Amor fraternal
O amor fraternal é marca dos discípulos de Cristo. Nisto conhecerão que sois meus discípulos: se tiverdes amor uns aos outros.
Amar uns aos outros
Este é o meu mandamento: que vos ameis uns aos outros como Eu vos amei. O amor fraternal é testemunho ao mundo.
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။ သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်" ဟု မိန့်တော်မူ၏။
ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
အချင်းချင်း ချစ်ကြလော့
ငါရို့သည် အချင်းချင်းချစ်ရကြမည် ဟူသော ဤတရားစကားကို ရှီးဦးစွာကပင် သင်ရို့ ကြားရပြီး ဖြစ်၏။
ငါရို့၏ ညီအစ်ကိုမောင်နှမတိကို ချစ်သည့်အတွက်ကြောင့် သီခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို ငါရို့ သိကြ၏။ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် သီခြင်းတရား၏ တန်ခိုးအောက်၌သာ ဟိနိန်သိမ့်၏။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။ တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။ သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ဘုရားသခင်
အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။
ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
အဆွီရို့၊ ဘုရားသခင်သည် ငါရို့အား ဤမျှလောက် ချစ်တော်မူလျှင် ငါရို့သည်လည်း အချင်းချင်း ချစ်သင့်၏။ မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။
ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။ ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။
Expressões de amor fraternal
Amai-vos com afeição fraternal. O amor cobre multidão de pecados. Perseverai no amor fraterno.
ခရစ်ယာန်များ ဖြစ်ကြသည့်အလျှောက် တစ်ယောက်ကို တစ်ယောက် နွီးထွီးစွာ ချစ်ကြလော့။ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော့။
တစ်ယောက်ကိုတစ်ယောက် ပြုရမည့်ဝတ္တရား
သင်ရို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာမှလွဲ၍ တခြား ဇာအကြွီးကိုမျှ မတင်စီကတ်ကေ့။ သူတစ်ပါးကို ချစ်သောသူသည် ပညတ်တရားကို နာခံလိုက်လျှောက်ပြီးဖြစ်၏။
ကောင်းမွန်စွာပြုသည့်အတွက် ခံရသည့် ဒုက္ခဆင်းရဲ
အချုပ်ဆိုရသော် သင်ရို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်စိတ်တစ်ဝမ်းတည်းဟိလျက် ကြင်နာတတ်သောသဘော၊ ချစ်တတ်သောသဘော၊ သနားတတ်သောသဘော၊ နှိမ့်ချတတ်သောသဘော ဟိကြလော့။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။
အဂုတွင် ညီအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ သင်ရို့ထံ ရီးသားရန် မလိုအပ်ပေ။ အကြောင်းမူကား အချင်းချင်းချစ်ကြရန် ဘုရားသခင်က သင်ရို့ကို သင်ကြားထားပြီး ဖြစ်၏။
ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လုပ်ဆောင်ခြင်း
ခရစ်ယာန်ညီအစ်ကို မောင်နှမတိ ဖြစ်ကြသောကြောင့် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ ထားကြလော့။ အာဂန္တုရို့ကိုလည်း ဧည့်ဝတ်ပြုခြင်းငှာ မမိ့ကတ်ကေ့။ အကြောင်းမူကား တချို့သောသူရို့သည် ထိုသို့ ပြုခြင်းအားဖြင့် မိမိရို့ မသိကျွမ်းသော ကောင်းကင်တမန်များတိ ဧည့်ဝတ်ပြုကြလေ၏။ အကျဉ်းသားတိကိုလည်း သူရို့နှင့်အတူ အချုပ်အနှောင် ခံနိန်ကြရသကဲ့သို့ သတိရကြလော့။ မတရားပြုမူခြင်းကို ခံနိန်ကြရသော သူရို့ကိုလည်း မိမိရို့ ကိုယ်တိုင် ထိုသို့ ခံနိန်ကြရသကဲ့သို့ အောက်မိ့ကြလော့။
ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
ယေသျှုက "‘သင်ရို့၏အသျှင် ထာဝရဘုရားကို မိမိ၏ စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ဟိသမျှနှင့် ချစ်ကြလော့။’ ဤပညတ်သည် ပထမဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။
သင်ရို့သည် ကျမ်းစာ၌ တွိ့ရသော "ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ကြလော့" ဟူသော နိုင်ငံတော်၏ပညတ်တရားကို လိုက်နာကြလျှင် ကောင်းသောအမှုကို ပြုနိန်ကြခြင်းဖြစ်၏။