Amigo
O amigo verdadeiro é dádiva rara de Deus. Ele ama em todo tempo, fala a verdade em amor, aconselha com sabedoria e permanece fiel nas adversidades da vida.
Amizade verdadeira
Há amigo mais chegado que um irmão. Em todo tempo ama o amigo. O perfume e o incenso alegram o coração — assim o conselho doce do amigo.
အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏။
အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။
နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဖွယ်သောလက္ခဏာသည် ရွှင်လန်းစေတတ်၏။
သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။
ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက်သာ၍ကောင်း၏။ အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏အဆွေခင်ပွန်းကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကိုအိမ်သို့မသွားနှင့်။ နီးသောအိမ်နီးချင်းသည် ဝေးသောညီအစ်ကိုထက် သာ၍ကောင်း၏။
ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။
စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့် အတူမလိုက်နှင့်။ လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကို သင်၍၊ ကိုယ်အသက်ကျော့မိရာဖြစ်လိမ့်မည်။
လူများတို့သည် မိမိတို့ပြုသောကျေးဇူးကို ကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
စည်းစိမ်ရှိလျှင် အဆွေခင်ပွန်း များတတ်၏။ ဆင်းရဲသောသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်းဖော်ရ။
Jesus, o amigo
Já não vos chamo servos, mas amigos. O maior amor é dar a vida pelo amigo. Jesus é o amigo que nunca falha.
ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။- သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။- ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။-
ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။-
ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။- ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။-
ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။- အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။
ဘုရားသခင်ရှေ့တော်၌ရဲရင့်ခွင့်
ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။-
အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကား ပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရ၏။-
ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။-
Companheiros de fé
Dois são melhores do que um. Os companheiros de fé se fortalecem mutuamente e caminham juntos com o Senhor.
မိတ်ဆွေ၏တန်ဖိုး
လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူ လဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူ မရှိ။
ညီအစ်ကိုသဘောတူခြင်း
ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ အာရုန်၏ခေါင်းပေါ်မှာလောင်းလျက်၊ သူ၏မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင်ကျသော နံ့သာဆီကဲ့သို့ဖြစ်၏။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသောအရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူ၊ ပေးတော်မူသောဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ် ပေါင်းဖော်တတ်ပါ၏။
ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိတ်သဟာယဖွဲ့ပြီးလျှင်၊
အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။-