Bem
Fazer o bem é mandamento de Deus e expressão prática do amor cristão. A Bíblia convida a praticar o bem a todos, com alegria, sem se cansar — porque colheremos no tempo próprio.
သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။
သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။
ညစ်ညမ်းသော စကားတစ်ခွန်းကိုမျှ သင်ရို့နှုတ်မှ မထွက်စီကေ့။ သူတစ်ပါးအား အကျိုးဟိစီမည့် စကား၊ တည်ဆောက်စရာ ဖြစ်စီသည့် ကောင်းသော စကားကိုသာ ပြောကြလော့။ ထိုသို့ပြုမှသာ သင်ရို့၏စကားကို ကြားရသောသူရို့သည် ကောင်းကျိုးကို ခံစားရလိမ့်မည်။
ယင်းအစား၊ သင်ရို့သည် တစ်ဦးကိုတစ်ဦး သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်ရို့အား ခွင့်ရွှတ်တော်မူသည့်နည်းတူ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ခွင့်ရွှတ်ကြလော့။
ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။
အဆိုးအားဖြင့် အရှုံးမခံဘဲ၊ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။
"ငါရို့၌ ဇာအမှုကိုမဆို ပြုနိုင်ခွင့်ဟိ၏" ဟု သူရို့ဆိုကြသည်အတိုင်း မှန်သော်လည်း အရာခပ်သိမ်းသည် ကောင်းမွန်သည် မဟုတ်။ "ငါရို့တွင် ဇာအမှုကိုမဆို ပြုပိုင်ခွင့်ဟိ၏" ဟု ဆိုသော်လည်း အရာခပ်သိမ်းသည် ငါရို့၏ အကျိုးကို ပြုစုပီးသည် မဟုတ်။
အလွဲမယူကတ်ကေ့။ "အပေါင်းအသင်း မကောင်းလျှင် ကောင်းသောအကျင့်ပင် ပျက်စီးတတ်၏။"
သင်ရို့၏ လိုအပ်သမျှတိကို အစဉ်မပြတ် ရပြီးလျှင် ကောင်းသောအမှု အမျိုးမျိုး၌ ကူညီမစနိုင်ကြစီရန် ဘုရားသခင်သည် သင်ရို့အား လိုအပ်သည်ထက် ပို၍ ပီးနိုင်တော်မူ၏။
မိန်းမရို့သည် တင့်တယ်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ခြင်း၊ ဣန္ဒြေစောင့်ခြင်း၊ ယဉ်ကျေးသိမ်မွိ့ခြင်းနှင့် ပြည့်စုံကြစီခြင်းငှာ ငါသည် အလိုဟိ၏။ သို့ရာတွင် ဆံပင်အလှပျင်ခြင်း၊ ရွှီ၊ ပုလဲ သို့မဟုတ် အဖိုးတန်သည့် အဝတ်တန်ဆာများ ဝတ်ဆင်ခြင်းတိကို ပြုလုပ်ခြင်းငှာ မလိုအပ်ပေ။ သို့ရာတွင် မိန်းမရို့သည် ဘုရားဝတ်၌ မွိ့လျော်၍ ကောင်းမြတ်သောအကျင့်ဖြင့် မိမိကိုယ်ကို တန်ဆာဆင်အပ်၏။
ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
ဤအကြောင်းကြောင့် သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် လည်းကောင်း၊ ကောင်းမြတ်ခြင်းကို အသိပညာဖြင့် လည်းကောင်း၊ အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို သည်းခံနိုင်ခြင်းဖြင့် လည်းကောင်း၊ သည်းခံနိုင်ခြင်းကို ဘုရားဝတ်၌မွိ့လျော်ခြင်းဖြင့် လည်းကောင်း၊ ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။
သို့ဖြစ်၍ ကောင်းသောအမှု၌ သင်ရို့သည် စိတ်အားထက်သန်ကြပါမူ မည်သူသည် သင်ရို့အား ထိခိုက်နိုင်မည်နည်း။
မီးခွက်ထွန်းပြီး တောင်းနှင့် အုပ်ထားသောသူဟူ၍ မဟိ၊ တစ်အိမ်လုံးကို အလင်းရစီခြင်းငှာ မီးခွက်စင်ထက်မှာသာ တင်၍ ထွန်းထားလေ့ဟိကြ၏။ ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။
သင်ရို့၏ အဖဘုရားသည် သနားကြင်နာတော်မူသည့်အတိုင်း သင်ရို့လည်း သနားကြင်နာခြင်း ဟိကြလော့။