Anjos
Deus criou os anjos como seres espirituais que executam a vontade dele e celebram a sua grandeza nos céus. Embora fiquem ocultos aos nossos olhos na maior parte do tempo, eles participam de momentos cruciais da história da salvação e revelam o cuidado de Deus por você.
As Escrituras mostram que essas criaturas celestiais servem ao Criador e protegem os que confiam nele. Conhecer o que a Palavra diz sobre eles ajuda a enxergar a realidade espiritual ao seu redor e a lembrar que você nunca está sozinho nas lutas da vida.
Os anjos são seres celestiais criados por Deus para servir, adorar e executar seus propósitos. A Bíblia revela anjos mensageiros, guerreiros e protetores ao longo de toda a história redentora.
ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။-(ရှင်မဿဲ 1:20)
ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။- ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။-(ရှင်မဿဲ 28:5,6)
ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။-(ရှင်မဿဲ 26:53)
ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။- သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။-(ရှင်လုကာ 1:30,31)
ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။-(ရှင်လုကာ 2:10)
ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။(ရှင်လုကာ 2:14)
ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။(ရှင်လုကာ 15:10)
ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာ ပေါ်လာ၍၊- အို ဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ ဟုပြောဆို၏။(တမန်တော် 1:10,11)
ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။- အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။-(ဟေဗြဲ 13:1,2)
ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။-(၁ ကောရိန္သု 13:1)
မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တစ်ပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။(၁ တိမောသေ 3:16)
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။- ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။-(၁ သက်သာလောနိတ် 4:16,17)
ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ ရှေ့၌လည်းကောင်း သူ၏နာမကို ငါဝန်ခံမည်။-(ဗျာဒိတ် 3:5)
အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊- အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။(ရောမ 8:38,39)
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.