Ajuda para casais
Deus fortalece casamentos. A Bíblia oferece sabedoria prática para casais: comunicar com verdade, perdoar com graça, servir com amor e buscar a Deus juntos.
Amor e respeito
Maridos, amai vossas mulheres. Mulheres, respeitem seus maridos. O amor mútuo edifica o casamento.
လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။
သို့ရာတွင် ထိုစကားသည် သင်ရို့ကိုလည်း ရည်ညွှန်း၍ ဆိုသတည်း။ ထို့ကြောင့် လင်ယောက်ျားတိုင်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏မယားကိုလည်း ချစ်ရမည်။ ထို့နည်းတူ မယားဖြစ်သောသူတိုင်းသည်လည်း မိမိ၏လင်ယောက်ျားကို ရိုသီခြင်း ဟိရမည်။
လင်ယောက်ျားရို့သည် မိမိရို့ကိုယ်ကို ချစ်သကဲ့သို့ မိမိရို့၏ မယားတိကို ချစ်ကြရမည်။ မယားကို ချစ်သောသူသည် မိမိကိုယ်ကို ချစ်သောသူဖြစ်၏။ ( ဇာသူလေ့ မိမိကိုယ်ကို မုန်းသည်ဟူ၍ မဟိ။ ထိုသို့ပြုမည့်အစား၊ ခရစ်တော်သည် အသင်းတော်အား ကျွေးမွေးပြုစုတော်မူသကဲ့သို့ ငါရို့သည် မိမိကိုယ်ကို ကျွေးမွေး၍ ပြုစုစောင့်ရှောက်ကြ၏။
ထို့ကြောင့် မုသားစကားကို ထပ်၍ မပြောကတ်ကေ့။ သင်ရို့သည် မှန်သောစကားကိုသာ အချင်းချင်း ပြောကြလော့။ အကြောင်းမူကား ငါရို့အားလုံးသည် ခရစ်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
သင်ရို့သည် ဒေါသထွက်သော်လည်း ပြစ်မှားခွင့်ကို မပီးကတ်ကေ့။ ဒေါသမပြေဘဲ နီမဝင်ကတ်စီကေ့။ မာရ်နတ်ကို အခွင့်မပီးကတ်ကေ့။
ညစ်ညမ်းသော စကားတစ်ခွန်းကိုမျှ သင်ရို့နှုတ်မှ မထွက်စီကေ့။ သူတစ်ပါးအား အကျိုးဟိစီမည့် စကား၊ တည်ဆောက်စရာ ဖြစ်စီသည့် ကောင်းသော စကားကိုသာ ပြောကြလော့။ ထိုသို့ပြုမှသာ သင်ရို့၏စကားကို ကြားရသောသူရို့သည် ကောင်းကျိုးကို ခံစားရလိမ့်မည်။
ထို့ကြောင့် ခပ်သိမ်းသော ခါးသီးခြင်း၊ နာကြည်းခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူ့အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း ရို့ကို ဖယ်ယှားကြလော့။ ယင်းအစား၊ သင်ရို့သည် တစ်ဦးကိုတစ်ဦး သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်ရို့အား ခွင့်ရွှတ်တော်မူသည့်နည်းတူ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ခွင့်ရွှတ်ကြလော့။
União e fidelidade
O que Deus ajuntou não separe o homem. Eu e minha casa serviremos ao Senhor. A fidelidade é alicerce do casamento.
ထို့ကြောင့် သူရို့သည် ခန္ဓာနှစ်ခု မဟုတ်၊ တစ်ခန္ဓာတည်း ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် အတူတကွ ပေါင်းဖက်ထားသည်ကို လူသည် ခွဲခွါခွင့်မဟိ" ဟု မိန့်တော်မူ၏။
ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။
ခရစ်ယာန်မိသားစုနှင့်ဆိုင်သော လမ်းညွှန်ချက်များ
အိမ်ထောင်သျှင်မရို့၊ သင်ရို့သည် သခင်ဘုရား၌ ဟိကြသည့်အတွက် လင်ယောက်ျားရို့၏ အုပ်စိုးမှုကို ဝန်ခံကြလော့။
အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ မယားကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုမူကတ်ကေ့။
ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။ သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။ သင်ရို့အချင်းချင်း အပြစ်တင်စရာဟိလျှင် သည်းခံလျက် ခွင့်ရွှတ်ကြလော့။ သခင်ဘုရားသည် သင်ရို့ကို ခွင့်ရွှတ်ပီးသည့်နည်းတူ သင်ရို့သည်လည်း အချင်းချင်း ခွင့်ရွှတ်ကြလော့။
Perdão e paciência
Sede bondosos e compassivos uns com os outros. O amor é paciente, benigno. Permanece e persevera.
မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။ မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။ မကောင်းမှုဒုစရိုက်၌ မပျော်မွိ့တတ်၊ သို့သော် သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။ မေတ္တာသည် အစဉ်သဖြင့် ဖုံးအုပ်ပီးတတ်၏၊ ယုံကြည်တတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏။
အိမ်ထောင်သျှင်ရို့အဖို့ ငါ၌ ပညတ်တစ်ခုဟိ၏။ ယင်း ပညတ်သည်ကား ငါ့ပညတ် မဟုတ်။ သခင်ဘုရား၏ ပညတ်သာ ဖြစ်၏။ ထိုအရာကား၊ မယားသည် မိမိ၏လင်ယောကျ်ားကို မကွဲကွာရ။ သို့သော် ကွဲကွာလျှင် တစ်ဦးတည်းနီထိုင်ရမည်။ ထိုသို့မဟုတ် မိမိလင်ယောကျ်ားနှင့် ပြန်၍ ပေါင်းသင်းစီ။ လင်ယောကျ်ားသည်လည်း မိမိမယားကို မကွာယှင်းရ။
လင်ယောက်ျားတစ်ယောက်သည် မိမိမယားအား ပြုအပ်သော ဝတ်ကိုလည်းကောင်း၊ မယားသည်လည်း မိမိလင်ယောက်ျားအား ပြုအပ်သောဝတ်ကိုလည်းကောင်း ပြည့်ဝစွာ ပြုလျက် တစ်ဦး၏အလိုကို တစ်ဦးက ဖြည့်ဆည်းပီးရမည်။ မယားသည် မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ လင်ယောကျ်ားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောကျ်ားသည်လည်း မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ မယားသာလျှင် ပိုင်၏။ သင်ရို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ သဘောတူညီစွာ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိရို့၏လင်မယားဝတ်ကို ပြုရန် မငြင်းပယ်ကတ်ကေ့။ သို့ရာတွင် မိမိရို့၏စိတ်ကို ချုပ်တည်းခြင်းအားဖြင့် စာတန်မာရ်နတ်၏ သွီးဆောင်ခြင်းကို မခံရစီရန် ဆုတောင်းပတ္ထနာပြုကြ ပြီးသောအခါ ပြန်၍ လင်မယားဝတ်ကို ပြုကြလော့။
ဝါကြွားလိုသောစိတ်၊ တစ်ကိုယ်ကောင်းဆန်သော စိတ်တိဖြင့် ဇာအမှုကိုမျှ မပြုကတ်ကေ့။ သူတစ်ပါးသည် မိမိထက်သာသည်ဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။ မိမိ၏အကျိုးကိုသာ မရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြလော့။
မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။