Pular para o conteúdo
Publicidade

Amor próprio

Por Bíblia Online

Olhar para o espelho nem sempre é uma tarefa simples. Muitas vezes, carregamos culpas, cobranças e defeitos que nos impedem de enxergar quem realmente somos aos olhos de Deus. A Escritura mostra que o valor humano não depende de conquistas ou da aprovação dos outros, mas da dignidade que o próprio Criador conferiu a cada pessoa.

Entender esse lugar de aceitação muda a forma como você vive e se relaciona consigo mesmo e com o mundo. As palavras registradas nas Escrituras servem para alinhar o seu pensamento à verdade divina, trazendo paz para o coração e curando a maneira como você enxerga a sua própria história.

O amor próprio saudável reconhece o valor que Deus nos deu. Fomos criados à imagem de Deus, maravilhosamente formados. Aceitar-se é honrar o Criador.

အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၌ ကိုယ်​တော်၏​အ​ကြံ​အ​စည်​တို့​သည် အ​လွန်​ထူး​ဆန်း​ကြ​ပါ၏။ အ​လွန်​များ​ပြား​ကြ​ပါ၏။ ထို​အ​ကြံ​အ​စည်​တော်​တို့​ကို ရေ​တွက်​လျှင်၊ သဲ​လုံး​နှင့်​အ​မျှ​မ​က သာ၍ များ​ပြား​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် နိုး​သော​အ​ခါ ကိုယ်​တော်​ထံ၌ အ​စဉ်​ရှိ​ပါ၏။

လက်​ညှိုး​တော်​အ​လုပ်​တည်း​ဟူ​သော ကိုယ်​တော်၏​မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဆင်​ခြင်​သော်၊ လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ကိုယ်​တော်​သည် အောက်​မေ့​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော သူ​ဖြစ်၍ အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ရ​သ​နည်း။ သူ့​ကို ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​တော်​မူ​ပြီ။သူ၏​ခေါင်း​ကို ဘုန်း​အ​သ​ရေ​နှင့် ပတ်​ရစ်​တော်​မူ​ပြီ။

ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​ကြွ​လျက်၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​ချီး​မြှောက်​လျက်၊ မင်း​သား​တို့​တွင်​လည်း​ကောင်း၊ မိ​မိ​လူ​တို့​ကို အုပ်​စိုး​သော​မင်း​တို့​တွင်​လည်း​ကောင်း နေ​ရာ​ပေး​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

စာ​ငှက်​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ ထို​စာ​ငှက်​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင် မေ့​လျော့​တော်​မ​မူ။- သင်​တို့ ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။ ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍​မြတ်​ကြ၏။

သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.