Ano novo
O Ano Novo é oportunidade de renovação e consagração. A Bíblia convida a esquecer o que ficou para trás e avançar em fé, confiança e esperança em Deus.
ညီကို မောန်နှမလေ၊ ငါဟှာ အယ်ဆုဟှို ရဟှားဟှယ် ဆိုဘီး ထန်ဟှ၊ ငါလောက်ဟှူ တခုဒဲဖြစ်ဟှူဇာဟှ ငါ့နော့-က်မာ ရှိနေဟှူဇာလေဟှို မေ့ပစ်ဘီးဟှာ ငါ့ရှေ့မာ ရှိနေဟှူဇာလေနားဟှို ရော့-က်ဟှို့တွပ် စွမ်းဂူကြိုးစားဟှယ်။ အယ်ကြောန့် ငါဟှာ ဆုဟှိုရဟှို့တွပ် ပန်းတိုင်ဟှို ရှေ့ရှုဘီးဟှာ ပ္လေးဟှယ်။ အယ်ဆုဟှာ ထတ်ရပ်မာ သတ်ရှင်ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ဘုရားသခင်ဟှ ဖိခေါ်ဇာဘဲ့ ဖြစ်ဟှယ်။
ပန်းတိုင်ဟှိုကေ့ဘီး ပ္လေးဟှူကြောန်း
ငါဟှာ အောန်မြင်ဘီးဟှာ ပြစ်မှေ့ဟှ ဆိုဇာဟှို ပြောရှင်ဇာ မှုဟှ။ အယ်ဘေမဲ့ အယ်ဆုဟှို ငါ့ဟှိုပေးဟှို့တွပ် ယေရှုခရစ်တော်ဟှာ ငါ့ဟှို ဆွဲခေါ်ဘီး ရဟှားဟှူကြောန့် ငါဟှာ အယ်ဆုဟှို ရနိုင်ဟှို့တွပ် ကြိုးစားဘီးနေဟှယ်။ ညီကို မောန်နှမလေ၊ ငါဟှာ အယ်ဆုဟှို ရဟှားဟှယ် ဆိုဘီး ထန်ဟှ၊ ငါလောက်ဟှူ တခုဒဲဖြစ်ဟှူဇာဟှ ငါ့နော့-က်မာ ရှိနေဟှူဇာလေဟှို မေ့ပစ်ဘီးဟှာ ငါ့ရှေ့မာ ရှိနေဟှူဇာလေနားဟှို ရော့-က်ဟှို့တွပ် စွမ်းဂူကြိုးစားဟှယ်။ အယ်ကြောန့် ငါဟှာ ဆုဟှိုရဟှို့တွပ် ပန်းတိုင်ဟှို ရှေ့ရှုဘီးဟှာ ပ္လေးဟှယ်။ အယ်ဆုဟှာ ထတ်ရပ်မာ သတ်ရှင်ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ဘုရားသခင်ဟှ ဖိခေါ်ဇာဘဲ့ ဖြစ်ဟှယ်။
အယ်ကြောန့် ဝိညာဉ်ရေးရာမာ ကီးထွားလူလေဟှာ အယ်မျိုးစိသဘောလေ ရှိသင့်ဟှယ်။ တချို့လေဟှ တူဘဲဟှူ စိသဘောရှိမယ် ဆိုဟှာ ဘုရားသခင်ဟှ အယ်ဇာဟှို ရှင်းရှင်းလန်းလန်းဟှား ဖော်ပြပေးလေ့မယ်။
ခရစ်တော်နှိုက် တလောင်းတဝဒဲ ရှိဟှူလူဟှာ သတ္တဝါသစ် ဖြစ်ဟှယ်။ သူဟှာ ဘဝဟောန်းဟှို စွန့်ဘီးဟှာ ဘဝသစ်ဟှို ဝမ်စားဟှယ်။
သတ်ရှင်ဟှူ မျှော်လင့်ရှင်းကြောန်း
နို့လေ သခင်ယေရှုခရစ်ရဲ့ ဖ ဘုရားသခင်ဟှာ မင်္ဂလာရှိပါစေ။ ကိုယ်တော်ဟှာ သူ့ရဲ့ ကီးမြတ်ဟှူ ကရုဏာတော်န ယေရှုခရစ်တော်ဟှို သေရှင်းဟှနေ ရှင်ပ္လန်ထမြော့-က် စေရှင်းအားဖြင့် နို့လေဟှို သတ်ရှင်ဟှူ မျှော်လင့်ရှင်းန
