Agradecimento pela vida
Parar para pensar na própria existência é perceber que cada respiração vem de Deus. Em meio às correrias dos dias, é comum esquecer que o simples fato de existir é um presente imerecido do Criador.
A Bíblia lembra que nossa vida está inteiramente nas mãos Dele, desde o primeiro sopro até o fim dos nossos dias. Dedicar alguns minutos para agradecer por mais um dia é uma forma de alinhar o coração com o Autor de tudo o que somos e temos.
Agradecer pela vida é reconhecer que cada respiração é dom de Deus. Toda criatura que tem fôlego louve ao Senhor — porque Ele nos formou e nos sustenta com amor.
အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။
ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသောပရောဖက်များတို့သည် စီရင်ရေးထားသောဆာလံကျမ်းပြီး၏။
ကယ်တင်ရှင်သခင်ကိုချီးမွမ်းခြင်း
အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။ ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။ မထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသောအခါ၊ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။ မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို ပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင်၊ ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ၏။
ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကိုသီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။ ကျေးဇူးတော်ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တံတိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို ကောင်းချီးပေးကြလော့။
အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန်မြတ်နိုးဖွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။ အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်းငှာ အခွင့်ပေးတော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။
သေခြင်းမှကင်းလွတ်သည့်ချီးမွမ်းခြင်း
''ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။''
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကျွန်ုပ်ကို ဆယ်နုတ်တော်မူ၏။ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူ။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအော်ဟစ်၍၊ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံထဲက နုတ်ယူတော်မူပြီ။ သင်္ချိုင်းတွင်းထဲသို့မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ။
တရားမျှတမှုအတွက်ချီးမွမ်းခြင်း
အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ အမြင့်ဆုံးသောဘုရား။
ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။
ခရစ်တော်၌ဝိညာဉ်ဆုကျေးဇူးများ
ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊-
ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။
အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။- မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။- ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။
ခရစ်တော်၏ကြီးမြတ်ခြင်း
ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။- အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။-
ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနုတ်တော်မူပြီ။
တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။ အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.