Amor incondicional
O amor incondicional de Deus não depende de mérito humano. Ele nos amou quando ainda éramos pecadores. Esse amor não tem limites, não cobra preço e não pode ser perdido.
Amor sem condições
Deus prova o seu amor em que Cristo morreu por nós sendo nós ainda pecadores. O amor de Deus é gratuito e irrevogável.
သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
သူတော်ကောင်းတစ်ယောက်အတွက် အသီခံပီးဝံ့သူ ဟိကောင်းဟိလိမ့်မည်။ ဖြောင့်မတ်သောသူ တစ်ယောက်အတွက် အသီခံပီးမည့်သူ ဟိခဲ၏။ သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
အကြောင်းမူကား၊ လူအယောက်စီတိုင်းသည် ဒုစရိုက်အပြစ်ကို ပြုလုပ်ကြသည်ဖြစ်၍ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ဝီးကွာလားရလေ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည်ကား ခရစ်တော်ယေသျှုအားဖြင့် လူတိကို အပြစ်မှ လွှတ်ပီးကာ ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
သို့ဖြစ်၍ ဇာသူသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်နည်း။ ဒုက္ခနှင့် ကြုံတွိ့ရခြင်း၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း၊ ညှဉ်းဆဲခံရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း၊ အန္တရာယ်နှင့် ကြုံတွိ့ရခြင်း၊ အသီသတ်ခံရခြင်း စသည့်အရာများသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်လော။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
သို့သော် ဘုရားသခင်၏ ကရုဏာတော်သည် အလွန်ကြွယ်ဝ၍၊ မေတ္တာတော်သည် ငါရို့အဖို့ အလွန် ကြီးမားလှသဖြင့်၊ မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။
သို့သော် ငါရို့ ကယ်တင်သျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတိ ပေါ်ထွန်းလာသောအခါ ကိုယ်တော်သည် ငါရို့၏ကောင်းသောအကျင့်အားဖြင့် မဟုတ်ဘဲ မိမိ၏ကရုဏာတော်အားဖြင့် ကယ်တင်တော် မူခလေ၏။ ကိုယ်တော်သည် ဒုတိယမွီးဖွားခြင်းနှင့်ဆိုင်သော ဆီးကြောခြင်းနှင့် သန့်ယှင်းသောဝိညာဉ်တော်၏ အသစ်ပြုပျင်ခြင်းအားဖြင့် အကျွန်ရို့ကို ကယ်တင်တော် မူခလေ၏။ ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။
Amor eterno
Com amor eterno te amei. O amor de Deus é mais largo, mais alto e mais profundo do que podemos compreender.
ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။
ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။
Amar como Deus ama
O amor é paciente e bondoso. Amai os vossos inimigos. O amor incondicional se expressa no perdão e na compaixão.
မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။ မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။
မကောင်းမှုဒုစရိုက်၌ မပျော်မွိ့တတ်၊ သို့သော် သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။ မေတ္တာသည် အစဉ်သဖြင့် ဖုံးအုပ်ပီးတတ်၏၊ ယုံကြည်တတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏။
ရန်သူကို ချစ်ပါ
"သင်ရို့သည် ‘မိတ်ဆွီကို ချစ်ကြပါ၊ ရန်သူကို မုန်းကြပါ’ ဟူသော အဆုံးအမကို ကြားဖူးပြီးဖြစ်ကြ၏။ သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှဉ်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။ သို့မှသာ ကောင်းကင်ဘုံ၌ဟိသော သင်ရို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ကောင်းသောသူ၊ မကောင်းသောသူတိ အထက်မှာ နီရောင်ခြည်ကို ထွန်းလင်းပီးတော်မူ၏။ သုစရိုက် ပြုသောသူနှင့် ဒုစရိုက် ပြုသောသူတိ အထက်မှာလည်း မိုးကို ရွာသွန်းပီးတော်မူ၏။ သင်ရို့အား ချစ်သောသူတိကိုသာ ချစ်ကြမည်ဆိုလျှင် ဘုရားသခင်၏ဆုလာဘ်နှင့် ဇာပိုင် ထိုက်တန်မည်နည်း။ အခွန်ကောက်ခံသောသူရို့တောင်မှ ဤသို့ ပြုကြသည် မဟုတ်လား။ သင်၏မိတ်ဆွီတိကိုသာ ပေါင်းသင်းဆက်ဆံလျှင် ဇာပိုင် ထူးမြတ်မည်နည်း။ သာသနာပလူတိတောင်မှ ထိုသို့ ပြုကြသည် မဟုတ်လား။ သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။
ရန်သူကို ချစ်ခြင်း
"သို့ရာတွင် ငါ၏ တရားစကားကို နာကြားသောသူရို့၊ သင်ရို့အား ငါဆိုသည်မှာ သင်ရို့၏ ရန်သူကို ချစ်လော့။ သင်ရို့အား မုန်းသောသူရို့ကို ကျေးဇူးပြုကြလော့။" သင်ရို့အား ကျိန်ဆဲသောသူကို မေတ္တာပို့ကြလော့။ နှောက်ယှက်သောသူတိအတွက် ဆုတောင်းပီးကြလော့။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။