Pular para o conteúdo
Publicidade

Arca da aliança

Por Bíblia Online  - 

A Arca da Aliança guardava as tábuas da lei e lembrava a aliança firme entre Deus e seu povo. Mais do que um objeto histórico, ela apontava para a realidade da habitação divina junto aos seres humanos.

As Escrituras mostram como esse símbolo sagrado foi construído e posicionado no tabernáculo. Você pode ler os relatos exatos sobre as medidas, os materiais e o significado desse lugar onde o Criador escolheu manifestar a sua presença.

A Arca da Aliança era o símbolo mais sagrado de Israel — representava a presença de Deus no meio do seu povo. Sobre ela brilhava a glória do Senhor entre os querubins.

အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို၊ အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ သေ​တ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။ သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။ ရွှေ​လေး​ကွင်း​ကို​သွန်း၍၊ သေ​တ္တာ​လေး​ထောင့်၌ တစ်​မျက်​နှာ​နှစ်​ကွင်း​စီ တပ်​ရ​မည်။ အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​ပြီး​မှ၊ သေ​တ္တာ​ထမ်း​စ​ရာ​ဖို့​တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း​ထဲ​သို့ လျှို​ထား​ရ​မည်။ ထို​ထမ်း​ပိုး​ကို​လည်း သေ​တ္တာ​ရွှေ​ကွင်း​ထဲ​က​မ​နုတ်၊ အ​စဉ်​ရှိ​စေ​ရ​မည်။ ငါ​ပေး​သော​သက်​သေ​ခံ​ချက်​ကို၊ ထို​သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။

အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို​လည်း ရွှေ​နှင့်​လုပ်​ရ​မည်။ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​ရ​မည်။ ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို သေ​တ္တာ​ဖုံး​ကိုယ်​ထဲ​က​ထုတ်၍၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌ တစ်​ဖက်​တစ်​ပါး​စီ​လုပ်​ပြီး​လျှင်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်၍၊ သေ​တ္တာ​ဖုံး​ကို​ရှု​လျက်၊ မိ​မိ​အ​တောင်​ကို​ဖြန့်၍ သေ​တ္တာ​ဖုံး​ကို​မိုး​ရ​မည်။ သေ​တ္တာ​အ​ဖုံး​ကို သေ​တ္တာ​ပေါ်​မှာ​တင်​ရ​မည်။ ငါ​ပေး​သော သက်​သေ​ခံ​ချက်​ကို​လည်း သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။(ထွက်မြောက်ရာ 25:10-21)

ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။

(ထွ၊ ၃၇:၁၀-၁၆)(ထွက်မြောက်ရာ 25:22)

တစ်​ဖန် ဗေ​ဇ​လေ​လ​သည်၊ အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍၊(ထွက်မြောက်ရာ 37:1)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​ဆောက်​ရ​မည်။ တဲ​တော်​အ​ထဲ​၌၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို သွင်း​ထား၍၊ အ​တွင်း​ကု​လား​ကာ​ဖြင့် ကွယ်​ကာ​ရ​မည်။(ထွက်မြောက်ရာ 40:1-3)

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သက်​သေ​ခံ​ချက်​ကို သေ​တ္တာ​ထဲ​မှာ သွင်း​ထား၍၊ သေ​တ္တာ​ကွင်း​တို့၌ ထမ်း​ပိုး​ကို​လျှို၍၊ သေ​တ္တာ​ပေါ်​အ​ဖုံး​ကို​တင်​ပြီး​မှ၊ သေ​တ္တာ​ကို တဲ​တော်၌​သွင်း၍ ကွယ်​ကာ​ရာ​အ​တွင်း​ကု​လား​ကာ​ကို ကာ​ထား​သ​ဖြင့်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို ကွယ်​ကာ​လေ၏။(ထွက်မြောက်ရာ 40:20,21)

မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ခေ​ရု​ဗိမ်​နှစ်​ပါး​ကြား​မှာ၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်၌ တင်​သော အ​ဖုံး​အ​ထက်​က၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သံ​ကို မော​ရှေ​သည်​ကြား၍ ထူး​လေ၏။(တောလည်ရာ 7:89)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။ သူ​တို့​သည် နေ့​အ​ချိန်၌​တပ်​ချီ၍ သွား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​တိမ်​သည် သူ​တို့​အ​ပေါ်​မှာ​ရှိ​လေ၏။ သေ​တ္တာ​တော်​သွား​သော​အ​ခါ၊ မော​ရှေ​က အို​ထာ​ဝ​ရ​ဘု​ရား​ထ​တော်​မူ​ပါ။ ကိုယ်​တော်၏​ရန်​သူ​တို့​သည် လွင့်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​မှ​ပြေး​ကြ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊သေ​တ္တာ​တော်​မ​သွား​ဘဲ ရပ်​နေ​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ထောင်​အ​သောင်း​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ဆို​လေ့​ရှိ၏။(တောလည်ရာ 10:33-36)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ပြီး​မှ၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဣ​သ​ရေ​လ​ဆယ်​နှစ်​မျိုး၌ မင်း​ပြု​သော​သူ​အ​သီး​အ​သီး​ပေး​ရ​သော လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို​ယူ၍၊ လူ​တိုင်း​အ​မည်​ကို သူ့​လှံ​တံ​ပေါ်​မှာ ရေး​ထား​လော့။ လေ​ဝိ​အ​မျိုး၏​လှံ​တံ​ပေါ်​မှာ အာ​ရုန်​အ​မည်​ကို ရေး​ထား​လော့။ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ​ရှိ​ရ​မည်။ ထို​လှံ​တံ​တို့​ကို ငါ​ဗျာ​ဒိတ်​ပေး​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ သက်​သေ​ခံ​ချက်​ရှေ့​မှာ တင်​ထား​လော့။ ငါ​ရွေး​ကောက်​သော​သူ၏ လှံ​တံ​သည် အ​ပွင့်​ပွင့်​လိမ့်​မည်။ ထို​သို့​ပြု​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်၌​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို နောက်​တစ်​ဖန် ငါ​နား​မ​ငြီး​ရာ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍၊ မင်း​အ​ပေါင်း​တို့​သည် ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ မင်း​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို ပေး​ကြ၏။ အာ​ရုန်၏​လှံ​တံ​သည် လှံ​တံ​များ၌​ပါ​သ​တည်း။ မော​ရှေ​သည် ထို​လှံ​တံ​တို့​ကို သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တင်​ထား​လေ၏။ နက်​ဖြန်​နေ့၌ သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း​သို့ မော​ရှေ​ဝင်​သော​အ​ခါ၊ လေ​ဝိ​အ​မျိုး​နှင့်​ဆိုင်​သော အာ​ရုန်၏​လှံ​တံ​သည် အ​ရွက်​ထွက်​လျက်၊ ငုံ​လျက်၊ ပွင့်​လျက်၊ ဗာ​တံ​သီး​ကို​သီး​လျက် ရှိ၏။ မော​ရှေ​သည် လှံ​တံ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​သို့ ထုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည်​ကြည့်​ရှု၍၊ လူ​တိုင်း​မိ​မိ​လှံ​တံ​ကို ယူ​ပြန်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပုန်​ကန်​သော​သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်၏​လှံ​တံ​ကို သက်​သေ​ခံ​ချက်​ရှေ့၌ ပြန်​ထား၍ အ​မြဲ​ရှိ​စေ​လော့။ ထို​သို့ သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို ငါ​နား​မ​ငြီး​ရာ​ဟု၊မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​ပြု​လေ၏။(တောလည်ရာ 17:1-11)

လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​အံ့​သော​ငှာ၊ တဲ​တို့​မှ​ပြောင်း၍ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​ရှေ့​မှာ​သွား​လျက်၊ ယော်​ဒန်​မြစ်​နား​သို့​ရောက်၍ ခြေ​ဖ​ဝါး​တို့​သည် လျှံ​သော​ရေ​ကို​နင်း​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ထို​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လေ့​ရှိ​သော်​လည်း၊ မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။(ယောရှု 3:14-17)

ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။(ယောရှု 4:18)

