Agradecimento pela vida
Agradecer pela vida é reconhecer que cada respiração é dom de Deus. Toda criatura que tem fôlego louve ao Senhor — porque Ele nos formou e nos sustenta com amor.
နို့လေ သခင် ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီး ရှိမျှဂူလောင်းတွပ် ဖဘုရားသခင်ဟှို မြဲဒမ်း ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
ခရစ်တော်အားဖြင့်ရဟှူ ဝိညာဉ်ဆုကျေးဇူးကြောန်း
နို့လေဟှာ သခင်ယေရှုခရစ်တော်ရဲ့ဖ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကောန်းဂန်လောကနဆိုင်ဟှူ ဝိညာဉ်ကောန်းဂျီးမင်္ဂလာလေဟှို ယေရှုခရစ်တော်အားဖြင့် တလောင်းတဝဒဲ ဖြစ်ဟှူ နို့လေဟှို ပေးသနားဟှားကြောန့် ဖြစ်ဟှယ်။
နို့လေဟှာ တန်းဖိုးဖြတ်နိုင်ဘဲဟှူ ဆုကျေးဇူးတော်တွပ် ဘုရားသခင်ဟှို ကျေးဇူးတန်ဂေ့ဇို့။
နန်းနို့ဟှို လန်းရောန်နှိုက်ရှိဟှူ သန့်ရှင်းသူလေရဲ့ မွီတော်မာ ပါဝမ်ထိုက်ဟှူသူ ဖြစ်စေတော်မူဟှူ ဖဘုရားသခင်ဟှို ဝန်းသာဟှူ စိန ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။ ဖဘုရားသခင်ဟှာ နို့လေဟှို မှောန်မိုက်ရဲ့တဂိုးဟှ ကယ်နှုတော်မူဘီးဟှာ သူရှစ်မြတ်နိုးတော်မူဟှူ သားတော်ရဲ့ နိုင်ငံတော်ထဲဟှို ခေါ်သွမ်းတော်မူဟှယ်။ နို့လေဟှာ အယ်သားတော်အားဖြင့် ဝီးနှုရှင်းဖြစ်ဟှူ ပြစ်လေ ခွမ့်လွှတ်ရှင်း ကျေးဇူးဟှို ရရှိဂေ့ဟှယ်။
ခရစ်တော်ရဲ့ ဇာတိတော်န လောက်ဆောန်မှုကြောန်း
သားတော်ဟှာ မျစ်စိနဗြင်နိုင်ဘဲဟှူ ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်တော်ဖြစ်ဘီး ဖန်ဆင်းတော်မူဟှူ ဝေနေယျသတ္တဝါလေ ဂူလောင်းထဲမာ သားဦးဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ထတ်န မ္လေဂီးထတ်မာ ရှိဟှူရာလေ ဂူလောင်းနတူးဒူ လူ့မျစ်စိန ဗြင်နိုင်ဟှူရာ၊ ဗြင်နိုင်ဘဲဟှူရာ၊ ရာဇပလ္လင်လေဖြစ်ဖြစ်၊ စိုးရဟှူ တဂိုးလေဖြစ်ဖြစ်၊ ထွဋ်မြတ်ခွမ့်အာဏာလေဖြစ်ဖြစ် ရှိဟှူမျှရာလေ ဂူလောင်းဟှို ဘုရားသခင်ဟှာ အယ်မူသားတော်အားဖြင့် ဖန်ဆင်းတော်မူဟှူကြောန့် ဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှာ အယ်သခင်အားဖြင့်န အယ်သခင်တွပ် ဖန်ဆင်းတော်မူလေဟှယ်။ သားတော်ဟှာ ရှိမျှဂူလောင်း ဖြစ်ခန်ဒဲဟှ ရှိတော်မူဘီး ရှိမျှဂူလောင်းဟှိုလည်း တဂိုးတော်အားဖြင့် တည်နေဂေ့ဟှယ်။