Pular para o conteúdo
Publicidade

Beleza

Por Bíblia Online

O espelho costuma cobrar um preço alto de quem vive tentando alcançar um padrão que muda o tempo todo. A sociedade gasta tempo e dinheiro correndo atrás de uma imagem que se desfaz com os anos, gerando desgaste e frustração para quem se mede por aparências.

Deus olha para um lugar bem diferente quando avalia o valor de alguém. A Escritura mostra que o Criador valoriza o que nasce no coração e permanece, moldando uma identidade que o tempo não consegue apagar e que traz paz verdadeira para a alma.

A verdadeira beleza vem de dentro. A Bíblia ensina que o encanto é enganoso e a formosura é vã, mas a mulher que teme ao Senhor — essa sim merece louvor.

ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သင်​တို့၌ တန်​ဆာ​ဆင်​ခြင်း​မှု​ကား၊ ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​ဆင်​ခြင်း၊ အ​ဝတ်​ဝတ်​ခြင်း​တည်း​ဟူ​သော အ​ပြင်​တန်​ဆာ ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ၊- ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။

ထို​နည်း​တူ၊ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊- ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။

ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။

ဇိ​အုန်​မြို့၏​အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ

သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။

မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​စဉ်​အ​မြဲ​တည်၏​ဟု ဆို​သ​တည်း။

ယုံ​ကြည်​ခြင်း​ဖြ​င့်​အ​သက်​ရှင်​ခြင်း

ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။-

မ​စိုး​ရိမ်​ကြ​နှင့်

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.