါ၏။
သို့ရာတွင် ငါရို့၏ အသျှင်ယေသျှုခရစ်တော်အားဖြင့် ငါရို့အား သီခြင်းတရားနှင့် အပြစ်တရားကို အောင်နိုင်ရသောအခွင့်ကို ပီးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ခရစ်တော်အားဖြင့် အောင်မြင်ခြင်း
သို့ရာတွင် ငါရို့ကို ခရစ်တော်၌ အစဉ်မပြတ် အောင်ပွဲခံစီ၍ ကိုယ်တော့်ကို သိသောဉာဏ်၏ မွှီးကြိုင်သောရနံ့ကို နီရာတိုင်း၌ ငါရို့အားဖြင့် ပြန့်နှံ့စီတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ပျိုးကြဲသောသူအား မျိုးစိ့ကိုလည်းကောင်း၊ အစာအတွက် မုန့်ကိုလည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။ သင်ရို့သည် အချိန်တိုင်း၌ ရက်ရောစွာ ပီးကမ်းနိုင်ကြစီရန် ကိုယ်တော်သည် သင်ရို့အား အစဉ် ချမ်းသာကြွယ်ဝ စီတော်မူလိမ့်မည်။ သင်ရို့ ပီးကမ်းသော အလှူများကို ငါရို့ပါးက ခံယူကြသော များစွာသော သူရို့သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူကြလိမ့်မည်။
ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို အချင်းချင်း သီဆိုပြောဆိုကြ၍၊ စိတ်နှလုံးထဲ၌ သခင်ဘုရားအား ချီးမွမ်းထောမနာပြုလျက် ဓမ္မတေးခြင်းများနှင့် ဆာလံတေးခြင်းများကို သီဆိုကြလော့။ ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။
လင်နှင့် မယား
ခရစ်တော်ကို ရိုသီလေးစားသောအားဖြင့် သင်ရို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် နှိမ့်ချကြလော့။
ထို့နောက် ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကို ဖဲ့တော်မူပြီးလျှင် လူတိကို ဝီငှစီခြင်းငှာ တပည့်တော်ရို့အား ပီးတော်မူ၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလည်း ခွဲဝီပီးတော်မူ၏။ လူအပေါင်းရို့သည် ဝစွာစားကြပြီးမှ၊ မုန့်နှင့်ငါး အကြွင်းအကျန်ကို ကောက်သိမ်းကြရာတွင် တစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.