Pular para o conteúdo
Publicidade

Alimento

Por Bíblia Online

Comer e beber são necessidades diárias que ocupam grande parte dos nossos dias, mas a Bíblia mostra que o sustento físico aponta para uma realidade muito maior. O Criador cuida do corpo com pão e água, mas também sacia a alma com a sua presença e a sua palavra. Quando você se senta à mesa, lembra que cada refeição vem das mãos dadas de um Pai que conhece as suas fadigas e sustenta a sua vida.

As Escrituras lembram que a ansiedade pelo dia de amanhã não acrescenta nada aos nossos dias. Em vez de viver preocupado com o que vai comer ou vestir, você é convidado a descansar na provisão de quem alimenta as aves do céu e veste os campos. Que o pão de cada dia sirva para fortalecer o seu corpo para o trabalho e para gerar um coração grato, capaz de repartir o que tem com quem passa necessidade.

O alimento é provisão de Deus para o corpo e a alma. Jesus disse: Eu sou o pão da vida. A Bíblia ensina a receber com gratidão, partilhar com generosidade e confiar no Provedor.

O pão da vida

Jesus disse: Eu sou o pão da vida. Quem vem a mim nunca terá fome. O alimento espiritual sacia plenamente.

ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-

မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာငတ်ခင်မွတ် သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

မ​စိုး​ရိမ်​ကြ​နှင့်

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

ထို​ကြောင့်၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို မြည်း​စမ်း​ကြ​သည်​ဖြစ်၍၊ အ​မျိုး​မျိုး​သော မ​နာ​လို​ခြင်း၊ လှည့်​ဖြား​ခြင်း၊ လျှို့​ဝှက်​ခြင်း၊ ငြူ​စူ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ရှိ​သ​မျှ​ကို ပယ်​ရှား၍၊ ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွား​စ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။-

Provisão divina

Deus provê alimento em abundância. Ele multiplica pães e peixes, enche os famintos e supre toda necessidade.

ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။

အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။-

စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။

Gratidão e moderação

Nada trouxemos para o mundo e nada levaremos. Tudo o que fizerdes, fazei para a glória de Deus — inclusive comer e beber.

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။- သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိ​သ​မျှ​နှင့် ရောင့်​ရဲ​လျက်​နေ​ကြ​ကုန်​အံ့။-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။- ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-

အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။-

ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။- ထို​အ​ရာ​တို့​သည် နောက်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့၏ အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။-

ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။

ရေ၌​နေ​သော တိ​ရ​စ္ဆာန်​တ​ကာ​တို့​တွင် အ​ယက်​နှင့်​အ​ကြေး​ရှိ​သော တိ​ရ​စ္ဆာန်​ကို​သာ စား​ရ၏။ အ​ယက်​နှင့်​အ​ကြေး​မ​ရှိ​သော တိ​ရ​စ္ဆာန်​ကို မ​စား​ရ။ သင်​တို့၌ မ​စင်​ကြယ်။

ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။

အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။ သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

အ​ရက်​နှစ်​ဆယ်​တစ်​ရက် မ​စေ့​မီ မြိန်​သော​မုန့်​ကို​မ​စား။ အ​မဲ​သား​နှင့် စ​ပျစ်​ရည်​ကို မ​မြည်း။ ဆီ​လိမ်း​ခြင်း​ကို​လည်း အ​လျှင်း​မ​ပြု။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.