Pular para o conteúdo
Publicidade

Aniversário de idoso

Por Bíblia Online

O aniversário de quem chegou à velhice é sempre uma oportunidade para agradecer a Deus por uma história longa e marcada pelo cuidado dele. Cada ano de vida acumulado traz memórias, aprendizados e a certeza de uma presença constante nos momentos bons e difíceis.

As Escrituras lembram que os cabelos brancos são sinal de honra e de uma jornada vivida com sabedoria. Celebrar mais um ano é olhar para trás com gratidão e para o futuro com a confiança de que a mesma mão que guiou até aqui continua sustentando cada passo.

O aniversário de um idoso é celebração de uma vida longa e cheia de experiências com Deus. A Bíblia honra os cabelos brancos como coroa de glória e prova da fidelidade divina.

ဆင်း​ရဲ​ခြင်း​ထဲ​မှ​ကယ်​တော်​မူ​ခြင်း

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။

ဆင်း​ရဲ​ခြင်း​မှ​လွတ်​မြောက်​ခြင်း

"ဒါ​ဝိဒ်​သည် အ​ဘိ​မ​လက်​မင်း​ရှေ့​မှာ ထူး​ခြား​သော​အ​ခြင်း​အ​ရာ​ကို​ပြု​သ​ဖြင့်၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍ ထွက်​သွား​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။

ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။

သူ​တို့၌ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ပေါ​များ၍၊ သူ​တို့​ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက် အ​ကျွန်ုပ်​ကို​သာ၍ ဝမ်း​မြောက်​စေ​တော်​မူ၏။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။

ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။

လူ​ပျို၏​ဘုန်း​ကား အ​စွမ်း​သ​တ္တိ၊ လူ​အို၏​ဂုဏ်​အ​သ​ရေ​ကား ဖြူ​သော​ဆံ​ပင်​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။ သို့​ရာ​တွင် မော​ရှေ​စေ​လွှတ်​သော​နေ့၌ ခွန်​အား​ရှိ​သ​ကဲ့​သို့ ယ​နေ့၌​ရှိ​ပါ၏။ ထို​အ​ခါ ထွက်​ဝင်​ခြင်း​အ​မှု၊ စစ်​တိုက်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​ကဲ့​သို့ ယ​ခု​လည်း​တတ်​စွမ်း​နိုင်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု

အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.