Pular para o conteúdo
Publicidade

Autocontrole

Por Bíblia Online

Guardar a própria língua, conter a raiva e resistir aos impulsos diários não são tarefas simples. Na rotina, o cansaço e os imprevistos frequentemente testam os limites da sua paciência.

A Bíblia mostra que essa disciplina interior não nasce da força humana, mas do agir de Deus em você. As palavras sagradas ajudam a moldar o seu coração e a guiar cada atitude com sobriedade e equilíbrio.

O autocontrole é fruto do Espírito e virtude indispensável. A graça de Deus nos ensina a renunciar à impiedade e a viver com sobriedade, domínio próprio e piedade no mundo presente.

Fruto e virtude

O domínio próprio é fruto do Espírito. Acrescentai ao conhecimento o autocontrole. A disciplina interior produz maturidade.

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-

ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ကို​လည်း​ကောင်း၊ ကြီး​မြတ်​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သည် မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊ ယ​ခု​ဘ​ဝ၌ ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-

သူ​တစ်​ပါး​ကို ဆုံး​မ​ပြီး​မှ ကိုယ်​တိုင်​ရှုံး​သော​သူ မ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​ကို​ထိုး၍ နှိပ်​စက်​လေ့​ရှိ၏။

ပွဲ၌​ပြိုင်၍ အ​ချင်း​ချင်း​တိုက်​သော သူ​မည်​သည်​ကား၊ အ​ရာ​ရာ၌ တပ်​မက်​ခြင်း​ကို ချုပ်​တည်း​တတ်၏။ ထို​သူ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး​တတ်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ​ပြု​ကြ၏။ ငါ​တို့​မူ​ကား မ​ညှိုး​နွမ်း မ​ပျက်​စီး​နိုင်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-

လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

Dominar a si mesmo

Melhor é quem domina o seu espírito do que quem toma uma cidade. A cidade sem muros é quem não tem autocontrole.

စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။

ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။

မိုက်​သော​သူ​သည် မိ​မိ​ကြံ​စည်​သ​မျှ​ကို ဖော်​ပြ​တတ်၏။ ပ​ညာ​ရှိ​သော​သူ​မူ​ကား၊ အ​ဆင်​မ​သင့်​မီ ထိမ်​ဝှက်​တတ်၏။

လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။

မိုက်​သော​သူ၏​အ​မျက်​ဒေါ​သ​သည် ချက်​ချင်း​ထင်​ရှား​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ ရှက်​စ​ရာ​အ​မှု​ကို ဖုံး​တတ်၏။

လျှာ​သည် အ​သက်​သေ​ခြင်း​နှင့် ရှင်​ခြင်း​ကို​အ​စိုး​ရ၏။ လျှာ​ကို​နှစ်​သက်​သော​သူ​သည်​လည်း၊ လျှာ၏​အ​သီး​ကို စား​ရ၏။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

ကြား​နာ​ခြင်း​နှ​င့်​ကျ​င့်​သုံး​ခြင်း

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။-

သို့​ဖြစ်၍၊ အ​ခြား​သော​သူ​တို့​သည် အိပ်​ပျော်​သ​ကဲ့​သို့၊ ငါ​တို့​သည် အိပ်​မ​ပျော်​ဘဲ သ​မ္မာ​သ​တိ​ရှိ၍ စောင့်​ကြ​ကုန်​အံ့။-

ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။

ငါ​တို့​သည် ကိုယ်​ပြု​စု​သော​အ​ရာ မ​ပျောက်​မ​ပျက်၊ စုံ​လင်​သော​အ​ကျိုး​ကို ရ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သ​တိ​ပြု၍ စောင့်​ရှောက်​ကြ​လော့။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.