Arrependimento
O arrependimento é a porta da graça. A Bíblia declara que Deus não deseja a morte do ímpio, mas que se converta e viva. Arrependei-vos, pois o Reino dos Céus está próximo.
Chamado ao arrependimento
Arrependei-vos, porque o Reino dos Céus está próximo. Quem se arrepende e confessa encontra restauração e perdão.
ထိုအချိန်မှစ၍ ယေသျှုက "ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြလော့" ဟူသော တရားတော်ကို စတင်၍ ဟောကြားတော်မူ၏။
သင်ရို့သည် နောင်တရကြောင်းကို သင်ရို့အကျင့်နှင့် သက်သီ ပြကြလော့။
‘တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားကရုဏာထားခြင်း အကျင့်ကို ငါ ပို၍ နှစ်သက်၏’ ဟူသော ကျမ်းစကားကို နားလည်စီခြင်းငှာ သင်ရို့သည် လား၍ သင်ယူကြလော့။ ငါမူကား ဖြောင့်မတ်သောသူတိကို ခေါ်ခြင်းငှာ လာသည် မဟုတ်၊ အပြစ်သားတိကို ခေါ်ခြင်းငှာ ကြွလာခြင်းဖြစ်၏။"
ထိုသတင်းကောင်းတရားဟူမူကား "ချိန်းချက်တော်မူသော အချိန်ရောက်ယာ၊ ဘုရားသခင်၏ နိုင်ငံတော်သည် အနီးအပါး၌ ဟိယာ။ နောင်တရ၍၊ သတင်းကောင်းတရားကို ယုံကြည်ကြလော့" ဟူ၍ ဖြစ်၏။
သင်ရို့အား ငါဆိုသည်ကား၊ သူရို့က သာ၍ အပြစ်များသည် မဟုတ်။ သင်ရို့လည်း နောင်တမရလျှင် ထိုသူရို့နည်းတူ သီကြီပျက်စီးလိမ့်မည်။
ဖြောင့်မတ်သောလူတိကို ခေါ်ဖို့ ငါလာသည် မဟုတ်၊ အပြစ်လုပ်သောလူတိကို နောင်တရဖို့အတွက်သာ ခေါ်ဖို့ ငါလာ၏" ဟု မိန့်တော်မူ၏။
ပေတရုက၊ "သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊
လူတိသည် အတိတ်ကာလက ဘုရားကို မသိခသည်ကို ဘုရားသခင်သည် အပြစ်မယူခပေ၊ သို့သော်လည်း အဂုတွင် မြီကြီးတစ်ပြင်လုံး၌ ဟိကြကုန်သော လူသားအားလုံးကို မိမိရို့၏အပြစ်မှ နောင်တရကြရန် ဘုရားသခင် မိန့်တော်မူလျက်ဟိ၏။
A graça do arrependimento
Os que eu amo, eu repreendo e disciplino. Arrepende-te! Deus não quer que nenhum se perca — mas que todos cheguem ao arrependimento.
ငါသည် ငါချစ်သော သူအပေါင်းရို့အား ဆုံးမ၍ အပြစ်ဒဏ်ပီးတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်မှု ဟိလော့။ နောင်တ ရလော့။
လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။
Confissão e restauração
Se confessarmos, Ele é fiel e justo. Há alegria no céu por um pecador que se arrepende — o arrependimento abre o caminho da vida.
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
ယင်းနည်းတူ နောင်တမရသော ဂုဏ်သရေဟိသောလူ ကိုးဆယ်ကိုးယောက်ထက် နောင်တရသော အပြစ်သားတစ်ယောက်အတွက် ကောင်းကင်ဘုံ၌ သာ၍ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်လိမ့်မည်ဟု သင်ရို့ကို ငါဆို၏" ဟူ၍ ဖြစ်သတည်း။
ယင်းနည်းတူ အပြစ်သားတစ်ယောက် နောင်တရခြင်းသည် ဘုရားသခင်၏ ကောင်းကင်တမန်ရို့ရှိ့၌ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်၏ဟု သင်ရို့ကို ငါဆိုသတည်း" ဟု မိန့်တော်မူ၏။
ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ထံပါးသို့ ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ်ကျူးလွန်သောသူရို့၊ သင်ရို့၏လက်ကို စင်ကြယ်စီကြလော့။ စိတ်နှစ်ခွဟိသောသူရို့၊ သင်ရို့၏စိတ်နှလုံးကို သန့်ယှင်းစီကြလော့။