Pular para o conteúdo
Publicidade

Amor ao próximo

Por Bíblia Online

O amor ao próximo não é apenas um conselho bom ou uma atitude simpática. É o mandamento central que Deus deixou para orientar a convivência humana, mostrando que a fé verdadeira sempre se traduz em gestos concretos de cuidado para com quem está perto.

As palavras de Deus mostram que esse amor exige paciência, perdão e disposição para servir, mesmo quando isso custa algo. Reserve alguns minutos para ler o que as Escrituras ensinam sobre como tratar o outro e deixe que essa direção molde o seu dia.

O amor ao próximo não é opcional — é mandamento. Amarás o teu próximo como a ti mesmo. A lei inteira se cumpre nesta palavra. O amor ao próximo é prova do amor a Deus.

ရန်​သူ​ကို​ချစ်​ခြင်း

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ချစ်​လော့။ ရန်​သူ​ကို မုန်း​လော့​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့ ကြား​ရ​ပြီ။-ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။

အ​ချင်း​ချင်း​ပြု​အပ်​သော​ဝတ်

အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။-

ထို​သို့​ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို ထောက်၍၊ သူ့​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သူ၏​အ​လို​သို့ လိုက်​ကြ​ကုန်​အံ့။-

သင်​တို့​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ်​နှင့် ဆောင်​ရွက်​ကြ​လော့။-

ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ။ ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော သင်​တို့၏ စိတ်​နှ​လုံး​ကို ကိုယ်​တော်​သည် သန့်​ရှင်း​ခြင်း​ပါ​ရ​မီ၌ မြဲ​မြံ​ခိုင်​ခံ့​စိမ့်​သော​ငှာ ငါ​တို့​သည် သင်​တို့​ကို ချစ်​သ​ကဲ့​သို့ သင်​တို့​သည် အ​ချင်း​ချင်း​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ချစ်၍၊ ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​ထူး​သ​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း သ​ခင်​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​နှစ်​သက်​စေ​ရန်

ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​မေ​တ္တာ၌ တည်​ကြ​လော့။ ဧည့်​သည်​ဝတ်​ပြု​ခြင်း​အ​မှု​ကို မ​မေ့​မ​လျော့​ကြ​နှင့်။- အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။- အ​ကျဉ်း​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ ကိုယ်​ခံ​ရ​သ​ကဲ့​သို့ မှတ်၍၊ သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သင်​တို့​သည် ကိုယ်​ခ​န္ဓာ​နှင့် မ​ကင်း​လွတ်​သော​သူ​ဖြစ်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။-

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။-

အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-

ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။- တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။- စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။- သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။

အ​ချင်း​ချင်း​ချစ်​ကြ​လော့

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။

မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။- ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။-

ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။-

ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေ​တ္တာ

ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။- ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.