Anjos
Os anjos são seres celestiais criados por Deus para servir, adorar e executar seus propósitos. A Bíblia revela anjos mensageiros, guerreiros e protetores ao longo de toda a história redentora.
ထိုသို့ ကြံစည်နိန်စဉ်တွင် အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ "ဒါဝိဒ်အမျိုး ယောသပ်၊ မာရိကို မယားအဖြစ် ပေါင်းသင်းနီထိုင်ဖို့ရန် မကြောက်ကေ့။ သူမ၏ကိုယ်ဝန်သည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။
ကောင်းကင်တမန်က "မကြောက်ကတ်ကေ့၊ သင်ရို့သည် လက်ဝါးကပ်တိုင်မှာ တင်၍ အသတ်ခံရသော ယေသျှုကို ရှာနိန်ကြသည်ကို ငါသိ၏။ သူသည် ဤအရပ်၌ မဟိယာ၊ သူပြောထားခသည့်အတိုင်း သီခြင်းက ထမြောက်လားယာ၊ ဤနီရာသည် သူလဲလျောင်းနိန်ခသော နီရာ ဖြစ်၏၊ လာ၍ ကြည့်ကြလော့။
ငါ၏အဖသည် ငါ့ကို ကူညီခြင်းငှာ တပ်ကြီး ဆယ့်နှစ်တပ်ထက် များပြားသော ကောင်းကင်တမန်တပ်ကြီးကို ချက်ချင်း ရွှတ်လိုက်မည်အကြောင်း ငါ မတောင်းနိုင်ဟု သင်ရို့ ထင်ကတ်လား။
ကောင်းကင်တမန်က "မာရိ၊ မကြောက်ကေ့၊ သင်သည် ဘုရားသခင်ရှိ့တော်မှာ မျက်နှာရဗျာယ်။ သင်သည် ပဋိသန္ဓေယူပြီးလျှင် သားရတနာကို မွီးဖွားလိမ့်မည်။ ထိုသားကို ယေသျှုဟု နာမည်မှည့်ခေါ်ရမည်။
သို့ရာတွင် ကောင်းကင်တမန်က "မကြောက်ကတ်ကေ့၊ ငါသည် လူတိအားလုံးအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကို သင်ရို့ပါးသို့ ယူလာ၏။
"အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဟိတော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစီသောဝ်။
မြီကြီးထက်မှာလည်း ကိုယ်တော် နှစ်သက်တော်မူသော လူအပေါင်းရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်" ဟု ဘုရားသခင်ကို ချီးမွမ်းမြွတ်ဆိုကြ၏။
ယင်းနည်းတူ အပြစ်သားတစ်ယောက် နောင်တရခြင်းသည် ဘုရားသခင်၏ ကောင်းကင်တမန်ရို့ရှိ့၌ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်၏ဟု သင်ရို့ကို ငါဆိုသတည်း" ဟု မိန့်တော်မူ၏။
ထိုသို့ ကိုယ်တော် ကြွတော်မူစဉ် တမန်တော်ရို့သည် အာကာပြင်သို့ စိ့စိ့ကြည့်နိန်ကြ၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် လူနှစ်ယောက်သည် သူရို့အနားတွင် ရုတ်တရက် ရပ်လာပြီးလျှင်၊ "ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်" ဟု ဆိုကြ၏။
ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လုပ်ဆောင်ခြင်း
ခရစ်ယာန်ညီအစ်ကို မောင်နှမတိ ဖြစ်ကြသောကြောင့် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ ထားကြလော့။ အာဂန္တုရို့ကိုလည်း ဧည့်ဝတ်ပြုခြင်းငှာ မမိ့ကတ်ကေ့။ အကြောင်းမူကား တချို့သောသူရို့သည် ထိုသို့ ပြုခြင်းအားဖြင့် မိမိရို့ မသိကျွမ်းသော ကောင်းကင်တမန်များတိ ဧည့်ဝတ်ပြုကြလေ၏။
မေတ္တာ
ငါသည် လူ့ဘာသာစကားများနှင့် ကောင်းကင်တမန် ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမဟိလျှင် ငါ၏စကားသည် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။
ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊
ကိုယ်တော်သည် လူသား၏ ပုံသဏ္ဌာန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ
ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊
ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။
ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊
လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊
ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။
အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။ ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။
အောင်မြင်သော သူရို့သည် ဝတ်ဖြူစင်ကြယ်ကို ဝတ်ရလိမ့်မည်။ ငါသည် သူရို့၏နာမည်ကို အသက်စာစောင်မှ ဖျက်ပယ်မည် မဟုတ်။ ငါသည် သူရို့နာမည်ကို ငါ၏ခမည်းတော်နှင့် ကိုယ်တော်၏ ကောင်းကင်တမန်တိရှိ့တွင် ထုတ်ဖော်ဝန်ခံမည်။
အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊ ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.