Alimento
O alimento é provisão de Deus para o corpo e a alma. Jesus disse: Eu sou o pão da vida. A Bíblia ensina a receber com gratidão, partilhar com generosidade e confiar no Provedor.
O pão da vida
Jesus disse: Eu sou o pão da vida. Quem vem a mim nunca terá fome. O alimento espiritual sacia plenamente.
ယေသျှုကလည်း ထိုသူရို့အား "ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် ဇာခါမျှ ဆာမွတ်လိမ့်မည် မဟုတ်။ ငါ့ကို ယုံကြည်သောသူသည် တဖန် ဇာခါမျှ ရီငတ်လိမ့်မည် မဟုတ်။
ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏" ဟု မိန့်တော်မူ၏။
ယေသျှုက "ကျမ်းစာလာသည်ကား၊ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်သာ အသက်ရှင်ရမည်’" ဟု ပြန်၍ မိန့်တော်မူ၏။
ဘုရားသခင်အလိုတော်ကို လုပ်ဆောင်လိုစိတ် ပြင်းပြသောသူရို့သည် မင်္ဂလာဟိကြ၏။
ဘုရားသခင်သည် သူရို့၏လိုအင်ဆန္ဒကို ပြည့်စုံစီလိမ့်မည်။
သို့ရာတွင် ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှီးဦးစွာ ရှာကတ်ပါ။ နောက်မှ ဤအရာအားလုံးကို သင်ရို့အား ထပ်၍ ပီးတော်မူလိမ့်မည်။
"ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား အသက်ရှင်ရန် သင်ရို့လိုအပ်သော အစားအသောက်အတွက် သော်လည်းကောင်း၊ သင်ရို့ခန္ဓာအတွက် လိုအပ်သော အဝတ်အတွက် သော်လည်းကောင်း မစိုးရိမ်ကတ်ကေ့။ အစာထက် အသက်က သာ၍ မြတ်ပြီး၊ အဝတ်ထက် ကိုယ်က သာ၍ မြတ်သည် မဟုတ်လော။
မွီးစသျှေ ကဲ့သို့ ဝိညာဉ်ရေးရာနှင့်ဆိုင်သော သန့်ယှင်းသော နို့ရည်ကို အမြဲ လိုလားတောင့်တကြလော့။ အကြောင်းမူကား ထိုအရာကို သုံးဆောင်မှသာလျှင် သင်ရို့သည် ကြီးထွား၍ ကယ်တင်ခြင်းကို ခံရလိမ့်မည်။
Provisão divina
Deus provê alimento em abundância. Ele multiplica pães e peixes, enche os famintos e supre toda necessidade.
ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူတော်မူကာ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးမှ မုန့်နှင့်ငါးကို ဖဲ့တော်မူ၍ လူတိအား ဝီငှစီခြင်းငှာ တပည့်တော်ရို့အား ပီးအပ်တော်မူ၏။ သူရို့အားလုံးသည် ဝစွာစားကြပြီးနောက် တပည့်တော်ရို့သည် စားကြွင်းများကို စုသိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်း အပြည့်ရ၏။
ပျိုးကြဲသောသူအား မျိုးစိ့ကိုလည်းကောင်း၊ အစာအတွက် မုန့်ကိုလည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။
Gratidão e moderação
Nada trouxemos para o mundo e nada levaremos. Tudo o que fizerdes, fazei para a glória de Deus — inclusive comer e beber.
အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။ သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
သင်ရို့သည် စားသည်ဖြစ်စီ၊ သောက်သည် ဖြစ်စီ၊ ဇာအမှုအရာကို ပြုသည်ဖြစ်စီ ဘုရားသခင်၏ ဘုန်းတော်အဖို့ ပြုကြလော့။
သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊ ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။
နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။
မည်သည့်အစာကိုမဆို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုကတ်ကေ့။ ဟင်းသီးဟင်းရွက်ကိုသာ စားသောသူသည်လည်း မည်သည့်အစာကိုမဆို စားသောသူကို မစီရင်ကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်သည် သူရို့ကို လက်ခံတော်မူသောကြောင့်ဖြစ်၏။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သတ်၍ ဖြစ်စီ၊ ဘာသာရေးပွဲနိ့၊ လဆန်းပွဲနိ့၊ ဥပုသ်နိ့နှင့် ပတ်သတ်၍ဖြစ်စီ သင်ရို့ကို ဇာသူမျှ မစီရင်စီကေ့။ ထိုအရာများသည် နောင်အခါ ဖြစ်ပေါ်လာမည့် အရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာကား ခရစ်တော်သာ ဖြစ်၏။