Pular para o conteúdo
Publicidade

Bíblia

Por Bíblia Online

Quando você abre as Escrituras, não está lidando com livros comuns, mas com o próprio direcionamento de Deus para a sua vida diária. Cada texto sagrado foi preservado para guiar suas decisões, consolar o seu coração nos momentos difícele dar sabedoria prática para o dia a dia.

Abrir a Bíblia é o caminho seguro para ouvir a voz de Deus sem ruídos. Reserve um momento para ler com atenção o que o Criador revelou nas páginas sagradas e permita que essa mensagem molde a sua mente e o seu caminhar com firmeza.

A Bíblia é a Palavra de Deus — viva, eficaz e mais cortante que espada de dois gumes. Toda Escritura é inspirada por Deus e útil para ensinar, repreender, corrigir e instruir em justiça.

Inspiração divina

Toda Escritura é inspirada por Deus. Homens santos falaram da parte de Deus movidos pelo Espírito Santo.

ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

သင်​သည်​အ​ဘယ်​သူ​ထံ၌ နည်း​ခံ​ခဲ့​ပြီး​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​ပေး​နိုင်​သော ဓ​မ္မ​ကျမ်း​စာ​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ လေ့​ကျက်​သည်​ကို​လည်း​ကောင်း သိ​မှတ်​သည်​နှင့်၊ အ​ထက်​က​သင်၍ နှ​လုံး​သွင်း​မိ​သော အ​ယူ​ဝါ​ဒ၌ တည်​နေ​လော့။- ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-

နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-

ငါ​မ​လာ​မီ​တိုင်​အောင်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ကြိုး​စား၍ ပြု​လော့။-

Poder da Palavra

A Palavra de Deus é viva e eficaz. O céu e a terra passarão, mas as minhas palavras jamais passarão.

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။-

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-

မိုး​ရေ​နှင့် မိုး​ပွင့်​တို့​သည် မိုး​ကောင်း​ကင်​မှ ဆင်း​သက်၍ နောက်​တစ်​ဖန် မ​ပြန်၊ မြေ​သည် မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​စား​သော​သူ​အား အ​စာ​ကို​လည်း​ကောင်း​ပေး​မည်​အ​ကြောင်း၊ မြေ​ကို​စို​စေ​သ​ဖြင့်၊ အ​ပင်​ပေါက်​စေ၍၊ အ​သီး​ကို သီး​စေ​သ​ကဲ့​သို့၊ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။-

ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။-

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​မြဲ တည်၏။ ထို​နှုတ်​က​ပတ်​တော်​သည်၊ သင်​တို့​အား ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ဖြစ်​သ​တည်း။

နှုတ်​က​ပတ်​တော်​ကို​စောင့်​ထိန်း​ခြင်း

လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။

နှုတ်​က​ပတ်​တော်​အ​လုံး​စုံ​တို့​သည် ဟုတ်​မှန်​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​အ​မြဲ တည်​ကြ​ပါ၏။

Estudar e pregar

Os bereanos examinavam as Escrituras diariamente. Procura apresentar-te a Deus aprovado como obreiro que maneja bem a Palavra.

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-

ပေါ​လု​သည် မိ​မိ​ထုံး​စံ​ရှိ​သည်​အ​တိုင်း ထို​ဇ​ရပ်​သို့ ဝင်၍၊ ဥ​ပုသ်​နေ့​သုံး​ရက်​တွင် ကျမ်း​စာ​ကို​အ​မှီ​ပြု၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​သ​ဖြင့်၊- ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။-

ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။- ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။

ကျမ်း​စာ၌ ဖတ်​သော​အ​ချက်​ဟူ​မူ​ကား၊ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ နေ​သ​ကဲ့​သို့ သူ​သည်​နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။-

ဖိ​လိ​ပ္ပု​အား မေး​မြန်း​လျှင်၊ ဖိ​လိ​ပ္ပု​သည် မိ​မိ​နှုတ်​ကို​ဖွင့်၍ ထို​ကျမ်း​စာ​ချက်​ကို အ​စွဲ​ပြု​လျက်၊ ယေ​ရှု၏​အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။-

အ​ကြောင်း​မူ​ကား၊ ဧ​ဇ​ရ​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စစ်​ဆေး စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ သွန်​သင်​ခြင်း​ငှာ​လည်း​ကောင်း သ​ဘော​ကျ​သော​သူ​ဖြစ်၏။

ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊- ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-

ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။- သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။-

Revelação e fidelidade

A Palavra do Senhor veio aos profetas. A graça de Deus se manifestou na Escritura para a salvação de todos.

ဧ​လိ​ယ​နှ​င့်​ဇ​ရ​တ္တ​မြို့​သူ​မု​ဆိုး​မ

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည်​ကား၊

ပေ​သွေ​လ၏​သား ယော​လ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊

ယာကုပ်အ​တွက်မေတ္တာ

ထာ​ဝ​ရ​ဘု​ရား​သည် မာ​လ​ခိ​လက်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သို့ ပေး​လိုက်​တော်​မူ​သော ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊

စ​ကား​တော်​မ​နာ​ခံ​မှု

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဇာ​ခ​ရိ​သို့ ရောက်​လာ​သည်​ကား၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဟေ​ရှာ​ယ​သို့​ရောက်၍၊

ကယ်​နုတ်​မည့်​အ​ကြောင်း​သ​တင်း​ကောင်း

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

Viver pela Palavra

Não só de pão vive o homem. Nada acrescentes nem diminuas. A Palavra é alimento, guia e espada do cristão.

