Pular para o conteúdo
Publicidade

Amizade

Por Bíblia Online

A vida ganha outro peso quando caminhamos acompanhados. As Escrituras mostram que Deus não nos fez para a solidão, mas para repartirmos os dias, as dores e as alegrias com quem caminha perto.

As palavras registradas nas páginas sagradas ensinam a escolher bem os companheiros, a valorizar a franqueza e a cultivar o cuidado mútuo. Quem anda com sabedoria aprende a ser leal e encontra abrigo nos dias difíceis.

A amizade é um dos dons mais preciosos da vida. A Bíblia celebra amizades profundas — Davi e Jônatas, Rute e Noemi, Paulo e Timóteo — modelos de lealdade, fé e amor.

Valor da amizade

Há amigo mais chegado do que um irmão. Em todo tempo ama o amigo. A amizade verdadeira permanece nas tempestades.

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။

သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။

သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။ ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

ထင်​ရှား​စွာ ဆုံး​မ​ပြစ်​တင်​ခြင်း​သည် တိတ်​ဆိတ်​စွာ ချစ်​ခြင်း​ထက်​သာ၍​ကောင်း၏။ အ​ဆွေ​ခင်​ပွန်း​သည် ဒဏ်​ပေး​သော​အ​ခါ သ​စ္စာ​စောင့်​လျက်​ပေး၏။ ရန်​သူ​မူ​ကား၊ နမ်း​သော​အ​ခါ လှည့်​စား​တတ်၏။

ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။

သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။

စိတ်​တို​သော​သူ​ကို မိတ်​ဆွေ​မ​ဖွဲ့​နှင့်။ အ​မျက်​ပြင်း​ထန်​သော​သူ​နှင့် အ​တူ​မ​လိုက်​နှင့်။ လိုက်​လျှင် သူ၏​ထုံး​စံ​ဓ​လေ့​တို့​ကို သင်၍၊ ကိုယ်​အ​သက်​ကျော့​မိ​ရာ​ဖြစ်​လိမ့်​မည်။

Amizade cristã

Vós sois meus amigos se fazeis o que eu mando. Jesus nos chama de amigos — que honra imensa e responsabilidade!

ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။-

ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။-

ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။-

ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။

ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။-

သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။- ထို​သို့​ဆို​သော်၊ ငါ​နှင့်​သင်​တို့​သည် ယုံ​ကြည်​သော​အား​ဖြင့် အ​ချင်း​ချင်း အား​ရ​သက်​သာ​ခြင်း​သို့ ရောက်​ကြ​မည်​အ​ကြောင်း​ကို ဆို​လို​သ​တည်း။

ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေ​တ္တာ

ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။-

ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။- ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။-

ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ကို ငါ​တို့​သည် ခ​ရစ်​တော်​ထံ၌ ခံ​ရ​ကြ​ပြီ။

Exemplos bíblicos

Davi e Jônatas fizeram aliança de amizade. Rute se apegou a Noemi. Abraão foi chamado amigo de Deus.

ထို​သို့​လျှောက်​ပြီး​သည်​နောက်၊ ရှော​လု၏​သား ယော​န​သန် စိတ်​နှ​လုံး​သည် ဒါ​ဝိဒ်​စိတ်​နှ​လုံး​နှင့် စွဲ​ကပ်​လျက်​ရှိ၍ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လေ၏။ ထို​နေ့၌ ရှော​လု​သည် ဒါ​ဝိဒ်​ကို​သိမ်း​ဆည်း၍ သူ့​အ​ဘ၏​အိမ်​သို့ နောက်​တစ်​ဖန် သွား​နေ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ ယော​န​သန်​သည်​လည်း၊ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ ချစ်​သော​ကြောင့် သူ​နှင့်​အ​တူ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​လျှင်၊

ယော​န​သန်​သည်​လည်း၊ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ ချစ်​သော​ကြောင့် သူ​နှင့်​အ​တူ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​လျှင်၊

ဒါ​ဝိဒ်​နှ​င့်​မေ​ဖိ​ဗော​ရှက်

တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊

ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။ ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။

အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။-

ဆင်း​ရဲ​ခြင်း​သို့​ရောက်​သော​သူ၏ အ​ဆွေ​ခင်​ပွန်း​သည် သ​နား​အပ်၏။ မ​သ​နား​လျှင် အ​န​န္တ​တန်​ခိုး​ရှင်​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ကင်း​လွတ်၏။

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

Companheirismo

Dois são melhores do que um. Quão bom e suave é que os irmãos vivam em união! A amizade fortalece e edifica.

မိတ်​ဆွေ၏​တန်​ဖိုး

လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။ တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။

တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။

လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။

မိတ်​ဆွေ၏​တန်​ဖိုး

လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။

ညီ​အစ်​ကိုသဘောတူခြင်း

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။

ညီ​အစ်​ကိုသဘောတူခြင်း

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။ အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။ ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ပေါက်​ဖော်​မ​ရှိ​သော သူ​တို့​အား အိမ်​ထောင်​ချ​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၍၊ ချုပ်​ထား​သော​သူ​တို့​ကို​လည်း ကြွယ်​ဝ​ခြင်း​ထဲ​သို့ သွင်း​တော်​မူ၏။ ငြင်း​ဆန်​သော​သူ​တို့​မူ​ကား၊ သွေ့​ခြောက်​သော အ​ရပ်၌ နေ​ရ​ကြ၏။

မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-

အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-

အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.