Pular para o conteúdo
Publicidade

Ascensão

Por Bíblia Online

Depois de vencer a morte na cruz, Jesus cumpriu sua missão na terra e retornou ao lugar de onde veio. Esse momento marca o fim de seu ministério visível entre os discípulos e o início de um novo tempo para quem crê. Ele não desapareceu no vazio, mas voltou para junto do Pai, reassumindo toda a sua glória.

Para quem fica, essa partida traz esperança e responsabilidade. Saber que Cristo reina acima de tudo nos dá firmeza para caminhar no dia a dia, mesmo diante das lutas. As palavras das Escrituras mostram que a história não terminou naquele monte e lembram que ele mesmo prometeu voltar para buscar o seu povo.

A ascensão de Jesus ao céu é a coroação de sua obra redentora. Ele subiu à destra do Pai, de onde voltará com poder e glória para buscar os seus.

တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။-

ထို​သို့​ကြွ​တော်​မူ​သည်​ကို တ​မန်​တော်​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်​လျက် နေ​ကြ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ဖြူ​စင်​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက် တ​မန်​တော်​တို့​အ​နား​မှာ ပေါ်​လာ၍၊- အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။

ကောင်း​ကင်​သို့​တက်​ကြွ​ခြင်း

ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ခြင်း

ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။-ထို​သို့ ကောင်း​ကြီး​ပေး​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၏။

ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-

ငါ​သည် ခ​မည်း​တော်​ထံ​မှ​ထွက်၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ တစ်​ဖန် ဤ​လော​က​မှ​ထွက်၍ ခ​မည်း​တော်​ထံ​သို့ သွား​ဦး​မည်​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊-

ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-

မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.