Arca de noé
A arca de Noé é história de salvação e fidelidade. Deus instruiu Noé a construir a arca para salvar sua família e os animais do dilúvio — exemplo supremo de obediência e fé.
နောဧဟှာ ဗြင်ရသေးဘဲဟှူ မှုရာလေဟှို ဖော်ပြဟှူ ဗျာဒိတ်တော်ဟှို ခံရဘီးမှ ယောင်ကြည်ရှင်းအားဖြင့် ကြော့-က်ရွံ့ဟှူ စိရှိဟှူကြောန့် သူ့ရဲ့ အီသူအီသားလေဟှို ကယ်တန်ဟှို့တွပ် သန်းဖောဟှို ဆော့-က်လေဟှယ်။ အယ်မူ ယောင်ကြည်ရှင်းအားဖြင့် လောကသားလေရဲ့ ပြစ်ဟှို စီရင်ဘီးဟှာ ယောင်ကြည်ရှင်းန ယှဉ်ဟှူ ဖြောန့်မတ်ရှင်းဟှို မွီခံရလေဟှယ်။
အယ် ဝိညာဉ်လေဟှာ ရှေးကာလဟှ နောဧလတ်ထတ်မာ လူနဲစုဖြစ်ဟှူ လူရှစ်ယော့-က်ဟှို ရေအားဖြင့် ကယ်ဆယ်ဟှူ သန်းဖောဟှို ဆော့-က်လောက်ဟှူ ခီမာ ဘုရားသခင်ဟှာ စိရှယ်ရှယ်န စောန့်ဟှူလည်းဘဲ့ နားထောန်ဘဲဟှူ ဝိညာဉ်လေ ဖြစ်ဟှယ်။ အယ်မျိုး ဥပမာတိုင်းဘဲ့ ခုခီမာ ဗတ္တိဇံဟှာ ယေရှုခရစ် ထမြော့-က်တော်မူရှင်းအားဖြင့် နို့လေဟှို ကယ်တန်လေဟှယ်။ ဗတ္တိဇံဆိုဟှူဇာဟှာ ကိုယ်ကာယရဲ့ ညစ်ကြေးဆေးရှင်းဟှို ဆိုလိုဇာမှုဟှ။ ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကောန်းကောန်းကြည်လင်ဘီး ဘုရားသခင်ရှေ့မာ ဝန်ခံရှင်းဟှို ဆိုလိုဇာဖြစ်ဟှယ်။ အယ်သခင်ဟှာ ကောန်းဂန်ဘောင်ဟှို ကြွဝမ်တော်မူဘီး ကောန်းဂန်တမန်လေ အာဏာစစ်တဂိုးလေဟှို အောက်စိုးဘီး ဘုရားသခင်ရဲ့ ညာဖတ်မာ ရှိနေတော်မူလေဟှယ်။
လူ့ရဲ့သား ကြွလာဟှူ ခီဟှာ နောဧရဲ့ နေ့ရစ်လေမျိုးဘဲ့ ဖြစ်လေ့မယ်။ ရေကီးရှင်း ဖြစ်ခန် နေ့ရစ်လေမာ နောဧဟှာ သန်းဖောထဲဟှို ဝမ်ဟှူ နေ့ထိ လူလေဟှာ စားသော့-က်ရင်း၊ မင်္ဂလာဆောန်နေဂေ့ဘီး၊ ရေကီးလာဘီး သူးနို့လေ ဂူလောင်းဟှို သေကြေ ပျစ်စီးဟှားထိတိုင် သူးနို့ဟှာ ဒိလတ်လွတ် နေဂေ့လေဟှယ်။ လူ့ရဲ့သား ကြွလာဟှူ ခီမာလည်း အယ်မျိုးဘဲ့ဖြစ်လေ့မယ်။ အယ်ခီမာ လဲဗ္လန်ထဲမာ လောက်လောက်နေဟှူ လူနှေ့ယော့-က်ထဲဟှ တယော့-က်ဟှို သီးယူဘီးဟှာ တယော့-က်ဟှ ကျန်ရစ်လေ့မယ်။ က္လိဆောင်က္လိနေဟှူ မီးမ နှေ့ယော့-က်ထဲဟှ တယော့-က်ဟှို သီးယူဘီး တယော့-က်ဟှ ကျန်ရစ်လေ့မယ်။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.