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့်၊ ယေ​ရိ​ခေါ​မြို့​သည် ကျပ်​တည်း​စွာ​ပိတ်​ထား​လျက်​ရှိ၍၊ ထွက်​သော​သူ၊ ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။ သို့​ဖြစ်၍ မြို့​ကို​လှည့်​ပတ်​ရ​ကြ​မည်။ ဣ​သ​ရေ​လ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ခြောက်​ရက်​ပတ်​လုံး လှည့်​ပတ်​ခြင်း​အ​မှု​ကို ပြု​ရ​ကြ​မည်။ ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊ လူ​များ​တို့​အား​လည်း၊ သင်​တို့​သွား၍ မြို့​ကို​လှည့်​ပတ်​ကြ​လော့။ လက်​နက်​ကိုင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။(ယောရှု 6:1-7)

ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။(ယောရှု 6:20)

ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​ခင်း​ကျင်း၍ တိုက်​ကြ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​ရှုံး၍ ရန်​သူ​လက်​တွင် သူ​ရဲ​လေး​ထောင်​ခန့်​မျှ သေ​ကြ၏။ လူ​များ​တို့​သည် တပ်​ထဲ​သို့​ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​က၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ အ​ဘယ်​ကြောင့်​ရှုံး​စေ​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် လာ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ ကယ်​တင်​စေ​ခြင်း​ငှာ၊ ရှိ​လော​မြို့​မှ ဆောင်​ခဲ့​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သည်​အ​တိုင်း၊ လူ​များ​တို့​သည် ရှိ​လော​မြို့​သို့ လူ​ကို​စေ​လွှတ်၍၊ ခေ​ရု​ဗိမ်​စပ်​ကြား​မှာ​နေ​သော ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့်​အ​တူ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် ပါ​ကြ၏။ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် တပ်​ထဲ​သို့ ရောက်​သော​အ​ခါ၊ မြေ​ကြီး​အ​သံ မြည်​သည်​တိုင်​အောင် တပ်​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​ကြ၏။ ကြွေး​ကြော်​သံ​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဟေ​ဗြဲ​တပ်၌​ပြု​သော ကြွေး​ကြော်​သံ​ကြီး​ကား အ​ဘယ်​သို့​နည်း​ဟု မေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ထို​တပ်​ထဲ​သို့​ရောက်​ကြောင်း​ကို သိ​ကြ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် ကြောက်၍၊ ဘု​ရား​သ​ခင်​သည် ဟေ​ဗြဲ​တပ်​ထဲ​သို့ ရောက်​လေ​ပြီ​တ​ကား။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တစ်​ခါ​မျှ ဤ​သို့ မ​ဖြစ်​စ​ဖူး။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တန်​ခိုး​ကြီး​သော ဤ​ဘု​ရား​သ​ခင်၏​လက်​မှ ငါ​တို့​ကို အ​ဘယ်​သူ ကယ်​တင်​လိမ့်​မည်​နည်း။ တော၌ အဲ​ဂု​တ္တု​လူ​တို့​ကို ဘေး​အ​ပေါင်း​နှင့် ဒဏ်​ခတ်​သော​ဘု​ရား​ကား၊ အ​ခြား​မ​ဟုတ် ဤ​ဘု​ရား​ပေ​တည်း။ အို ဖိ​လိ​တ္တိ​လူ​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် သင်​တို့​ထံ၌ ကျွန်​ခံ​ရ​သ​ကဲ့​သို့၊ သူ​တို့​ထံ၌ ငါ​တို့​သည် ကျွန်​မ​ခံ​ရ​မည်​အ​ကြောင်း၊ အား​ယူ၍ ယောက်ျား​ပြု​ကြ​လော့။ ယောက်ျား​ပြု၍ တိုက်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှုံး​ပြန်၍၊ လူ​တိုင်း မိ​မိ​နေ​ရာ​သို့ ပြေး​လေ၏။ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​ဖြစ်၍၊ ဣ​သ​ရေ​လ ခြေ​သည်​သူ​ရဲ သုံး​သောင်း​တို့​သည် သေ​ကြ၏။ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်၍၊ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် အ​သက်​ဆုံး​လေ၏။(၁ ဓမ္မရာဇဝင် 4:2-11)

အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။ အာ​ဇုတ်​မြို့​သား​တို့​သည် ထို​အ​မှု​ကို​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့် ငါ​တို့​ဘု​ရား​ဒါ​ဂုန်​အ​ပေါ်​မှာ လေး​သော​လက်​တော်​ကို တင်​တော်​မူ​သည်​ဖြစ်၍၊ ထို​ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ငါ​တို့​တွင်​မ​ရှိ​စေ​ရ​ဟု​ဆို​လျက်၊ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။ ထို​မြို့​သို့​ဆောင်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ထို​မြို့၌ ကြီး​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို​ပြု၍၊ မြို့​သူ​မြို့​သား အ​ကြီး​အ​ငယ်​တို့​ကို ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ကိုယ်​အ​တွင်း၌ မြင်း​သ​ရိုက်​အ​နာ​ကို ခံ​ရ​ကြ၏။ တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​သည် ငါ​တို့​နှင့်​ငါ​တို့​လူ​များ​ကို မ​သတ်​စေ​ခြင်း​ငှာ လွှတ်​လိုက်​ကြ​ကုန်​အံ့၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ သွား​ပါ​လေ​စေ​ဟု ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လွန်​လေး​သော လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ တစ်​မြို့​လုံး​သေ​စေ​တတ်​သော အ​နာ​ရော​ဂါ နှံ့​ပြား​လေ၏။(၁ ဓမ္မရာဇဝင် 5:6-11)

ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​လ​နေ​ပြီး​မှ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​လုပ်​သူ​များ​တို့​ကို ခေါ်၍ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ သူ​နေ​ရင်း​အ​ရပ်​သို့ အ​ဘယ်​သို့​သော ပူ​ဇော်​သ​ကာ​နှင့် လွှတ်​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​ကြ၏။ သူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို လွှတ်​လိုက်​လျှင် ကိုယ်​ချည်း မ​လွှတ်​လိုက်​ကြ​နှင့်။ ဒု​စ​ရိုက်​ပူ​ဇော်​သ​ကာ​ကို ဆက်​ဆက်​ပေး​လိုက်​ရ​မည်။ သို့​ပြု​လျှင် ရော​ဂါ​ငြိမ်း​လိမ့်​မည်။ အ​ဘယ်​ကြောင့် လက်​တော်​မ​ရွေ့​သေး​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု ဆို​ကြ၏။(၁ ဓမ္မရာဇဝင် 6:1-3)

လူ​များ​တို့​သည် ပြု​သ​ဖြင့်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ၌ ချုပ်​ထား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​နှင့်​တ​ကွ ရွှေ​ကြွက်​များ၊ မြင်း​သ​ရိုက်​ပုံ​များ​ပါ​သော သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ တင်​ကြ၏။ နွား​မ​တို့​သည် ဗက်​ရှေ​မက်​လမ်း​သို့ တည့်​တည့်​လိုက်၍ မြည်​တွန်​လျက် သွား​ကြ၏။ လက်​ယာ​ဘက် လက်​ဝဲ​ဘက်​သို့​မ​လွှဲ လမ်း​မ​သို့​သာ လိုက်​ကြ၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဗက်​ရှေ​မက်​မြို့​နယ်​တိုင်​အောင် လိုက်​ကြ၏။ ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ချိုင့်၌ ဂျုံ၊ စ​ပါး​ကို​ရိတ်​လျက် မျှော်​ကြည့်၍ သေ​တ္တာ​တော်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ လှည်း​သည် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်​ထဲ​သို့ ဝင်၍ ကျောက်​ကြီး​အ​နား​မှာ ရပ်​နေ၏။ ထို​သူ​တို့​သည် လှည်း​ကို​ချိုး​ခွဲ​ပြီး​လျှင် နွား​မ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ကြ၏။

ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့် ရွှေ​တန်​ဆာ​ပါ​သော သေ​တ္တာ​ကို​ချ၍ ကျောက်​ကြီး​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထို​နေ့​ချင်း​တွင် မီး​ရှို့​ရာ​ယဇ်​မှ​စ၍ ယဇ်​မျိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။(၁ ဓမ္မရာဇဝင် 6:10-15)

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ဆောင်​သွား​သ​ဖြင့်၊ တောင်​ပေါ်​မှာ​ရှိ​သော အ​ဘိ​န​ဒပ်​အိမ်၌​ထား၍ သေ​တ္တာ​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ သူ၏​သား​ဧ​လာ​ဇာ​ကို သန့်​ရှင်း​စေ​ကြ၏။

