Pular para o conteúdo
Publicidade

Aniversário

Por Bíblia Online

Completar mais um ano de vida é parar para olhar o caminho percorrido e reconhecer a mão de Deus em cada detalhe. A Escritura mostra que o tempo não passa por acaso, mas cumpre os propósitos daquele que sustenta os nossos passos desde o nascimento.

As palavras sagradas ajudam a dar forma à gratidão que transborda no coração durante o aniversário. Elas lembram que a existência é um dom divino, renovam a esperança para o ciclo que se inicia e direcionam o olhar para a fidelidade do Criador que permanece por toda a eternidade.

O aniversário é momento de celebrar a vida que Deus nos deu. A Bíblia nos convida a agradecer por cada dia, contar nossos anos com sabedoria e alegrar-se na bondade do Senhor.

Agradecer pela vida

Este é o dia que o Senhor fez — alegremo-nos! Cada dia é presente de Deus, cada ano é prova da sua fidelidade.

ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။

ဣ​သ​ရေ​လ​တို့​၏​ပုန်​ကန်​ခြင်း

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။

ထော​မ​နာ​သီ​ချင်း

ဥ​ပုသ်​နေ့​အ​ဖို့ ဆာ​လံ​သီ​ချင်း။

ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​ငှာ​လည်း​ကောင်း၊

အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။-

A obra de Deus em nós

Tu me teceste no ventre de minha mãe — maravilhosas são as tuas obras! Cada vida é obra-prima do Criador.

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၌ ကိုယ်​တော်၏​အ​ကြံ​အ​စည်​တို့​သည် အ​လွန်​ထူး​ဆန်း​ကြ​ပါ၏။ အ​လွန်​များ​ပြား​ကြ​ပါ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။

သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။ အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။

ဆု​ကျေး​ဇူး​တော်​များ

အ​ထက်​က ခ​ရစ်​တော်၏​သက်​သေ​ကို သင်​တို့​တွင် တည်​စေ​သည်​ရှိ​သော်၊ သင်​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့်၊ အ​ရာ​ရာ၌ နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​အ​ပေါင်း​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ကြ​သည်​ဖြစ်၍၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့​အား​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကို ငါ​ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ငါ့​ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း၏။-

Oração de bênção

O Senhor te abençoe e te guarde. Tu és toda formosa e em ti não há defeito. Deus cuida de cada detalhe da tua vida.

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။

သူ​လုပ်​သော အ​ထည်​အ​လိပ်​သည် ခိုင်​ခံ့၍၊ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ သူ​သည် နောင်​ကာ​လ၌ ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​စ​ကား​ကို​ပြော​တတ်၍၊ မေ​တ္တာ​တ​ရား​အား​ဖြင့် နှုတ်​မြွက်​တတ်၏။

ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။

ချီး​မွမ်း​ခြင်း​နှင့်​ဆု​တောင်း​ခြင်း

ငါ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော အ​ခါ​ခါ၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​သ​မျှ​အ​ဖို့​ကို အ​စဉ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်၊ သင်​တို့​ကို အောက်​မေ့​သော​အ​ခါ​ခါ၊ သင်​တို့​သည် ရှေ့​ဦး​စွာ​သော​နေ့​ရက်​မှ​စ၍ ယ​ခု​တိုင်​အောင် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ၍ ခံ​စား​ကြောင်း​ကို ငါ​ထောက်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ၏။-

Sabedoria e alegria

Ensina-nos a contar os nossos dias. Deus encheu nosso cálice de alegria e o seu caminho mostra-se vida em plenitude.

အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​ပျက်​တတ်​သော သ​ဘော​ကို သိ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏ လမ်း​ဆုံး​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်၏ အ​သက်​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း သိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​တာ​ကို တစ်​မိုက်​မျှ​သာ ခန့်​ထား​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ရွယ်​သည် ရှေ့​တော်၌ ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ပါ၏။ အ​ကယ်​စင်​စစ်​လူ​မည်​သည်​ကား၊ လူ၏​အ​ထွတ်​သို့ ရောက်​သော်​လည်း၊ အ​န​တ္တ​သက်​သက်​ဖြစ်​ပါ၏။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

သူ​တို့၌ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ပေါ​များ၍၊ သူ​တို့​ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက် အ​ကျွန်ုပ်​ကို​သာ၍ ဝမ်း​မြောက်​စေ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

လွတ်​မြောက်​ခြင်း​နှင့်​လုံ​ခြုံ​ခြင်း

ငါ၏​ကျောက်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ့​လက်​သည်​စစ်​တိုက်၍၊ လက်​ချောင်း​တို့​လည်း စစ်​မှု​ကို​လေ့​ကျက်​မည်​အ​ကြောင်း သွန်​သင်​တော်​မူ၏။ ငါ့​ကို​သ​နား​သော​သူ၊ ငါ၏​မြို့​ရိုး၊ ငါ၏​ရဲ​တိုက်၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​ကို ငါ​ကိုး​စား၏။ ငါ၏​လူ​မျိုး​ကို ငါ့​အောက်​သို့ နှိမ့်​ချ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​အား၊ ကယ်​တင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​တော် ကယ်​တင်​ခြင်း​အ​စွမ်း​နှင့် ထို​သူ၏​စ​ကား​ကို သန့်​ရှင်း​သော ကောင်း​ကင်​ပေါ်​မှာ နား​ထောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု​ငါ​သိ၏။ အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​နှိမ့်​ချ၍ လဲ​လျက်​ရှိ​ကြ၏။ ငါ​တို့​မူ​ကား၊ ထ၍ မတ်​တတ်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​ကို ကယ်​တင်​တော်​မူ​ပါ။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဥ​ယျာဉ်​စောင့်​ဖြစ်၏။ မ​ခြား​မ​လပ် ရေ​လောင်း​မည်။ အ​ဘယ်​သူ​မျှ မ​ဖျက်​စေ​ခြင်း​ငှာ၊ နေ့​ည​မ​ပြတ် စောင့်​ရှောက်​မည်။

Proteção e fidelidade

O Senhor pelejará por vós. Fiel é o Senhor que vos guarda — Ele te protege de todo mal o tempo todo.

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို​စစ်​တိုက်၍ သင်​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ သင်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​သည်​ဟု လူ​တို့​အား​ပြော​ဆို​ရ​ကြ​မည်။

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ မ​ကောင်းသော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။-

ခ​ရစ်​တော်​၌​အောင်​မြင်​ခြင်း

ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။-

ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။-

ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မိန်း​မ​အား ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​သည် ပြည့်​စုံ​လိမ့်​မည်​ဟု ကြီး​သော​အ​သံ​နှင့် မြွက်​ဆို၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.