Ajuda ao próximo
Ajudar o próximo é mandamento de Deus e expressão prática da fé. A Bíblia ensina que a fé sem obras é morta — e que servir ao menor dos irmãos é servir a Cristo.
အကျောန်းမှာ နင်လို့ဟ ငါမွတ်စဉ်အခါ ငါ့ဟို စားစရာပေးကြအယ်၊ ငါယေငတ်သောအခါ ငါ့ဟို သောက်စရာ ပေးကြအယ်။ ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံကြအယ်။ ငါဟ အဝတ်ဝတ်စရာမဆိသောအခါ နင်လို့ဟ ငါ့ဟို အဝတ်ပေးကြအယ်။ ငါဖျားနာသောအခါ နင်လို့ဟ ငါ့ဟို ကျေ့ရှုကြအယ်။ ငါထောင်ကျသောအခါ ငါ့ဆေဟို လာကြအယ်’ ဟု မိန့်လိမ့်မယ်။ အေးအခါ ဖြောင့်မတ်သောသူလို့ဟ ‘သခင်ဘုရား၊ ကိုယ်တော် မွတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကျွေးမွေးကြလုန်း အဲဟာမဟုတ်ရင် ယေငတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ယေဟို ပေးလုန်း။ ဧည့်သည်ဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကြိုဆိုလက်ခံခဲ့ကြလုန်း အဲဟာမဟုတ်ရင် အဝတ်ဝတ်စရာ မဆိဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ အဝတ်ပေးလုန်း။ ဖျားနာတာဟိုလည်းကောင်း၊ ထောင်ကျတာဟိုလည်းကောင်း ပစာအခါနှိုက် ငါလို့ဟ မျော်ယွေ့ အထံတော်ဟို လာခဲ့လုန်း’ ဟု ပြန်ယွေ့ဆှောက်ကြသော်၊ ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
တောင်းသောသူအား ပေးကမ်းလော့၊ နင့်ဆေမှ ငမ်းလိုသော သူအားလည်း မငြင်းပယ်နဲ့။
အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
သူတပါးဟို ပေးကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ပေးလိမ့်မယ်။ အမန်စင်စစ်၊ ရက်ရက်ရောရော ကူညီခြင်း၊ ပြေ့လျှံသော အတိုင်းအတာထက် နင်လို့ လက်ထဲဟို သွန်းလောင်းလိမ့်မယ်။ နင်ဟ အခြားသူလို့ဟို ပေးလဲ့ပမာဏအတိုင်း ဘုရားသခင်ဟ နင်လို့ဟို ပေးလိမ့်မယ်" ဟု ပြောအယ်။
လူအပေါင်းလို့ဟ "အဲလို့ဖြစ်ရင် ငါလို့ဟ စလို ပြုရမလုန်း" ဟု မေးကြအယ်။
သူဟ "ရှပ်အင်္ကျီ နေထည်ဆိသောသူဟ မဆိသောသူဟို ငရမယ်၊ စားစရာဆိသောသူဟလည်း အေးတိုင်းတိုင်း ငရမယ်" လို့ ပြန်ပြောအယ်။
နင်လို့ ပိုင်ဆိုင်သမျှဟို ရောင်းချပင်း ဆင်းရဲသောသူလို့အား ပိတ်ဆန်ဟို ပေးကြလော့။ မဟောင်းနွမ်းနိန်သော ပိတ်ဆန်အိတ်လို့ဟို ကိုယ့်အဖို့ ပြင်ဆင်ကြလော့။ ပစာခါမှ မပျက်စီးနိန် မလျော့သွားတဲ့ ခေါန်းခင်နိုင်ငံမှာ နင်လို့ရဲ့ ဘဏ္ဍာဟို သိမ်းထားကြလော့။ ပစာကို့ အေးအရာများဟို သူခိုးလို့ဟ မရနိန်၊ အဲဒီအရာဟို ပိုးရွလို့ မဖျက်စီးနိန်သောကျောန့် ဖြစ်အယ်။ နင်လို့ရဲ့ ဘဏ္ဍာဆိရာဟို နင်လို့ စိတ်နေလုံး ရောက်တတ်သောကျောန့် ဖြစ်အယ်။
ငါ့ပညတ်ဟ အဲလိုဖြစ်အယ်၊ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း၊ နင်လို့ဟ အချင်းချင်း ချစ်ကြလော့။
မိမိရဲ့ မိတ်ဆွေအတွက် အသက်ဟို စွန့်သော မေတ္တာထက် ကြီးမြတ်သောမေတ္တာဟ စသူ့မှာမှ မဆိ။
အေးလို့ ကြိုးစား လုပ်ဆောင်ယွေ့ အားနည်းသော သူလို့ဟို ကူညီမစသင့်ကျောန်းနဲ့ ‘ပေးကမ်းခြင်းဟ ရယူခြင်းထက် သာယွေ့ မင်္ဂလာဆိအယ်’ ဟု သခင် ယေရှုတတ်တိုင်း မိန့်လဲ့စကားဟို သတိရသင့်ကျောန်း အရာရာနှိုက် နင်လို့အား ငါ ပြသအယ်" ဟု ဆိုအယ်။
ပေါလုဟ အဲလို့ဆိုပင်းသောအခါ သူဟ ဒူးထောက်ယွေ့ သူလို့နဲ့အတူ ဆုတောင်းကြအယ်။ သူလို့ဟ ပေါလုဟို ဖက်ပင်း ငိုကာ သူ့ဟို နမ်းယွေ့ နှုတ်ဆက်ကြအယ်။ ပေါလုဟ သူ့ဟို နောက်ဖယ်တော့မှ ပြန်တွေ့တော့မှာ ဟုတ်ဝူးလို့ ပြောခဲ့သောကျောန့် သူလို့ဟ အထူးသဖြင့် ဝမ်းနည်းကြအယ်၊ အေးပင်းနောက် သင်္ဘောဆေဟို သူနဲ့အတူ လိုက်ကြအယ်။
သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။
အားဆိသော ငါလို့ဟ ကိုယ့်အလိုဟို မလိုက်၊ အားနည်းသော သူလို့ရဲ့ အားနည်းခြင်းဟို သည်းခံရမယ်။
ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။
ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။
မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။
ငါ့ညီအကို မောင်နှမလို့၊ လူတစုံတယောက်ဟ ယုံကြည်အယ်ဟု ဆိုသော်လည်း အကျင့်အားဖြင့် သက်သေမပြနိန်ရင် ပစာ အကျိုးဆိမှာလုန်း။ အဲယုံကြည်ခြင်းဟ သူ့အား ကယ်တင်နိန်မှာလုန်း။ ညီအကို မောင်နှမလို့ဟ အဝတ်အချည်းစည်းနေလျက် နေ့စဉ် လိုအပ်သောအစားအစာလည်း မဆိသောအခါ နင်လို့ထဲမှ တစုံတယောက်ဟ "ငြိမ်းချမ်းစွာ သွားကြလော့။ နွေးထွေးစွာ နေယွေ့ ဝလင်စွာ စားကြလော့" ဟု သူလို့အား ဆိုလျက် သူလို့ရဲ့ ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများဟို မပေးဘဲနေရင် စလို အကျိုးဆိမှာလုန်း။ ယုံကြည်ခြင်းဟလည်း အဲတိုင်းတိုင်း ဖြစ်အယ်။ အကျင့်နဲ့ ကင်းသော ယုံကြည်ခြင်းဟ တပါးတည်းဆိသောကျောန့် အသေ ဖြစ်အယ်။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။