Arca da aliança
A Arca da Aliança era o símbolo mais sagrado de Israel — representava a presença de Deus no meio do seu povo. Sobre ela brilhava a glória do Senhor entre os querubins.
မြီကြီးနှင့်ဆိုင်သော ကိုးကွယ်ခြင်းနှင့် ကောင်းကင်နှင့်ဆိုင်သော ကိုးကွယ်ခြင်း
ပထမပညတ်တော်၌ ဝတ်ပြုခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် မြီကြီးနှင့်ဆိုင်သော ဝတ်ပြုရာ နီရာတစ်ခုလည်း ဟိလေ၏။ တဲတော်၌ သန့်ယှင်းသောနီရာ ဟုခေါ်သော ပထမအခန်း၌ ဆီမီးခွက်တင်ခုံ၊ စားပွဲနှင့် ဘုရားသခင်ကို ပူဇော်ထားသောမုန့် ဟူ၍ ဟိကြ၏။ ဒုတိယ ကန့်လန့်ကာ၏နောက်တွင် အသန့်ယှင်းဆုံးသောနီရာဟု ခေါ်သောအခန်း ဟိ၏။ ထိုအခန်းထဲတွင် အမွှီးနံ့သာများကို ထွန်းညှိပူဇော်ထားသည့် ရွှီပလ္လင်တော်၊ ရွှီဖြင့်ပြုလုပ်ထားသော ပဋိညာဉ်သေတ္တာတော်၊ မန္နမုန့်ကို ထည့်ထားသော ရွှီအိုး၊ အဖူးအညွန့်များ ထွက်လျက်ဟိသော အာရုန်၏တောင်မွိ့နှင့် ပညတ်တရားတော်များကို ရီးထားသော ကျောက်ပြားနှစ်ချပ် စသည့်အရာများသည် ဟိကြ၏။ သေတ္တာ၏အထက်တွင် ခေရုဗိမ်ရို့သည် ဘုရားသခင်၏ဘုန်းတော်ကို ဖော်ညွှန်းလျက်ဟိကြ၏။ ထိုခေရုဗိမ်ရို့သည် အပြစ်ဖြေရာနီရာ အထက်က သူရို့၏အတောင်များကို ဖြန့်မိုးထားကြ၏။ သို့ရာတွင် ဤအရာများကို အဂု အသေးစိပ်ပြောပြ၍ မရနိုင်ပေ။
ထိုအခါ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်တံခါးသည် ပွင့်လာသဖြင့် ဗိမာန်တော်ထဲ၌ ပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထို့နောက် လျှပ်စစ်များ ပြက်ခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးစွာသောမိုးသီးမုန်တိုင်း ကျရောက်ခြင်းများ ဖြစ်လေ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.