ဘု​ရား​သ​ခင်၏​စ​ကား​တော်​ရှိ​သ​မျှ​သည် စင်​ကြယ်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၌ ဘု​ရား​သ​ခင်​သည် အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ စ​ကား​တော်၌ ထပ်၍​မ​သွင်း​နှင့်။ သို့​ပြု​လျှင် အ​ပြစ်​တင်​တော်​မူ၍၊ သင်​သည် မု​သား​သုံး​သော​သူ ဖြစ်​လိမ့်​မည်။

ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​အား ငါ​သက်​သေ​ခံ​သည်​ကား၊ အ​ကြင်​သူ​သည် ဤ​အ​ရာ​တို့၌​ထပ်၍ အ​သစ်​သွင်း၏။ ဤ​စာ​စောင်၌​ရေး​ထား​သော​ဘေး​ဒဏ်​တို့​ကို ထို​သူ​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​သက်​ရောက်​စေ​တော်​မူ​မည်။-အ​ကြင်​သူ​သည် ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား အ​ချို့​ကို​နုတ်​ပယ်၏။ ဤ​စာ​စောင်၌​ရေး​ထား​သော အ​သက်​ပင်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​နှင့်​လည်း​ကောင်း၊ ထို​သူ​စပ်​ဆိုင်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​နုတ်​ပယ်​တော်​မူ​မည်။-

အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ရှိ

ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် သင်​တို့​ကို ခေါ်​တော်​မူ​သော​သူ​နှင့် ဤ​မျှ​လောက်​မြန်​မြန်​ခွာ၍ သင်​တို့​သည် အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ခံ​ယူ​ကြ​သော​ကြောင့် ငါ​သည်​အံ့​ဩ​ခြင်း​ရှိ၏။- ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။- သို့​သော်​လည်း၊ သင်​တို့​အား​ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် ဟော​ပြော​သော်​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​မှ​လာ​သော ကောင်း​ကင်​တ​မန် ဟော​ပြော​သော်​လည်း​ကောင်း၊ ဟော​ပြော​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ။- တစ်​ဖန်​တုံ၊ သင်​တို့​ခံ​ယူ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ ဟော​ပြော​လျှင်၊ ထို​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​ဟု ငါ​တို့​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ငါ​ထပ်၍​ဆို​သေး၏။-

ငါ​တို့​ချစ်​သော ညီ​ပေါ​လု​သည်၊ မိ​မိ​ခံ​ရ​သော ဉာဏ်​ပ​ညာ​အ​တိုင်း သင်​တို့​အား ရေး၍​ပေး​လိုက်​သော စာ၌​လည်း​ကောင်း၊ သူ​သည် ဤ​အ​ရာ​များ​ကို ပြော၍ စီ​ရင်​သော ဩ​ဝါ​ဒ​စာ​ရှိ​သ​မျှ​တို့၌​လည်း​ကောင်း ပါ​သည်​နှင့်​အ​ညီ၊ ငါ​တို့ သ​ခင်​ဘု​ရား သည်း​ခံ​တော်​မူ​ခြင်း​သည် ကယ်​တင်​မည်​အ​ကြောင်း ဖြစ်​သည်​ဟု မှတ်​ကြ​လော့။- ထို​စာ​တို့၌ ခက်​ခဲ​သော အ​ရာ​အ​ချို့​ရှိ၏။ မ​တတ်​သော​သူ၊ တည်​ကြည်​ခြင်း​မ​ရှိ​သော သူ​တို့​သည်၊ ထို​အ​ရာ​မှ​စ၍ ကြွင်း​သော​ကျမ်း​စာ၏ အ​နက်​ကို မှောက်​လှန်၍၊ ကိုယ်​ကို​ကိုယ် ဖျက်​ဆီး​တတ်​ကြ၏။

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။- လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-သို့​သော်​လည်း၊ လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို နား​ထောင်​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စ​ကား​ဟူ​မူ​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း​ဟု ဆို၏။-သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-

သ​တင်း​ကောင်း​၏​တန်​ခိုး

ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-အ​ဘယ်​သို့​ဖြစ်​သ​နည်း ဟူ​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည်၊ ယုံ​ကြည်​ခြင်း​အ​ဖို့​အ​လို​ငှာ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။

ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။- ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။- ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ ပ​ညာ​တော်​စီ​ရင်​သည်​နှင့်​အ​ညီ၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို မ​သိ​ဘဲ​နေ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သော​သူ​တို့​ကို ဒေ​သ​နာ​တော် မိုက်​မဲ​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ငှာ စေ​တ​နာ​ရှိ​တော်​မူ၏။-

ယု​ဒ​လူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​တတ်​ကြ၏။ ဟေ​လ​သ​လူ​တို့​သည် ပ​ညာ​ကို ရှာ​တတ်​ကြ၏။- ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။- သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။-

ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ၏။ သို့​သော်​လည်း၊ ခ​ရစ်​တော်၏​လက်​ဝါး​ကပ်​တိုင်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ နှုတ်​ပ​ညာ​ကို အ​ခွင့်​မ​ပေး​ဘဲ နေ​တော်​မူ၏။

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.