Agradecimento pela vida
Agradecer pela vida é reconhecer que cada respiração é dom de Deus. Toda criatura que tem fôlego louve ao Senhor — porque Ele nos formou e nos sustenta com amor.
ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။
ခရစ်တော်၌ ဝိညာဉ်ရေးဆိုင်ရာ ကောင်းကြီးမင်္ဂလာများ
ငါရို့အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော် ဘုရားသခင်အား ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ထိုအသျှင်သည် ငါရို့အား ကောင်းကင်ဘုံနှင့်ဆိုင်သော ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာ ဟူသမျှကို ခရစ်တော်၌ ပီးသနားတော်မူသောကြောင့် ဖြစ်၏။
ကိုယ်တော်၏ ဖော်ပြ၍မကုန်နိုင်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့် ချီးမွမ်းနိုင်ကတ်ပါစီ။ ကိုယ်တော်သည် ငါရို့အား မှောင်မိုက်တန်ခိုးမှ ကယ်နုတ်တော်မူ၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။ ထိုသားတော်အားဖြင့် ငါရို့ကို လွတ်မြောက်စီတော်မူပြီး ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီ။
ခရစ်တော်၏ လူသားဖြစ်ခြင်းနှင့် အမှုတော်
ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော် ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူသဖြင့် ဖန်ဆင်းခံအရာ အားလုံးထက် ကြီးမြတ်တော်မူ၏။ အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။ ခရစ်တော်သည် ခပ်သိမ်းသောအရာတိ မပေါ်ပေါက်ခင်ကပင် ဟိနိန်တော်မူပြီး ခပ်သိမ်းသောအရာရို့သည် ကိုယ်တော်၌ အတူတကွ တည်လျက်ဟိကြ၏။