Ajuda para casais
Viver a dois exige paciência diária, disposição para perdoar e muito diálogo. As Escrituras mostram caminhos práticos para lidar com os desentendimentos, cuidar da comunhão e manter o respeito dentro de casa.
As palavras de Deus lembram que o amor verdadeiro se sustenta na graça e na entrega mútua. Encontre orientação e consolo na Palavra para fortalecer a sua união.
Deus fortalece casamentos. A Bíblia oferece sabedoria prática para casais: comunicar com verdade, perdoar com graça, servir com amor e buscar a Deus juntos.
Amor e respeito
Maridos, amai vossas mulheres. Mulheres, respeitem seus maridos. O amor mútuo edifica o casamento.
ဖိုးအိုလို့၊ ခရစ်တော်ဟ အသင်းတော်ဟို ချစ်ယွေ့ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်လဲ့နည်းတူ ပေါင်အိုမဟို ချစ်ကြလော့။
အဲလိုလဲ အေးအရာဟလည်း နင်လို့ဟို ရည်ညွှန်းအယ်။ ဖိုးအိုတိုင်းဟ မိမိပေါင်အိုမဟို မိမိလိုမျိုး ချစ်ရမယ်။ အားပင်း ပေါင်အိုမတိုင်းဟ မိမိရဲ့ဖိုးအိုဟို ရိုသေရမယ်။
ဖိုးအိုများဟ မိမိကိုယ်ကို ချစ်သလိုမျိုး ပေါင်အိုမကိုလည်း ချစ်သင့်အယ်။ ပေါင်အိုမဟိုချစ်သောသူဟ မိမိကိုယ်ကို ချစ်အယ်။ ငါလို့ရဲ့ ကိုယ်ခန္ဓာကို မုန်းသောသူဟူယွေ့ တယောက်မှမဆိပါ။ အဲအစား၊ ခရစ်တော်ဟ အသင်းတော်ကို လုပ်ဆောင်သလိုမျိုး သူလို့ဟို ကျွေးမွေးပြုစုစောင့်ဆှောက်အယ်။
အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။
"အူထော့သော်လည်း အပစ်မပြုကြနဲ့"။ စိတ်ဆိုးမပြေဘဲ နေမဝင်ပါစေနဲ့။ မာရ်နတ်ဟိုလည်း အခွင့်မပေးကြနဲ့။
နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။
ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။ တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
União e fidelidade
O que Deus ajuntou não separe o homem. Eu e minha casa serviremos ao Senhor. A fidelidade é alicerce do casamento.
အဲလိုမို့ သူလို့ဟ နေဦးမဟုတ်ဘဲ တဦးတည်း ဖြစ်အယ်။ အဲကျောန့် ဘုရားသခင် စုံဖက်ပေးတာဟို လူဟ မခွဲခွာစေနဲ့" ဟု မိန့်အယ်။
ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။
ဖဝါ့သစ်တွင် တဦးနဲ့တဦး ဆက်ဆံရေး
ပေါင်အိုမလို့၊ ခင်ပွန်းရဲ့ အုပ်စိုးခြင်းဟို ခံယူကြလော့၊ နင်လို့ဟ ခရစ်ယာန်များအနေဖြင့် ဟေသို့ ခံယူသင့်အယ်။
ခင်ပွန်းဖြစ်သူလို့၊ ပေါင်အိုမဟို ချစ်ကြလော့၊ သူလို့အား ကြမ်းတမ်းစွာ မပြုကြနဲ့။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။ တယောက်နှိုက်တယောက် အပစ်တင်စရာ အခွင့်ဆိရင် အချင်းချင်း သည်းခံယွေ့ အပစ်ဟို ခွင့်လွှတ်ကြလော့။ သခင်ဘုရားဟ နင်လို့ရဲ့ အပစ်ဟို လွှတ်သလို အဲတိုင်းတိုင်း ပြုကြလော့။
Perdão e paciência
Sede bondosos e compassivos uns com os outros. O amor é paciente, benigno. Permanece e persevera.
မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။ မတရားသောအမှုနှိုက် ဝမ်းမြောက်ခြင်း မဆိတတ်၊ သမ္မာတရားနှိုက်သာ ဝမ်းမြောက်တတ်အယ်။ ခပ်သိမ်းသောအရာလို့ဟို ဖုံးအုပ်တတ်အယ်။ ခပ်သိမ်းသောအရာဟို ယုံတတ်အယ်။ ခပ်သိမ်းသောအရာဟို မျှော်လင့်တတ်အယ်။ ခပ်သိမ်းသောအရာဟို သည်းခံတတ်အယ်။
အိုင်ထောင်သည်များအား ငါပညတ် လိုအယ်။ ဟေပညတ်မှာ ငါရဲ့ ပညတ် မဟုတ်ဘဲ သခင်ဘုရားရဲ့ ပညတ်ဖြစ်အယ်။ ပေါင်အိုမဟ မိမိဖိုးအိုနဲ့ ခွဲခွာယွေ့ မနေရ။ ခွဲခွာယွေ့ နေလျှင်လည်း နောက်ထပ် အိုင်ထောင်မပြုဘဲ နေရမယ်၊ အဲဟာမဟုတ်ရင် မိမိဖိုးအိုနဲ့ ပြန်လည်ယွေ့ ပေါင်းသင်းရမယ်။ ဖိုးအိုဟလည်း မိမိပေါင်အိုမဟို မကွာဆှင်းရ။
ဖိုးအိုဟ ဆက်ဆံခြင်းဝတ်ဟို မိမိပေါင်အိုမအား ပြုသင့်အယ်။ ပေါင်အိုမဟလည်း မိမိဖိုးအိုအား အဲတိုင်းတိုင်း ပြုရမယ်။ ပေါင်အိုမဟ မိမိကိုယ်ခန္ဓာဟို မပိုင်၊ ဖိုးအိုဟ ပိုင်အယ်။ အဲတိုင်းတိုင်း ဖိုးအိုဟလည်း မိမိကိုယ်ခန္ဓာဟို မပိုင်၊ ပေါင်အိုမဟ ပိုင်အယ်။ နင်လို့ဟ ဆုတောင်းခြင်းအတွက် အချိန်ပေးရန် ကြိုတင် သဘောတူညီချက်အရ ခဏငံ့ခြင်းမှ တပါး မိမိလို့ရဲ့ လင်မယားဝတ်များဟို မပျက်မကွက်ကြစေနဲ့။ အဲပင်းရင် ပုံမန်တိုင်း လင်မယားဝတ်ဟို ပြန်လည်စတင်မန့်။ ဟေနည်းအားဖြင့် မိမိလို့ရဲ့ စိတ်ဟို ချုပ်တည်းနိန်လျက် စာတန် စုံစမ်းသွေးဆောင်ခြင်းဟို ခံနိန်လိမ့်မယ်။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။ မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။
ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.