Amor
O amor é o maior mandamento e a essência de Deus. Deus é amor. Nós amamos porque Ele nos amou primeiro. O amor cristão é sacrificial, incondicional e eterno — refletindo o coração do Pai.
Deus é amor
Deus é amor. Quem permanece no amor permanece em Deus. Nós amamos porque Ele nos amou primeiro — com amor eterno.
ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ဘုရားသခင်
အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသောကြောင့် ချစ်ခြင်းမေတ္တာ မဟိသောသူသည် ဘုရားသခင်ကို မသိ။
ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ဘုရားသခင်
အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသောကြောင့် ချစ်ခြင်းမေတ္တာ မဟိသောသူသည် ဘုရားသခင်ကို မသိ။
ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။ ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်း မဟိ။ စုံလင်သည့်မေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ယှားတတ်၏။ ကြောက်စိတ်သည် အပြစ်ဒဏ်ခံရခြင်းနှင့်အတူ ဟိသဖြင့် ကြောက်စိတ်ဟိသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံ။
ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။
ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။
ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။ ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။
အဆွီရို့၊ ဘုရားသခင်သည် ငါရို့အား ဤမျှလောက် ချစ်တော်မူလျှင် ငါရို့သည်လည်း အချင်းချင်း ချစ်သင့်၏။
မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။
ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။ တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။ သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။ တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။ သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
ငါရို့၏ ညီအစ်ကိုမောင်နှမတိကို ချစ်သည့်အတွက်ကြောင့် သီခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို ငါရို့ သိကြ၏။ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် သီခြင်းတရား၏ တန်ခိုးအောက်၌သာ ဟိနိန်သိမ့်၏။
အချင်းချင်း ချစ်ကြလော့
ငါရို့သည် အချင်းချင်းချစ်ရကြမည် ဟူသော ဤတရားစကားကို ရှီးဦးစွာကပင် သင်ရို့ ကြားရပြီး ဖြစ်၏။
ဘုရားသခင်၏ သားသမီးတိ
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
အကြောင်းမူကား ဘုရားသခင်ကို ချစ်ခြင်းဆိုသည်မှာ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းရန် ငါရို့အတွက် မခဲယဉ်းပေ။
Amor de Deus
Deus prova o seu amor em que Cristo morreu por nós. Deus amou o mundo de tal maneira que deu o seu Filho unigênito.
သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
ငါ၏ခမည်းတော်သည် ငါ့ကို ချစ်သကဲ့သို့ ငါသည်လည်း သင်ရို့ကို ချစ်၏။ သင်ရို့သည် ငါ၏မေတ္တာ၌ တည်နိန်ကြလော့။ ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။
ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။
သန့်ယှင်းသော ဝိညာဉ်တော်၏ ကတိတော်
"သင်ရို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တိကို စောင့်ရှောက်လိမ့်မည်။
"ငါ့ပညတ်တိကို ခံယူ၍ စောင့်ထိန်းသူရို့သည် ငါ့ကို ချစ်သောသူတိဖြစ်၏။ ငါ့ကို ချစ်သောသူကို ခမည်းတော်ကလည်း ချစ်တော်မူ၏။ ငါကလည်း သူရို့ကို ချစ်၍ သူရို့အား ငါကိုယ်တိုင် ထင်ရှားစီမည်" ဟု မိန့်တော်မူ၏။
ယုဒ (ယုဒသျှာကာရုတ် မဟုတ်သူ) က၊ "အသျှင်၊ လောကသားတိအား မဖော်ပြဘဲ ငါရို့အား ဇာကြောင့် အသျှင်ကိုယ်တိုင် ဖော်ပြတော်မူမည်နည်း" ဟု မိန်းလျှောက်လေ၏။
ယေသျှုကလည်း၊ "ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။ ငါ့ကို မချစ်သောသူသည် ငါ၏သွန်သင်ချက်ကို မခံယူတတ်။ သင်ရို့ ကြားရသော သွန်သင်ချက်ကား ငါ၏ သွန်သင်ချက် မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်ထံပါးမှလာသော သွန်သင်ချက်ဖြစ်၏။
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။ သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်" ဟု မိန့်တော်မူ၏။
O maior mandamento
Amarás ao Senhor de todo o coração e ao próximo como a ti mesmo. Estes são os maiores mandamentos — neles se resume toda a lei.
ယေသျှုက "‘သင်ရို့၏အသျှင် ထာဝရဘုရားကို မိမိ၏ စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ဟိသမျှနှင့် ချစ်ကြလော့။’ ဤပညတ်သည် ပထမဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။
ယေသျှုက "‘သင်ရို့၏အသျှင် ထာဝရဘုရားကို မိမိ၏ စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ဟိသမျှနှင့် ချစ်ကြလော့။’ ဤပညတ်သည် ပထမဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။ ဤပညတ်နှစ်ပါးသည် မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများ၏ အချုပ်ဖြစ်၏" ဟု မိန့်တော်မူ၏။
သျှင်ဘုရင်က ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ ဤသို့သော ငါ၏ညီအစ်ကို မောင်နှမတိထဲက အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစုခြင်းသည် ငါ့အား ပြုစုခြင်းဖြစ်၏’ ဟု မိန့်တော်မူလိမ့်မည်။
"သင်ရို့သည် မိမိကိုယ်ကို ပြုစုလိုသည့်အတိုင်း သူတစ်ပါးကို ပြုစုကတ်ပါ။ ဤတရားသည် မောသျှေ၏ပညတ်တရားနှင့် ပရောဖက်ရို့၏ သွန်သင်ချက်များ၌ အဓိကအချက် ဖြစ်၏။
သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှဉ်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။
‘သင်ရို့၏ အသျှင်ဘုရားသခင်ကို စိတ်နှလုံးအကြွင့်မဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းဟိသမျှ၊ ကိုယ်စွမ်းဟိသမျှနှင့် ချစ်ရမည်’ ဟူသော ပညတ်သည် အကြီးမြတ်ဆုံးသော ပညတ်ဖြစ်၏။ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်’ ဟူသော ပညတ်သည် ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက် သာ၍ ကြီးမြတ်သော ပညတ်မဟိ" ဟု ဖြေကြားတော်မူ၏။
O amor que não falha
O amor é paciente, é benigno. Tudo sofre, tudo crê, tudo espera, tudo suporta. O amor jamais acaba.
မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။ မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။
မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။ မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။ မကောင်းမှုဒုစရိုက်၌ မပျော်မွိ့တတ်၊ သို့သော် သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။ မေတ္တာသည် အစဉ်သဖြင့် ဖုံးအုပ်ပီးတတ်၏၊ ယုံကြည်တတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏။
အဂုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
အဂုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
အဂုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကို ရ၍ နက်နဲသောအရာ ဟိသမျှကို နားလည်သိကျွမ်းခြင်း အတတ်ပညာကို တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှိ့နိုင်သော ယုံကြည်ခြင်းဟိသော်လည်းကောင်း မေတ္တာမဟိလျှင် အချည်းနှီးပင်ဖြစ်၏။
သို့ရာတွင် ကျမ်းစာ၌ လာသည်အတိုင်း၊
"ဇာသူမျှ မမြင်ဖူး၊ မကြားဖူး၊
ဇာသူမျှ မဖြစ်နိုင်ဟု ထင်မှတ်ထားသောအရာကို၊
ဘုရားသခင်သည် မိမိအား ချစ်သောသူရို့အဖို့ ပျင်ဆင်ထားတော်မူ၏။"
ခပ်သိမ်းသောအမှုများ၌ မေတ္တာနှင့် လုပ်ဆောင်ကြလော့။
ခပ်သိမ်းသောအမှုများ၌ မေတ္တာနှင့် လုပ်ဆောင်ကြလော့။
Amor inseparável
Nada poderá nos separar do amor de Deus. Nem morte, nem vida, nem anjos — absolutamente nada.
အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊ ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊ ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။
ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။
ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။ ခရစ်ယာန်များ ဖြစ်ကြသည့်အလျှောက် တစ်ယောက်ကို တစ်ယောက် နွီးထွီးစွာ ချစ်ကြလော့။ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော့။
ခရစ်ယာန်များ ဖြစ်ကြသည့်အလျှောက် တစ်ယောက်ကို တစ်ယောက် နွီးထွီးစွာ ချစ်ကြလော့။ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော့။
တစ်ယောက်ကိုတစ်ယောက် ပြုရမည့်ဝတ္တရား
သင်ရို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာမှလွဲ၍ တခြား ဇာအကြွီးကိုမျှ မတင်စီကတ်ကေ့။ သူတစ်ပါးကို ချစ်သောသူသည် ပညတ်တရားကို နာခံလိုက်လျှောက်ပြီးဖြစ်၏။
Viver no amor
Revesti-vos de amor, que é vínculo da perfeição. O amor cobre multidão de pecados e edifica a comunidade.
ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
သင်ရို့အချင်းချင်း အပြစ်တင်စရာဟိလျှင် သည်းခံလျက် ခွင့်ရွှတ်ကြလော့။ သခင်ဘုရားသည် သင်ရို့ကို ခွင့်ရွှတ်ပီးသည့်နည်းတူ သင်ရို့သည်လည်း အချင်းချင်း ခွင့်ရွှတ်ကြလော့။ ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
ငါ၏ ဆုတောင်းသော အချက် ဟူမူကား၊ ကိုယ်တော်သည် ဘုန်းတော်နှင့် ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား အတွင်းလူကို ခိုင်ခံ့လာစီခြင်းငှာ ဝိညာဉ်တော်အားဖြင့် တန်ခိုးကို ပီးသနားတော်မူရန် လည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊
စိတ်နှလုံးနှိမ့်ချခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် စိတ်ရှည်ခြင်းတိကို အစဉ်မပြတ်ဟိကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းအားဖြင့် မေတ္တာပြကြလော့။
လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။ ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။
သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။ သို့မှသာ သင်ရို့သည် ခရစ်တော်ကြွလာတော်မူသော နိ့ရက်၌ အပြစ်ဆိုဖွယ်ရာ မဟိဘဲ မသန့်ယှင်းခြင်းနှင့် ကင်းစင်လိမ့်မည်။ ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
အကြောင်းမူကား "ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့" ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။
သင်ရို့သည် ခရစ်တော်အားဖြင့် ပီးသနားတော်မူသော သည်းခံခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သာ၍ နားလည်သဘောပေါက်စီခြင်းငှာ သခင်ဘုရား လမ်းပြတော်မူပါစီသောဝ်။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။
Expressões de amor
O amor há de ser eterno como o grande Rei. Como a esmeralda reluz, assim brilha o amor que vem de Deus.
ထိုသို့မဟုတ်၊ သင်ရို့၏ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစ်စုံတစ်ခုပြန်ရဖို့ကို မမျှော်လင့်ဘဲ ချီးငှားကြလော့။ ထိုသို့ဆိုလျှင် သင်ရို့သည် ကြီးမြတ်သောဆုကို ရရုံသာမက အမြင့်ဆုံးသော ဘုရား၏သား ဖြစ်လိမ့်မည်။ ထိုအသျှင်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးမိုက်သောသူရို့ကို ကျေးဇူးပြုတော်မူ၏။