အယ်မူဇာဂူလောင်းထတ်မာ စောင်လင်ဟှူ ဖွဲ့စည်းဖြစ်ဟှူ ရှစ်ရှင်းမြစ်တာဟှို ထပ်ဘီးဟှာ ယူတန်ဝတ်ဆောန်ဂေ့ပါ။ နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ရဲ့ ငြီသတ်ရှင်း အောက်စိုးစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ အယ်မူငြီသတ်ရှင်း ခံစားရဟှို့တွပ် ကိုယ်ခန္ဓာ တခုဒဲထဲဟှို ခေါ်ဟှားတော်မူရှင်းဟှို ခံရဟှူကြောန့် ကျေးဇူးသိတတ်ဟှူ စိရှိဂေ့ပါ။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇာတိဖခင်လေဟှာ သူးနို့ကောန်းမယ်ဆိုဘီး ထန်ဟှူတိုင်း ရှစ်ဟှားဘဲ့ ဆောင်းမပေးတတ်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ သန့်ရှင်းရှင်း ပါရမီတော်ဟှို နို့လေခံစားရဟှို့တွပ် နို့လေရဲ့ ကျိုးဟှို ထော့-က်ဘီး ဆောင်းမပေးတော်မူဟှယ်။ ဆောင်းမခံရဟှူ ဇာလေဟှာ ခံရဟှူ ခီမာ ဝန်းသာရမယ့် ကြောန်းရာ ဖြစ်ဟှယ် ဆိုဘီး ထန်ဘဲန ဝန်းနဲဇာ ဖြစ်ဟှယ် ဆိုဘီး ထန်တတ်လေဟှယ်။ အယ်ဘေမဲ့လည်း ဆောင်းမခံရဟှူ သူလေဟှာ နော့-က်မှ ငြီသတ်ရှင်းန စပ်ဆိုင်ဟှူ ဖြောန့်မတ်ရှင်း ကျိုးဟှို ခံစားရဂေ့လေဟှယ်။
ဝါကြွားဘဲဟှို့တွပ် ဒိပေးကြောန်း
"အယ်နေ့မှုဘဲနေဟှာ နတ်ကီးတိုင်ဟှာ အယ်ဗြို့ဟှို နို့လေသွားဘီး တနှစ်လော့-က်နေဂေ့ဇို့။ အယ်ဗြို့မာ ကူသယ်လောက်ဘီး ကပ်လေဘောင်ဂီးရှာဂေ့ဇို့" ဆိုဘီး နန်းနို့ထဲဟှ တချို့ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ ငါပြောဇာဟှို နားထောန်ဂေ့။ နန်းနို့ဟှာ နတ်ကီးတိုင်ဟှာ ဖယ်မျိုးဖြစ်မယ် ဆိုဇာ သိနိုင်ဂေ့ဟှ။ နန်းနို့သတ်ဟှာ ရှစ်ဟှားပေါ်လာဘီးန ပျော့-က်ဟှားတတ်ဟှူ မီးခိုးနတူဟှယ်။ "ဘုရားသခင် လိုတော်ရှိမယ် ဆိုဟှာ နို့လေဟှာ သတ်ရှင်ဘီး အယ်မှုလေဟှို အယ်မျိုးလောက်မယ်။ အယ်မျိုးလောက်ဂေ့ဇို့" ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။ ခုနန်းနို့ဟှာ မာန်မာနကီးဘီး ဝါကြွားတတ်ဂေ့ဟှယ်။ အယ်မျိုးဝါကြွားဇာဟှာ ပြစ်ဖြစ်ဟှယ်။
အယ်ကြောန့် ကောန်းဟှူကျင့်ဟှို သိဘီးဟှာ လောက်ဘဲနေဟှူလူဟှာ ပြစ်ရှိဟှယ်။