Amor fraternal
O amor fraternal é marca dos discípulos de Cristo. Nisto conhecerão que sois meus discípulos: se tiverdes amor uns aos outros.
Amar uns aos outros
Este é o meu mandamento: que vos ameis uns aos outros como Eu vos amei. O amor fraternal é testemunho ao mundo.
အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ဟို နင်လို့အား ငါပေးအယ်။ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း နင်လို့ဟလည်း အချင်းချင်း ချစ်ကြရမယ်။ နင်လို့ဟ အချင်းချင်း ချစ်ကြရင် လူအပေါင်းလို့ဟ အဲမေတ္တာဟို ထောက်ယွေ့ နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်ကျောန်းဟို သိကြလိမ့်မယ်" ဟု မိန့်လေအယ်။
ငါ့ပညတ်ဟ အဲလိုဖြစ်အယ်၊ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း၊ နင်လို့ဟ အချင်းချင်း ချစ်ကြလော့။
မိမိရဲ့ မိတ်ဆွေအတွက် အသက်ဟို စွန့်သော မေတ္တာထက် ကြီးမြတ်သောမေတ္တာဟ စသူ့မှာမှ မဆိ။
ငါလို့ဟ အချင်းချင်း ချစ်ကြရမယ် ဟူသော ဟေသတင်းစကားဟို ဆေ့ဦးဟပင် နင်လို့ ကြားနာရသော သတင်းစကား ဖြစ်အယ်။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
ခရစ်တော်ဟ ငါလို့အတွက် မိမိအသက်ဟို စွန့်သောကျောန့် ငါလို့ဟ အဲအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာဟို သိရကြပီ။ ငါလို့ဟလည်း ညီအကို မောင်နှမလို့အတွက် အသက်ဟို စွန့်သင့်အယ်။ တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။ လူပဲ့သငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့် ချစ်ကြကုန်စို့။
ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင်ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။
ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။
ချစ်ရသောသူလို့၊ ဘုရားသခင်ဟ ငါလို့ဟို ဟေမျှလောက် ချစ်ရင် ငါလို့ဟလည်း အချင်းချင်း ချစ်သင့်အယ်။ ဘုရားသခင်ဟို စသူမျှ မမျော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။ ဘုရားသခင်ဟို ချစ်သောသူဟ မိမိညီအကို မောင်နှမဟိုလည်း ချစ်ရမယ် ဟူသော ဟေပညတ်တော်ဟို ကိုယ်တော်ဆေမှ ငါလို့ ရဆိကြအယ်။
Expressões de amor fraternal
Amai-vos com afeição fraternal. O amor cobre multidão de pecados. Perseverai no amor fraterno.
တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။
အချင်းချင်း ချစ်ခြင်းမှတပါး စလို အကြွေးမျှ မတင်စေနဲ့။ သူတပါးဟို ချစ်လဲ့သူဟ ပညတ်တရားဟို စောင့်ထိန်းသူ ဖြစ်အယ်။
နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။
ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။
တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာဆိကျောန်း နင်လို့ဆေ ရေးဖို့မလိုဝူး။ နင်လို့တတ်တိုင်း အချင်းချင်း စလိုချစ်သင့်လဲဟို ဘုရားသခင်ဆေမှ သင်ယူထားသောသူများ ဖြစ်ကြအယ်။
နင်လို့ဟ ခရစ်ယာန် ညီအကို မောင်နှမလို့ အနေဖြင့် တဦးဟို တဦး ချစ်ခြင်းမေတ္တာနှိုက် တည်ကြလော့။ ဧည့်သည်ဝတ်ဟို ပြုရန် မမေ့ကြနဲ့။ အဲလို ဧည့်ဝတ်ဟို ပြုသောသူအချို့လို့ဟ ခေါန်းခင်တမန်လို့ဟို အမှတ်မထင် ဧည့်ခံခဲ့ကြအယ်။ နင်လို့ဟ အကျဉ်းခံရသူများနဲ့အတူ အကျဉ်းခံနေရသလို မှတ်ယူလျက် သူလို့အား သတိရကြလော့။ မိမိလို့တတ်တိုင်း ဒုက္ခဝေဒနာ ခံရသလို ဒုက္ခဝေဒနာ ခံရသူများဟို သတိရကြလော့။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
ယေရှုဟ " ‘နင်ရဲ့ ဘုရားသခင် ထာဝရဘုရားဟို စိတ်နေလုံး အကြွင်းမဲ့၊ ကိုယ်စွမ်းဆိသမျှ၊ ဉာဏ်စွမ်းဆိသမျှနဲ့ ချစ်ရမယ်။’ ဟေပညတ်ဟ အရေးကြီးဆုံးပညတ်နဲ့ အကြီးမြတ်ဆုံးပညတ် ဖြစ်အယ်။ ဒုတိယ အရေးကြီးဆုံး ပညတ်ဟ ဟေလိုမျိုး ဖြစ်ပင်း ‘အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်။’
နင်လို့ဟ ကျမ်းစာနဲ့ အညီ "ကိုယ့်အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်" ဟု မွန်မြတ်လဲ့ ပညတ်တရားဟို အမန်တကယ် စောင့်ထိန်းရင် ကောင်းသောအမှုဟို ပြုကြလေပီ။