သေ​တ္တာ​တော်​သည် အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး ကြာ​မြင့်​စွာ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၌​ရှိ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အောက်​မေ့၍ မြည်​တမ်း​ကြ၏။(၁ ဓမ္မရာဇဝင် 7:1,2)

ထာ​ဝ​ရ​ဘု​ရား​သည် သေ​တ္တာ​တော်​ကြောင့် ဩ​ဗ​ဒေ​ဒုံ​နှင့် သူ၌​ရှိ​သ​မျှ​ကို ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး​ကြား​သော​အ​ခါ၊ တစ်​ဖန်​သွား၍ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဒါ​ဝိဒ်​မြို့​သို့ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​သော​သူ​တို့​သည် ခြောက်​လှမ်း​သွား​ပြီး​မှ၊ နွား​နှင့် ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​လေ၏။ ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။ ထို​သို့​ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ တံ​ပိုး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။(၂ ဓမ္မရာဇဝင် 6:12-15)

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​သ​နိမ်​အ​မည်​ရှိ​သော သ​တ္တ​မ​လ၌ လုပ်​သော​ပွဲ​အ​တွင်း​တွင် ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ စု​ဝေး​ရောက်​လာ​ကြ၏။ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍ သန့်​ရှင်း​သော​တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။ ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်။ အ​တိုင်း​မ​သိ​များ​စွာ​သော သိုး​နွား​တို့​ကို သေ​တ္တာ​တော်​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့​သွင်း၍၊ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။ ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​နှစ်​ဖက်​ကို သေ​တ္တာ​တော်​နေ​ရာ​အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ထမ်း​ပိုး​တို့​ကို ဆွဲ​ထား​သ​ဖြင့် ထမ်း​ပိုး​ဖျား​တို့​သည် ပြင်​ခန်း၌​မ​ထင်။ သန့်​ရှင်း​ရာ​ဌာ​န၊ ဗျာ​ဒိတ်​ဌာ​န​တော်၌​သာ​ထင်၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​လျက် ရပ်၍ မ​နေ​နိုင်​ကြ။(၃ ဓမ္မရာဇဝင် 8:1-11)

အို ဖောက်​ပြန်​သော သူ​ငယ်​တို့၊ ပြန်​လာ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည် သင်​တို့​ကို ရွံ​ရှာ​ဖူး​သော်​လည်း၊ သင်​တို့​မြို့​များ​ထဲ​က တစ်​မြို့​လျှင် လူ​တစ်​ယောက်၊ အ​မျိုး​သား​ချင်း​အ​စု​စု​ထဲ​က တစ်​စု​လျှင် လူ​နှစ်​ယောက်​ကို ရွေး​ယူ၍ ဇိ​အုန်​မြို့​သို့ ပို့​ဆောင်​မည်။ ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။ ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။(ယေရမိ 3:14-16)

တစ်​နည်း​ကား၊ ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည် ဝတ်​ပြု​ရာ​စီ​ရင်​ချက်​နှင့်​လည်း​ကောင်း၊ လော​ကီ​သန့်​ရှင်း​ရာ ဌာ​န​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဟ​ဂျာ​ဟု​ခေါ်​ဝေါ်​သော ပ​ထ​မ​တဲ​တော်​သည်၊ ဆီ​မီး​ခုံ၊ စား​ပွဲ၊ ရှေ့​တော်​မုန့်​နှင့် ပြင်​ဆင်​လျက်​ရှိ၏။- ဒု​တိ​ယ​ကု​လား​ကာ​အ​တွင်း၌၊ ဟ​ဂျာ​ဟ​ဂျုန်​ဟု ခေါ်​ဝေါ်​သော တဲ​တော်​ရှိ၏။- ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။- ထို​သေ​တ္တာ​ပေါ်​မှာ ဘုန်း​ကြီး​သော ခေ​ရု​ဗိမ်​တို့​သည် အ​ပြစ်​ဖြေ​ရာ​ပ​လ္လင်​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ထို​အ​ရာ​များ​ကို ယ​ခု သေ​ချာ​စွာ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။(ဟေဗြဲ 9:1-5)

တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-(ဗျာဒိတ် 11:19)

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.