Ajuda
Há momentos em que o peso da vida parece grande demais e o cansaço toma conta de tudo. É justamente quando as forças faltam que você precisa lembrar de quem sustenta os céus e a terra.
Deus conhece o seu endereço, as suas lutas silenciosas e cada lágrima derramada no secreto. Ele prometeu segurar a sua mão para que você não afunde, oferecendo descanso para a alma e socorro bem presente para o dia mau.
Deus é nosso auxílio e socorro em todo tempo. Ele não dorme nem cochila. O Senhor é nosso ajudador — não precisamos temer o que o homem possa nos fazer.
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ဘုရားသခင်သည်ငါတို့၏ခိုလှုံရာ
ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရား ရှိတော်မူ၏။
ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။
အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်တို့ကိုနုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။
ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါတောင်းလျှောက်သောအသံကို နားထောင်တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကိုငါချီးမွမ်းမည်။
ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မီ နေရာကျရလိမ့်မည်။
အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ယာလက်ကို ကိုင်မည်။
ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။-
ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။-
ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။- စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။
သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.