Pular para o conteúdo
Publicidade

Amor verdadeiro

Por Bíblia Online

O amor que encontramos nas Escrituras vai muito além de um sentimento passageiro. Ele se revela em ações concretas, paciência diária e na decisão firme de cuidar do outro, mesmo quando isso exige sacrifício. É o reflexo exato de quem Deus é e de como Ele escolheu se relacionar com cada um de nós.

As palavras registradas nas páginas sagradas mostram que esse afeto verdadeiro transforma relacionamentos, traz paz para o coração e sustenta a caminhada da fé. Permitir que essa verdade guie suas atitudes diárias muda a maneira como você enxerga o mundo e as pessoas ao seu redor.

O amor verdadeiro vem de Deus. Não é emoção passageira — é decisão, sacrifício e compromisso eterno. O perfeito amor lança fora o medo e nunca deixará de existir.

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

ချစ်​ခြင်း​မေ​တ္တာ​ရှိ​သော​သူ​သည် ကိုယ်​နှင့် စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို မ​ဖျက်​ဆီး​တတ်။ ထို​ကြောင့်၊ ချစ်​ခြင်း​မေ​တ္တာ​သည် အ​ကျင့်​တ​ရား​ပြည့်​စုံ​ရာ ဖြစ်​သ​တည်း။

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊- မ​တ​ရား​သော​အ​မှု၌ ဝမ်း​မြောက်​ခြင်း မ​ရှိ​တတ်၊ သ​မ္မာ​တ​ရား၌ ဝမ်း​မြောက်​တတ်၏။- ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။- မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ ပ​ရော​ဖက်​ဉာဏ်​သော်​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော​အ​ခွင့်​သော်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​သော်​လည်း​ကောင်း၊ ကွယ်​ပျောက်​လိမ့်​မည်။

ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-

ချစ်​ခြင်း​မေ​တ္တာ​သည် ကြောက်​ခြင်း​သံ​ဝေ​ဂ​နှင့် မ​ပေါင်း​နိုင်​ရာ။ သံ​ဝေ​ဂ​သည် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ကို ဖြစ်​စေ​သော​ကြောင့်၊ စုံ​လင်​သော​မေ​တ္တာ​သည် သံ​ဝေ​ဂ​ကို ပယ်​ရှား​တတ်၏။ သံ​ဝေ​ဂ​ရှိ​သော​သူ​သည် မေ​တ္တာ​နှင့် မ​ပြည့်​စုံ​သေး။-

ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။-

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.