Pular para o conteúdo
Publicidade

amor de Deus

Por Bíblia Online

Em meio aos dias difíceis e às incertezas da vida, é fácil duvidar de tudo, menos de uma coisa: você foi alcançado por um afeto que não depende dos seus méritos. A Bíblia mostra que o Criador não apenas tolera a humanidade, mas se inclina para perto com uma bondade que não acaba, mesmo quando tropeçamos.

Deixar-se envolver por essa verdade muda a maneira como você enfrenta o peso dos dias e enxerga o próprio valor. As Escrituras lembram que a raiz da nossa existência está fincada em uma graça imutável, capaz de acalmar o coração e dar direção firme quando tudo ao redor parece desabar.

O amor de Deus é a maior realidade do universo. Ele nos amou com amor eterno, incondicional e sacrificial — e nada no mundo pode nos separar desse amor.

Amor eterno

Deus amou o mundo de tal maneira que deu o seu Filho. Seu amor é de eternidade a eternidade — nunca falha.

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ဝေး​ကထင်​ရှား၍ မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို​ငါ​ချစ်၏။ ထို​ကြောင့်၊ က​ရု​ဏာ​ကျေး​ဇူး​ကို သင်၌ ကြာ​မြင့်​စွာ​ပြ၏။

ကျေး​ဇူး​တော်​ချီး​မွမ်း​သီ​ချင်း

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ စိတ်​ရှည်၍၊ က​ရု​ဏာ​ကြွယ်​ဝ​သော​သ​ဘော ရှိ​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။

က​ရု​ဏာ​တော်​သည် အ​သက်​ထက်​သာ၍ ကောင်း​သော​ကြောင့်၊ အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​ပါ​မည်။

Natureza do amor divino

Deus é amor. O amor é paciente, benigno. O amor do Pai nos adota como filhos e nos transforma à sua imagem.

ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေ​တ္တာ

ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။- ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-

သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။- ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။- ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။-

ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ ချစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ၏။-

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-

ပ​ညတ်​သစ်

ချစ်​သူ​တို့၊ သင်​တို့​အား ငါ​ရေး​ထား​သော ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ ရှေ့​ဦး​စွာ​က​ပင် သင်​တို့၌​ရှိ​သော ပ​ညတ်​ဟောင်း​ဖြစ်၏။ ပ​ညတ်​ဟောင်း​ကား၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကြား​ရ​သော ဒေ​သ​နာ​တော်​ဖြစ်၏။- တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။-

ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။-

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။-

Expressões do amor de Deus

O Senhor nos ama com alegria e canta sobre nós. Queni a mim vem, amará; e quem me ama, o Pai o amará.

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။

သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​ထဲ​မှာ က​ရု​ဏာ​တော်​ကို အောက်​မေ့​ကြ​ပါ၏။

ကိုယ်​တော်​ကို သိ​သော​သူ​တို့​အား၊ က​ရု​ဏာ​တော်​ကို​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​ကို​လည်း​ကောင်း တည်​မြဲ​တည်​စေ​တော်​မူ​ပါ။

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ မိတ်​သ​ဟာ​ယ​တော်​လည်း​ကောင်း၊ သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။

ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

ဘု​ရား​သ​ခင်​ကို ချစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခ​ရစ်​တော်၏​နည်း​တူ သည်း​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​သည် သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.